Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမှာ မိမိဆန္ဒမပါဘဲ စစ်မှုထမ်းစေခိုင်းခြင်းများ ဖြစ်ပွားနေဟုဆို

မတူပီမှာ မိမိဆန္ဒမပါဘဲ စစ်မှုထမ်းစေခိုင်းခြင်းများ ဖြစ်ပွားနေဟုဆို

0
By Editor on August 18, 2025 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (MRO/ CDF-MATUPI) ထိန်းချုပ်ဒေသတွင် မိမိဆန္ဒမပါဘဲ အဓမ္မစစ်မှုထမ်းစေခိုင်းခြင်းများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ဩဂုတ်လ ၆ ရက်မှ လက်ရှိအချိန်အထိ မတူပီမြို့နယ်၊ အိုင်ဒါပ်တိုက်နယ်အတွင်းရှိ ခြန်းပြန်း (က)၊ ခြန်းပြန်း (ခ)၊ ဟာလ်တူး၊ ရမ်တိန်းနှင့် မွှင်တုန်ကျေးရွာတွင် MRO/ CDF – မတူပီသည် ဒေသခံပြည်သူများ စစ်မှုထမ်းအမိန့်ဖြင့် အတင်းဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း ပြုလုပ်ခဲ့သည်ဟု အိုင်ဒါပ်တိုက်နယ်အုပ်ချုပ်ရေးအဖွဲ့က ဩဂုတ်လ ၁၃ ရက်မှာ ထုတ်ပြန်သည်။

MRO/ CDF -မတူပီ၏ ဖမ်းဆီးခံထားရသော ကျောင်းသူ/သားများ၊ ကျောင်းဆရာ/ မများ၊ ဘာသာရေး အမှုဆောင်သူများနှင့် လူငယ်လူရွယ်များကို မိမိဆန္ဒမပါဘဲ အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခြင်းကို လုံးဝ ကန့်ကွက်ပါကြောင်း အိုင်ဒါပ်တိုက်နယ်အုပ် ချုပ်ရေးမှူးက လက်မှတ်ထိုးထုတ်ပြန်သည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ဒေသခံအားလုံးကို ဩဂုတ်လ ၁၅ ရက် နောက်ဆုံးထားပြီး ခြွင်းချွက်မရှိ ပြန်လွှတ်ပေးပါရန်လည်း တောင်းဆိုထားသည်။

“MRO/ CDF – မတူပီဟာ သူတို့ ထိန်းချုပ်ဒေသတွေမှာ စစ်မှုထမ်းအမိန့်နဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်နေတာတွေ ရှိတယ်။ ဒါပေမယ့် ဘယ်လိုခေါ်နေသလဲဆိုတာ အသေးစိတ်တော့ မသိဘူး” ဟု မတူပီဒေသခံတစ်ဦးက ပြောသည်။

ယင်းအခြေအနေများကို MRO/ CDF – မတူပီတာဝန်ရှိသူထံ ခိုနူမ်းသုန်က ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

သို့သော်လည်း MRO/CDF-Matupi ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က “ငါတို့ဟာ ဒီမိုကရေစီစနစ်ကရလာမယ့် အခွင့်အရေး (Rights) ကို အာဂုဏ်ဆောင် အလွတ်ရကြပါတယ်။ ဒီမိုကရေစီနဲ့ တွဲကပ်ပါလာတဲ့ ကိုယ်တိုင်ပါဝင် ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရား (Duties) တွေကို ဖွင့်ကိုမဖတ်ကြည့်၊ မလှန်မိတာက ပြဿနာဘဲ။ “အခွင့်အရေး” အရယူချင်ရင် “တာဝန်” စိုက်ထုတ်ဖို့ လိုပါတယ်” ဟု သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။

ဩဂုတ်လ ၁၂ ရက်ကလည်း ချန်းပြန်းရွာ စာသင်ကျောင်းတွင် စာသင်နေသော ကျောင်းသားများကို စစ်မှုထမ်းရန် အယောက် ၃၀ ခန့်ကို MRO/ CDF – မတူပီ က ခေါ်ဆောင်သွားပြီး ယင်းသို့ ခေါ်ဆောင်မှုကို ဝင်ရောက်တားဆီးသည့် ချန်းပြန်းရွာအုပ်ချုပ်ရေးမှူးကိုလည်း MRO/ CDF – မတူပီက ဖမ်းဆီးသွားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ယင်းအခြေအနေများနှင့်ပတ်သက်၍ ခိုနူမ်းသုန်သတင်းဌာနအနေဖြင့်သီးခြားအတည်ပြု၍ မရသေးပေ။

MRO/ CDF – မတူပီက ၎င်းတို့ ခန့်အပ်ထားသည့် ချန်းပြန်းရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကီးကို မတူပီမြို့သို့ ဖမ်းခေါ်သွားသည်ဟု ချင်းဒေသတွင်းသတင်းဌာန ကီမိုဒီယာကလည်း ယနေ့မှာ ရေးသားသည်။

ဟာလ်တူးကျေးရွာက ဒေသခံ ဦးထန်ဟားကိုလည်း စာမှုထမ်းအမည်စာရင်းတွင် ပါဝင်သောကြောင့် ဩဂုတ်လ ၁၀ ရက် နောက်ဆုံးထားပြီး MRO/ CDF – မတူပီထံ သတင်းပို့ရန် စစ်မှုထမ်းဆင့်ခေါ်စာ အမိန့်ကို ဦးထန်ဟားထံ ပေးပို့ထားသည်ဟု သိရသည်။

MRO/ CDF – မတူပီ၏ စစ်မှုထမ်း အမိန့်ဖြင့် ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်မှုများကို တိုက်နယ်အုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးမိသားစု၊ ဘာသာရေးခေါင်းဆောင်များနှင့် ရပ်မိ/ရပ်ဖများ ပူးပေါင်း၍ အရေးပေါ် အစည်းအဝေးကျင်းပခဲ့သည်ဟု သိသည်။

ယင်းအစည်းအဝေးက အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းကို လုံးဝကန့်ကွက်ထားပြီး စစ်မှုထမ်းရန် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသော လူအားလုံးကို ပြန်လွှတ်ပေးရန် ဆုံးဖြတ်ချက်ချမှတ်၍ တောင်းဆိုထားသည်။

၂၀၂၅ ခုနှစ်အတွင်း အခြေခံစစ်ပညာသင်တန်းအပတ်စဉ် ၂ ကို ဖွင့်လှစ်မည်ဖြစ်၍ MRO/ CDF – မတူပီတွင် တာဝန်ထမ်းဆောင်ရန် မျိုးချစ်လူငယ် သင်တန်းသားအသစ်များကို စတင်ခေါ်ယူနေသည်ဟု ဩဂုတ်လဆန်းက CDF – မတူပီက ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.