Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမှ ဆုတ်ခွါခြင်းမရှိဘဲ စစ်ဆင်ရေး ဆက်လက်ဖော်ဆောင်ဟု ဆလိုင်းထက်နီပြော၊ မတူပီတိုက်ပွဲသည် ချင်းလဲန်းကောင်စီတပ်နှင့် ULA/AA တို့ကြားဖြစ်ပွားသည့် တိုက်ပွဲအသွင်ဖြစ်လာနေ

မတူပီမှ ဆုတ်ခွါခြင်းမရှိဘဲ စစ်ဆင်ရေး ဆက်လက်ဖော်ဆောင်ဟု ဆလိုင်းထက်နီပြော၊ မတူပီတိုက်ပွဲသည် ချင်းလဲန်းကောင်စီတပ်နှင့် ULA/AA တို့ကြားဖြစ်ပွားသည့် တိုက်ပွဲအသွင်ဖြစ်လာနေ

0
By Editor on June 28, 2024 Headline

(006SV)

ချင်းပြည်တောင်ပိုင်း၊ မတူပီမြို့စစ်ဆင်ရေးကို ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရလက်အောက်ရှိ ချင်းပူးပေါင်းတပ်များက ဆက်လက်ဖော်ဆောင်နေပြီး လက်ရှိမတူပီမြို့အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများမှာ ချင်းလဲန်းကောင်စီပူးပေါင်းတပ်များနှင့် အာရက္ခတပ်တော် (AA/ULA) တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲဖြစ်လာပြီဟု သိရသည်။

ချင်းညီနောင်အဖွဲ့က ဇွန်လ ၂၄ ရက်ညနေပိုင်းမှစတင်၍ ချင်းလဲန်းကောင်စီတပ်များကို မတူပီမြို့ တိုက်ပွဲအတွင်းမှ မောင်းထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်များက မဆုတ်ခွာပဲ စစ်ဆင် ရေးကို ဆက်လက်ဖော် ဆောင်နေကြောင်း ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“ငါတို့တပ်တွေ မတူပီကနေ မဆုတ်ခွာပါဘူး။ စစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်နေပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

မတူပီမြို့နယ်အတွင်း ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် ချင်းညီနောင်ပူးပေါင်းတပ်တို့ကြား ဇွန်လ ၁၈ ရက်က စတင်ခဲ့သော တိုက်ပွဲများသည် လက်ရှိတွင် ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် အာရက္ခတပ်တော် (AA/ULA) တို့၏ တိုက်ပွဲဖြစ်လာကြောင်း ဆလိုင်းထက်နီက ပြောသည်။

“ချင်းတွေရဲ့ အမျိုးသားအဆင့် စစ်ရေး နိုင်ငံရေးစုစည်းမှု အားနည်းချက်ကို ဒေသန္တာရ ကာကွယ်ရေး တပ်ဖွဲ့တွေ အသုံးချပြီး ရခိုင်ပြည် အကျိုးစီးပွါးအတွက် ချင်းပြည်ကို ကျုးကျော်လာတာပါ၊ ဒီလုပ်ရပ်က ချင်းတွေအတွက် အခံရ အခက်ဆုံးပေါ့” ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

မတူပီမြို့တိုက်ပွဲများတွင် ချင်းညီနောင်ပူးပေါင်းတပ်များက ULA/ AA ၏ ထောက်ပို့အဖြစ် လုပ်ကိုင်ဆောင်ရွက်ပေးနေကြောင်း ဆလိုင်းထက်နီက ပြောသည်။

မတူပီတိုက်ပွဲတွင် အာရက္ခတပ်တော် ULA/ AA ၏ စစ်အင်အားမှာ များပြားပြီး တိုက်ပွဲဖော်ဆောင်သည့် ပုံစံများမှာ လူလှိုင်း စစ်ရေးဗျူဟာကို အသုံးပြုနေကြောင်း CNF/CNA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တိုက်ပွဲများအတွင်း အထိအခိုက်အကျဆုံးများရှိနေကြောင်း ပြောဆိုပြီး ခိုနူမ်းသုန်သတင်းဌာန၏ အသေးစိတ် မေးမြန်းချက်များကို လတ်တလောတွင် မဖြေနိုင်သေးကြောင်း ဆလိုင်းထက်နီက ပြောသည်။

တချိန်တည်းမှာပဲ မတူပီမြို့စစ်ဆင်ရေးသည် ချင်းညီနောင်စစ်ဆင်ရေးဖြစ်ပြီး အာရက္ခတပ်တော် (ULA/AA) က စစ်ရေး ကူညီပေး နေခြင်းသာဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့၊ CDF – မတူပီ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့်ရှိသူ Boi Uk က ပြောသည်။

“CB (ချင်းညီနောင်အဖွဲ့) က ဦးဆောင်ပါဝင်ပြီး AA/ ULA က ကူညီတဲ့ စစ်ဆင်ရေးပါ။ အခုလို သူတို့ ပြောနေရင်တော့ CNA က ပစ်လိုက်လို့ ကျသွားတဲ့ CB တွေ၊ ဒဏ်ရာရ ချင်း CB တွေ ရှိတယ်။ သူက မြေပြင်အခြေအနေတွေ CB တပ်စုဖွဲ့ကို လုံးဝ နားမ လည်တာ ဖြစ်ပါတယ်” ဟု CDF – မတူပီ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့်ရှိသူ ကို Boi Uk က ပြောသည်။

ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့နှင့် ချင်းလဲန်းကောင်စီတပ်တွေကြား ယခုရက်ပိုင်းတွင် ဇွန်လ ၁၈ ၊ ၁၉ နှင့် ၂၀ ရက်က တိုက်ပွဲများကဲ့သို့ တိုက်ပွဲပြင်းပြင်းထန်ထန်မဖြစ်ပွားတော့ဘဲ တိုက်ပွဲပြန်ငြိမ်နေကြောင်းကို Boi Uk က ပြောသည်။

လတ်တလောတွင် ချင်းနှစ်ဖွဲ့ကြား တွေ့ဆုံဆွေးနွေးကြခြင်းများမရှိသေးဘဲ နှစ်ဖက်စလုံးက တွေ့ဆုံဆွေးနွေးရန် တောင်းဆိုကမ်းလှမ်းမှုများ မရှိကြောင်း သိရသည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ လက်အောက်ခံ ချင်းပူးပေါင်းတပ်က ထိုးစစ်ရပ်ရင် အချင်းချင်း တိုက်ပွဲက အလိုလို ရပ်တန့်သွားလိမ့်မည်ဟု CDF – မတူပီ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မတူပီမြို့ စစ်ကောင်စီ ကင်းစင်ရေးအတွက် ခလရ – ၁၄၀ တပ်ရင်းနှင့် ဗျူဟာကုန်းများကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် အပြင်းအထန် ထိုးစစ်ဆင်နေဆဲဖြစ်ပြီး ဗျူဟာကုန်းအနီးက ဂေါက်ကွင်းစခန်းတချို့အပါအဝင် ကာကင်းတချို့ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ဇွန်လ ၂၅ ရက်နေ့က ချင်းညီနောင်က ထုတ်ပြန်ထားသည်။

မတူပီမြို့သိမ်းတိုက်ပွဲတွင် CNF/ CNA ဦးဆောင်သော ချင်းပူးပေါင်းတပ်ဖွဲ့များကို ဇွန်လ ၂၄ ရက် ညနေပိုင်းတွင် မောင်းထုတ်နိုင်ခဲ့ပြီးဟူ၍လည်း ချင်းညီနောင်က ထုတ်ပြန်ခဲ့သည်။

သို့သော် ဇွန်လ ၂၅ ရက်က ဖြစ်ပွားသော တိုက်ပွဲတွင် CDF – မတူပီ၊ တပ်မဟာ – ၂ တပ်ဖွဲ့ဝင် ဆလိုင်းပီတာဆန်း ကျဆုံးခဲ့ရပြီး ယနေ့ချိန်ထိ ချင်းအချင်းချင်းကြား တိုက်ပွဲတွင် ချင်းတော်လှန်ရေးရဲဘော် ၆ ဦး ဝန်းကျင် ကျဆုံးခဲ့ရကြောင်း သိရသည်။

မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် CDF – မတူပီ တပ်မဟာ – ၁ အပါအဝင် ချင်းညီနောင်တပ်ဖွဲ့များနှင့်အတူ မကွေးအခြေစိုက် Yaw Army (YA) နှင့် အာရက္ခတပ်တော် (ULA/AA) က ဇွန်လ ၉ ရက်နေ့က စတင်ခဲ့ကြခြင်းဖြစ်သည်။

ULA/AA ထိန်းချုပ်ထားသော ပလက်ဝမြို့နယ်ဘက်မှ AA တပ်ဖွဲ့ဝင် အင်အား ၁၈၀ ခန့်သည် ဇွန်လ ၂၃ ရက်က မတူပီမြို့သို့ စစ်အင်အားဖြည့်ရန် စစ်ကြောင်းထိုးလာနေကြောင်း CDF- မတူပီ၊ တပ်မဟာ – ၂၊ သတင်းနှင့် ပြန်ကြားရေးဌာနက ဇွန်လ ၂၄ ရက်က သတင်းထုတ်ပြန်သည်။

မတူပီမြို့နယ်က ဘာသာရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် ချင်းအရပ်ဖက်အဖွဲ့အစည်းများက မတူပီမြို့နယ်က ချင်းအချင်းချင်းကြား တိုက်ပွဲကို စားပွဲဝိုင်းတွင် အမြန်ဆုံး တွေ့ဆုံဆွေးနွေ၍ ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် တိုက်တွန်းထားသည်။

ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ မတူပီမြို့သိမ်းစစ်ဆင်ရေးအတွက် မတူပီမြို့ပေါ်မှ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအပါအဝင် ချင်းပြည်သူများသည် အိန္ဒိယအပါအဝင် ပြည်တွင်းမှာ နေရာအစုံကို အိုးအိမ်များစွန့်ခွာ၍ တိုက်ပွဲမဖော်မှီကပင် စစ်ဘေးရှောင်ပေးထားရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.