Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းသင့်ဟုဆို

မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းသင့်ဟုဆို

0
By Editor on September 4, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ်အခြေစိုက် ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည် ဖွဲ့စည်းသင့်ကြောင်း မတူပီမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာလ ၃ ရက်မှာ သတင်းထုတ်ပြန်သည်။

မတူပီမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုအဖွဲ့များ အားလုံး၊ ရပ်မိ/ရပ်ဖများ၊ မြို့မိ/မြို့ဖများ၊ တတ်သိပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ စုပေါင်း၍ စေ့စပ်ညှိနှိုင်းရေးကို အကောင်အထည်ဖော်ပြီး တစုတစည်းတည်း လုပ်ငန်းဆောင်ရွက်နိုင်ရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းသင့်သည်ဟု မတူပီမြို့နယ် – ပအဖ က ထုတ်ပြန်သည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလထဲတွင် ပထမအကြိမ် လူထုညီလာခံကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအသီးသီးနှင့်၊ CDF – မတူပီ တပ်ရင်းများမှ ကိုယ်စားလှယ်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် CDMs၊ CSOs၊ IDPs အဖွဲအစည်းအသီးသီးမှ ကိုယ်စား လှယ် ၈၀ ဦးကျော်ဖြင့် ကျင်းပပြီး မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ဥပဒေကို ပြဌာန်းကာ လူထုရွေးကောက်ပွဲဖြင့် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအထွေထွေညီလာခံကို ကျင်းပပြုလုပ်ရန် စီမံချက်များရေးဆွဲပြီးဖြစ်သော်လည်း စစ်ကောင်စီက စစ်ကြောင်းထိုးခြင်း၊ စခန်းသိမ်းတိုက်ပွဲရှိခြင်း၊ CDF-Matupi တပ်မဟာ ၁ နှင့် ၂ ကွဲပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ဝင်များ နယ်မြေဖြတ်သန်းသွားလာခွင့် ကန့်သတ်ခံရခြင်းတို့ကြောင့် ယနေ့ချိန်ထိ ညီလာခံမကျင်းပနိုင်ပဲရှိနေခဲ့သည်ဟု သိရသည်။

ထိုကဲ့သို့အခြေအနေမျိုးတွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၀ ရက်မှာ CDF- မတူပီ၊ တပ်မဟာ – ၁ က မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကို ပြန်လည်ဖွဲ့စည်းလိုက်ခြင်းသည် ရှိရင်းစွဲ ယခင်ဖွဲ့စည်းထားသော မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် ညှိနှိုင်းဆွေး နွေးမှု မရှိဘဲ ဖွဲ့စည်းသောကြောင့် သက်ဆိုင်မှု မရှိကြောင်း၊ မတူပီမြို့နယ်ထဲရှိ လူထုအားလုံးကို ကိုယ်စားပြုမှု မရှိကြောင်း မတူပီမြို့နယ် ပအဖက ထုတ်ပြန်သည်။

CDF – မတူပီသည် တပ်မဟာ – ၁ နှင့် တပ်မဟာ – ၂ အဖြစ် ကွဲသွားပြီးနောက် မတူပီမြို့နယ်အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မတူပီတမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ရှေ့ရှုလျက် မြို့နယ်ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းပြီး ညှိနှိုင်းရေး ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မတူပီမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုအဖွဲ့များ အားလုံး၊ ရပ်မိရပ်ဖများ၊ မြို့မိမြို့ဖများ၊ တတ်သိပညာရှင်များ၊ တက်ကြွ လှုပ်ရှားသူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများအားလုံး ပါဝင်သော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းသင့်သည်ဟု မတူပီမြို့နယ် – ပအဖ က အကြံပြုထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ CDF – မတူပီ၊ တပ်မဟာ – ၁ မှ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က “အောက်တိုဘာလ (၆) ရက်နေ့ ၂၀၂၃ မှာ သက်တမ်းပြည့်ပြီးတော့ သက်ဆိုင်ရာ ဒေသ/တိုက်နယ်တွေနဲ့ အစည်းအဝေးထိုင်ပြီး သက်တမ်းတိုးခြင်းလည်းမရှိသလို ဥက္ကဌက အစ Mizoram မှာဘဲ နေတော့တာပါ။ ဆက်လက် လုပ်ငန်းမဖော်ဆောင်နိုင်တော့လို့ အလုပ်တကယ်လုပ်တဲ့ မတူပီ ပအဖ ကို ၂၀၂၄/၇/၂၀ ရက်နေ့က တကယ်လုပ်ငန်းလုပ်မယ့် အရပ်ဖက်အုပ်ချုပ်ရေးအဖွဲ့က ဖွဲ့ပြီးသားပါ။ အလုပ်လည်း ဆက် လက်ဖော်ဆောင်နေပါပြီ။ အသက်မဝင်တော့တဲ့ ပအဖ အတွက် အများကြီး ပြောစရာမရှိပါ။ မတူပီ အုပ်ချုပ်ရေးနာမည်တပ်ပြီး Mizoram မှာ အုပ်ချုပ်ရေးလုပ်နေတာ ရှက်စရာလည်းကောင်းပါတယ်” ဟု ပြောသည်။

ချင်းညီနောင် (CB)၊ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) တို့နှင့် စစ်ရေး၊ နိုင်ငံရေး ပူပေါင်းဆောင်ရွက်သော CDF – မတူပီ ၊ တပ်မဟာ – ၁ သည် ဇူလိုင် ၂၀ ရက်က မတူပီမြို့၊ ဆီးနိုက်တိုက်နယ်၊ အိုင်ဒါပ်တိုက်နယ်၊ ထိုင်ဖုမ်းပွီးတိုက်နယ်တို့ကို အခြေခံပြီး မြို့နယ်ပအဖကို ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်သည်။

မတူပီမြို့နယ်အခြေစိုက် CDF မတူပီသည် တပ်မဟာ – ၁ နှင့် တပ်မဟာ – ၂ အဖြစ် နိုင်ငံရေး သဘောထား မတူညီမှုကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ကွဲသွားခဲ့ကြကာ တပ်မဟာ- ၁ သည် ချင်းညီနောင် CB နှင့်ပူးပေါင်းပြီး တပ်မဟာ-၂ သည် ချင်းလဲန်း ကောင်စီ CC နှင့် ပူးပေါင်းခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.