Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မတူပီမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံအနီး လေကြောင်းတိုက်ခိုက်ခံရ
ယခင်ပုံဟောင်း

မတူပီမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံအနီး လေကြောင်းတိုက်ခိုက်ခံရ

0
By Editor on October 14, 2025 Khonumthung

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်ကော်မရှင်တပ်က ယနေ့ မနက်ပိုင်းတွင် ထပ်မံ၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ် သွားကြောင်း ဒေသခံတချို့ထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီသည် မတူပီမြို့ပေါ်ကို ဂျက်ဖိုက်တာ တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ မတူပီပြည်သူ့ဆေးရုံအနီးကို ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

ဗုံး ၂ နှစ်လုံးဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် မတူပီပြည်သူ့ဆေးရုံး ထိခိုက်ပျက်စီးမှုတချို့ ရှိပြီး ပြည်သူများ ထိခိုက် သေဆုံးမှု မရှိကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မတူပီမြို့နယ်ရှိ ချင်းတော်လှန်ရေးအင်အားစုများထံ အသေးစိတ်သိရှိနိုင်ရန် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

အောက်တိုဘာလ ၁၀ ရက်ကလည်း စစ်ကော်မရှင်သည် မတူပီမြို့ပေါ်ရှိ မီးသတ်ရုံးအနီးဝန်းကျင်ကို ပေါင် ၅၀၀ ဗုံး ၂ လုံးအသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အဆောက်အဦးများ ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်မှာလည်း ဟားခါးမြို့၊ Vanha ကျေးရွာ မူလတန်းကျောင်းကို ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်ရာ ကျောင်းသန့်ရှင်းရေး လုပ်နေသော ကလေးငယ်များ ဗုံးထိမှန်ခဲ့ပြီး ကလေးငယ် ၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူများ အများအပြား ရှိခဲ့သည်။

အောက်တိုဘာလ ၈ ရက်က မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာနှင့် ထင်ချောင်းကျေးရွာက စာသင်ကျောင်းနှင့် ဘော်ဒါဆောင်များကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဟားခါးနှင့် မင်းတပ်မြို့နယ်တို့တွင် ကျောင်းများကို ယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း ကြေညာထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.