Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင် မတူပီ တပ်မဟာ – ၁ မှ ရဲဘော် ၅ ဦးကျဆုံး
ဓာတ်ပုံ - Matupi Revolution news

မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင် မတူပီ တပ်မဟာ – ၁ မှ ရဲဘော် ၅ ဦးကျဆုံး

0
By Editor on June 18, 2024 Khonumthung

(006SV)

ချင်းပြည်တောင်ပိုင်းတွင် ချင်းညီနောင် စစ်ဆင်ရေးအဖြစ်ဖော်ဆောင်နေသည့် မတူပီမြို့တိုက်ပွဲများတွင် တစ်ပတ်အတွင်း CDF- မတူပီ၊ တပ်မဟာ – ၁ မှ ရဲဘော် ၅ ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

CDF- မတူပီ၊ တပ်မဟာ – ၁မှ ရဲဘော် ၅ ဦး ကျဆုံးမှုတွင် ဇွန်လ ၁၄ ရက်က ရဲဘော် ၂ ဦးနှင့် ဇွန်လ ၁၇ ရက်က ရဲဘော် ၃ ဦးတို့ ကျဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ဇွန်လ ၉ ရက်မှ စတင်၍ CDF – မတူပီ တပ်မဟာ – ၁၊ ချင်းညီနောင်တပ်ဖွဲ့များ၊ မကွေးအခြေစိုက် Yaw Army (YA) နှင့် အာရက္ခတပ်တော် (ULA/AA) တို့သည် မတူပီမြို့ပေါ်က စစ်ကောင်စီစခန်းများနှင့် တပ်ရင်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယနေ့အထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သတင်းရရှိသည်။

ယင်းတိုက်ပွဲများအတွင်း CDF-Matupi တပ်မဟာ (၁) အဖွဲ့ဝင် ရဲဘော် ဆလိုင်း Salai Lai Thang Boi နှင့် Salai Shwe Lian သည် မတူပီမြို့ စစ်ဆင်ရေး၏ ရှေ့တန်းတစ်နေရာတွင် ကျဆုံးခဲ့ကြောင်း သိရသည်။

ရဲဘော် ဆလိုင်း ပါတူ၊ ရဲဘော် Salai Robert San နှင့် ရဲဘော် Salai Bawi Aa တို့သည်လည်း စစ်အာဏာရှင်တော်လှန်ရေးကို တာဝန်ထမ်းဆောင်ရင်း မတူပီမြို့ ရှေ့တန်းတိုက်ပွဲ တစ်နေရာတွင် ကျဆုံးသွားခဲ့ကြောင်း သိရသည်။

မတူပီမြို့တိုက်ပွဲများနှင့် ပတ်သက်၍ ချင်းညီနောင်အနေဖြင့် သတင်းထုတ်ပြန်ရန် အစီအစဉ်များရှိကြောင်း တာဝန်ရှိသူများက ယနေ့ ဖြေကြားသည်။

ဇွန်လ ၉ ရက်မှ ၁၄ ရက်အထိ တိုက်ပွဲများတွင် ချင်းပူးပေါင်းတပ်များက မတူပီမြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးရုံးများကို သိမ်းပိုက်ထားကြောင်း သိရသည်။

မတူပီမြို့တိုက်ပွဲသည် စစ်ကောင်စီ ကင်းစင်ရေးအတွက်ဖြစ်ပြီး တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိကြောင်း မတူပီ – CDF တပ်မဟာ – ၁ မှ ပြန်ကြားရေးမှူးက ဇွန်လ ၁၄ ရက်က ဖြေကြားထားသည်။

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၃၀၄၊ ၁၄၀၊ ဗျူဟာကုန်းတို့သည် မတူပီမြို့၏ တောင်နှင့် မြောက်တို့တွင် အထိုင်ချ တပ်စွဲထားကြောင်း သိရသည်။

မတူပီမြို့ပေါ်မှ ဒေသခံပြည်သူများသည် တိုက်ပွဲမဖောင်ဆောင်မီကပင် မြို့နယ်အတွင်းက ကျေးရွာများ၊ မကွေးတိုင်းနှင့် အိန္ဒိယဘက်သို့ စစ်ဘေးရှောင်ထားပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း မတူပီ စစ်ဘေးရှောင် တာဝန်ခံက ပြောသည်။

“မတူပီ စစ်ဘေးရှောင်တွေက လိုအပ်ချက်တွေတော့ များတယ်။ အခုထိက ဘယ်အဖွဲ့အစည်းကမှ ထောက်ပံ့မှု ပေးတာ မရှိသေးဘူး။ အရေးပေါ်လိုအပ်ချက်တွေက အမိုးအကာတွေ၊ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ တွေ လိုအပ်ပါတယ်။ ပြီးတော့ အိမ်သာခွက်တွေလည်း လိုအပ်နေပါတယ်” ဟု ၎င်းက ပြောသည်။

မတူပီမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများ၏ စာရင်းများကို လက်ရှိအချိန်အထိ ပြုစုနေရဆဲဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်တွင် ပြည်နယ်လူဦးရေး၏ ထက်ဝက် ၂ သိန်းခွဲခန့်သည် အိုးအိမ်စွန့်ခွာစစ်ဘးရှောင်နေရကြောင်း ချင်းလူ့အခွင့် အရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.