Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမှာ စစ်မှုထမ်းမူဝါဒ စတင်အကောင်အထည်ဖော်နေပြီဟု ကြေညာ

မတူပီမှာ စစ်မှုထမ်းမူဝါဒ စတင်အကောင်အထည်ဖော်နေပြီဟု ကြေညာ

0
By Editor on March 24, 2026 Headline

မိမိတို့ ထိန်းချုပ်နယ်မြေမှ ဒေသခံများ ထွက်ခွာလိုလျှင် တပ်ဖွဲ့ဌာနချုပ်၏ ထောက်ခံစာ လိုအပ်ဟု ဆို

ခိုနူမ်းသုန်သတင်း၊ ၂၄ မတ်လ ၂၀၂၆

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်တွင် စစ်မှုထမ်းမူဝါဒကို လက်ရှိ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တပ်သားသစ် စုဆောင်းမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ကြေညာသည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရက သတ်မှတ်ပြဌာန်းလိုက်သော စစ်မှုထမ်းမူဝါဒအရ ချင်းပြည်ကောင်စီ လက်အောက်ရှိ ကာကွယ်ရေးအဖွဲ့များသည် စစ်အင်အားတည်ဆောက်မှု လုပ်ငန်းစဉ်များကို ယခုစတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု CDF – မတူပီက ယနေ့ မတ်လ ၂၄ ရက်မှာ ထုတ်ပြန်သည်။

“အဓိကက အသက်ပြည့်တဲ့ လူတိုင်းက စစ်မှုထမ်းဖို့ တာဝန်ရှိပါတယ်။ အခုချိန်မှာ ချင်းပြည် လွတ်မြောက် နိုင်ဖို့ရန်အတွက် မည်သူမဆို အကုန်လုံး တာဝန်ရှိတယ်။ ကျနော်တို့ တော်လှန်ရေးက နှစ်တွေ ကြာလေလေ၊ တချို့ပြည်သူတွေက တော်လှန်ရေးအတွက် စိတ်အားထက်သန်မှုက ပိုလျော့လာလေလေ ဖြစ်လာတဲ့အခါကြတော့ အခုလက်ရှိ တော်လှန်ရေး အင်အားတွေ ထပ်ပြီး ဖြည့်တင်းရေးတွေ မလုပ်ရင် ကျနော်တို့မှာ အနာဂါတ်အတွက်လည်း အဆင်ပြေမှာ မဟုတ်ဘူး။ ချင်းပြည်နယ်ကိုလည်း ကောင်းကောင်း ကာကွယ်နိုင်မှာ မဟုတ်ဘူး။ အဲဒီအတွက်ကြောင့် ဒီမူဝါဒကိ ချမှတ်ပြီးတော့ အခု အကောင်အထည်ဖော်ရခြင်းဖြစ်ပါတယ်” ဟု CDF – မတူပီ ပြောရေးဆိုခွင့်ရှိသူ Salai Nai John Kim က ပြောသည်။

အထက်က ညွှန်ကြားလာသော ညွှန်ကြားချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး မိမိတို့ ထိန်းချုပ်နယ်မြေအတွင်းမှ ထွက်ခွာမည်ဆိုပါက ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (ဌာနချုပ်)၏ ထောက်ခံစာဖြင့်သာ ထွက်ခွာနိုင်မည်ဟု သိရသည်။

စစ်မှုထမ်းမူဝါဒနှင့် ကိုက်ညီသော ဒေသခံပြည်သူများအနေဖြင့် အမျိုးသား တာဝန်ထမ်းဆောင်နိုင်ရန်အတွက် CDF – မတူပီထံသို့ လာရောက် ပူးပေါင်းပါဝင်နိုင်ကြရန် အသိပေးထုတ်ပြန်ထားသည်။

“မတူပီဆိုရင် အဓိကက တချို့က စစ်မှုမထမ်းမနေရ ဆိုတဲ့ဟာတွေကို တော်တော်လေ ကြောက်လန့်ပြီးတော့ တပ်ထဲ ဝင်ရရင်တော့ ကိုယ့်သား သေပြီ၊ သေလူအဖြစ် သတ်မှတ်တာ ရှိတယ်။ ဒီဟာတွေက လုံးဝ မဖြစ်သင့်ပါဘူး။ ခိုးကြောင်ခိုးဝှက်နဲ့ ထွက်သွားလို့တော့ မရဘူး။ လူတိုင်းမှာ တိုင်းပြည်ကာကွယ်ဖို့ တာဝန်ရှိတယ်။ အခုက ကျနော်တို့ ကြပ်ကြပ်မတ်မတ်နဲ့ လုပ်ထားမယ်။ ဒီထောက်ခံချက်တွေ မရှိရင်တော့ ပြည်တွင်း၊ပြည်ပ၊ တခြားနေရာတွေ သွားခွင့် မရှိဘူး။ ပိတ်ပင်တာ ဖြစ်တယ်။ တကယ် သူက မနာမကျန်းတာ ဖြစ်တယ်၊၊ မိသားစုအခက်အခဲ ရှိတယ် ဘာညာဆိုရင် အသေးစိတ် စိစစ်ပြီးမှပဲ ထောက်ခံချက်တွေ ပေးရမှာဖြစ်တယ်။ ဒါကြောင့် ဒီထောက်ခံမပါရင်တော့ အကုန်လုံး သွားခွင့်မပြုဘူးဆိုတာပါ” ဟု Salai Nai John Kim က ပြောသည်။

လက်ရှိကာလသည် အာဏာသိမ်းစစ်ကော်မရှင်က ချင်းပြည်နယ်အတွင်း လက်လွတ်ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည် ရယူနိုင်ရန်အတွက် အပြင်းအထန် ထိုးစစ်ဆင်နေသော ကာလဖြစ်သည်အတွက် စစ်မှုထမ်းမူဝါဒကို စတင်ခြင်းဖြစ်သည်ဟု တရားဝင် ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီလ ၁၄ ရက်က ပြုလုပ်သော Defense Coordination Team (DCT) ၏ ပထမ အကြိမ် အစည်းအဝေး (၁/ ၂၀၂၆) ဆုံးဖြတ်ချက် (၁) အရ စစ်မှုထမ်းမူဝါဒကို အတည်ပြု ပြဌာန်းလိုက် ခြင်းဖြစ်ပြီး ချင်းလဲန်းကောင်စီအဖွဲ့ဝင်တိုင်း အကျုံးဝင်ဖော်ဆောင်ရမည်ဟု သိရသည်။

ချင်းပြည်/ချင်းလဲန်းအစိုးရ ကာကွယ်ရေးဌာနအောက်ရှိ CDF – တွန်းဇံ၊ CDF – ထန်တလန်၊ CDF – ဟားခါး၊ CDF-Hualngoram တို့သည်လည်း စစ်မှုထမ်းမူဝါဒကို စတင်အကောင်ထည်ဖော်နေကြောင်း သိရသည်။

ချင်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသတချို့တွင် စစ်မှုထမ်းအကျုံးဝင်သော လူငယ်လူရွယ်များသည် ထွက်ပြေး တိမ်းရှောင်မှုများလည်းရှိနေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အစိုးရသစ် သမ္မတ ဖြစ်လာမည့် မင်းအောင်လှိုင်ကို ဂျာကာတာမှာ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲမည်

ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ စစ်မှုထမ်းမူဝါဒနှင့် တပ်သားစုဆောင်းမှုပုံစံများ ဝေဖန်မှုမြင့်တက်လာ

ZFU/PDF Zoland က စစ်မှုထမ်းကင်းလွတ်ခွင့်ရှိသည့် သင်တန်းဆင်းလူငယ် ၁၇ ဦးကို ဒုတိယအသုတ်အဖြစ် ပြန်လွှတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.