မတူပီမြို့အခြေစိုက် ခလရ (၁၄၀) မှ ဗိုလ်မှူးသန်းနိုင်ဝင်းကို ဇူလိုင် ၁၅ ရက်နေ့က ရှင်းလင်းသုတ်သင်ခဲ့သည်ဟု CDF-Matupi တပ်ဖွဲ့ ယနေ့ထုတ်ပြန်သည်။
ဗိုလ်မှူးသန်းနိုင်ဝင်းသည် မတူပီမြို့အခြေစိုက် စစ်ဗျူဟာ ထောက်လှန်းရေးတစ်ဦးဖြစ်ပြီး တပ်တွင်း CDM ပြုလုပ်လိုသူများနှင့် မတူပီမြို့နယ်အတွင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို အထူးစောင့်ကြည့် ထုတ်ဖော်နေသူဟု သိရသည်။
ဗိုလ်မှူးသန်းနိုင်ဝင်း၏ သတင်းပေးမှုကြောင့် CDM ပြုလုပ်ရန် ကြံစည်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ဦး သတ်ဖြတ်ခံရပြီး (၄) ဦး ထောင်သွင်းအကျဉ်းချခံရသည့်အပြင် ဇွန်လ ၂၅ ရက်နေ့က မတူပီမြို့နေ အမျိုးသမီးတစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့ဖူးသူလည်းဖြစ်သည်ဟု CDF-Matupi က ထုတ်ပြန်ထားသည်။