Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့နယ်အတွင်း NGO၊ INGO အရပ်ဖက်အဖွဲ့အစည်းများ နိုင်ငံရေး ပတ်သက်ခြင်းမပြုရန် သတိပေး

မတူပီမြို့နယ်အတွင်း NGO၊ INGO အရပ်ဖက်အဖွဲ့အစည်းများ နိုင်ငံရေး ပတ်သက်ခြင်းမပြုရန် သတိပေး

0
By Editor on March 20, 2025 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်တွင် ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်ကြမည့် NGO၊ INGO နှင့် အရပ်ဖက် အဖွဲ့အစည်း များအနေဖြင့် နိုင်ငံရေးများ စွက်ဖက်ပါဝင်ပတ်သက်ခြင်း မပြုလုပ်ရန် CDF – မတူပီ၊ တပ်မဟာ – ၂ က ကြိုတင်သတိပေး တားမြစ်လိုက်သည်။

CDF – မတူပီ၊ တပ်မဟာ – ၂ နယ်မြေအတွင်း အရပ်ဖက်အဖွဲ့အစည်းများသည် ပြည်သူ့ဝန်ဆောင်မှု ပေးရာတွင် ချင်းပြည်ကောင်စီ – CC ဟူ၍ ဖြစ်စေ၊ ချင်းညီနောင်အဖွဲ့ – CB ဟူ၍ ဖြစ်စေ ပြောဆိုခြင်း၊ မိမိဆန္ဒမပါဘဲ CC ကိုဖြစ်စေ၊ CB ကိုဖြစ်စေ အတင်းအဓမ္မ ထောက်ခံစေခြင်းများ မပြုလုပ်ရန် မတ်လ ၂၀ ရက် ထုတ်ပြန်၍ တားမြစ်သည်။

ဒေသခံပြည်သူများကို အခွင့်အရေးပေး၍ စည်းရုံးစည်းဝေးခြင်း၊ စည်းလုံးနေသော ရပ်ရွာများကို အဖွဲ့ကွဲစေခြင်းများကိုလည်း မပြုလုပ်ကြရန် သတိပေးထုတ်ပြန်သည်။

အဆိုပါအချက်များကို ပြုလုပ်သော NGO၊ INGO နှင့် အခြားမည်သည့် အဖွဲ့အစည်းမဆို ၊ လူပုဂ္ဂိုလ်မဆို ကြီးလေးသော ပြစ်ဒဏ်ကို ခံရမည်ဖြစ်ကြောင်း တပ်မဟာ – ၂ က ဆိုသည်။

မတူပီမြို့နယ်အတွင်း ဝင်ရောက်ပြီး လုပ်ငန်းဆောင်ရွက်လိုသော NGO၊ INGO များ နှင့် အဖွဲ့အစည်းများအနေဖြင့် CDF – မတူပီ၊ တပ်မဟာ ၂ ၏ တပ်မဟာရုံးတွင် ကြိုတင်အကြောင်းကြားပြီး ခွင့်ပြုချက် ရယူပြီးမှသာ လုပ်ငန်းဆောင်ရွက်ခွင့်ပြုမည်ဟု သိရသည်။

မတူပီမြို့နယ် စစ်ဘေးရှောင်ပြည်သူများ နေရပ်သို့ လွတ်လပ်စွာ ပြန်နိုင်ရေးကို ဦးစာပေး ဆောင်ရွက်လျက်ရှိရာ မိမိတို့ ကျေးရွာ၊ တောတောင်များတွင် ပေါက်ကွဲတတ်သော ပစ္စည်းများ တွေ့ရှိပါက သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များထံ ချက်ချင်းအကြောင်းကြားရန်လည်း မေတ္တာရပ်ခံထားသည်။

မတူပီမြို့နယ်တွင် ချင်းညီနောင်အဖွဲ့နှင့်အတူ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်သည့် CDF – မတူပီ၊ တပ်မဟာ – ၁ နှင့် ချင်း ပြည်ကောင်စီနှင့်အတူ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်သည့် CDF – မတူပီ၊ တပ်မဟာ ၂ ဟူ၍ တည်ရှိနေပြီး နှစ်ဖွဲ့သည် မိမိတို့ ထိန်းချုပ်ရာဒေသတွင် အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.