Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့ ချင်းအမျိုးသားနေ့အခမ်းအနား ညပိုင်းတွင်ကျင်းပတော့မည်မဟုတ်
မတူပီမြို့ ချင်းအမျိုးသားနေ့အခမ်းအနား ညပိုင်းတွင်ကျင်းပတော့မည်မဟုတ်
0
By Editor on February 6, 2020 Headline
Zawgyi
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ချင်းအမျိုးသားနေ့ကျင်းပတုန်းက ညပိုင်းဖျော်ဖြေရေးအစီစဉ်တွင် မတူပီလူငယ်တစ်စုနှင့် လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များ ခိုက်ရန်ဖြစ်ပွားမှုကြောင့် မတူပီလူငယ် (၆) ဦး ထောင်ဒဏ် (၄) စီချမှတ်ခံခဲ့ရသည်။
ယင်းဖြစ်ရပ်များကြောင့် မကြာခင်ကျရောက်လာတော့မည့် (၇၂) နှစ်မြောက်ချင်းအမျိုးသားနေ့ ကျင်းပရေးနှင့်ပတ်သက်၍ မတူပီမြို့ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အရပ်ဖက်အဖွဲ့အစည်းများသည် ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး ယခုနှစ် ညပိုင်းတွင်ဖျော်ဖြေရေးအစီစဉ်များကို မကျင်းပတော့ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု မတူပီမြို့ ငလားရပ်ကွက်အုပ်ချူပ်ရေးမှူး ကိုစလောင်းကပြောသည်။
“ညပိုင်းမှာတော့ မနှစ်တုန်းက ပြသာနာတက်တယ်လေ အခုက ကလေးတွေလည်း ပခုက္ကူထောင်မှာ ခြောက်ယောက်က (၄) နှစ်ထောင်ချတယ် အဲ့ကြောင့် နေ့ခင်းပိုင်းမှာ အထိမ်းအမှတ်လောက်ပဲလုပ်မယ် ညပိုင်းတော့မလုပ်တော့ဘူး၊ ဒါပေမဲ့ နောက်နောင်မှာ စည်စည်ကားကားနဲ့ ပြန်လုပ်လို့ရပါတယ်၊ ဒါပေမဲ့ ပြင်းတော့ပြင်းထန်လွန်းတယ် ကလေးတွေ ထောင်ချတဲ့ကိစ္စပေါ့နော်” ဟု ကိုစလောင်းကပြောသည်။
ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကျရောက်တိုင်း ချင်းပြည်နယ်မြို့နယ်အသီးသီးတွင် ချင်းအမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိကြပြီး ညပိုင်းအစီစဉ်များတွင် နိုင်ငံတော်အဆိုတော်များ၏ ဖျော်ဖြေမှု၊ ရိုးရာယဉ်ကျေးမှုအကများဖြင့် ဆင်နွဲလေ့ရှိကြသည်။
ယခုနှစ် မတူပီမြို့တွင် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီ ၁၉ နှင့် ၂၀ ရက်နေ့ (၂) ရက် ကျင်းပမည်ဖြစ်ပြီး အားကစားမျိုးစုံ၊ စာပေပြိုင်ပွဲ၊ မျိုးနွယ်အလိုက် ရိုးရာယဉ်ကျေးမှုအကများနှင့် အခြားပြပွဲတွေလည်းပါဝင်မည်ဟု သိရသည်။
Unicode
By လားနွန် – ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင်ကျရောက်မည့် (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော် အခမ်းအနားကို မတူပီမြို့တွင် နေ့ခင်းမှာသာ ကျင်းပမည်ဖြစ်ပြီး ညပိုင်းဖျော်ဖြေရေးအစီစဉ်များပါဝင်တော့မည်ဟုတ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ချင်းအမျိူးသားနေ့ကျင်းပတုန်းက ညပိုင်းဖျော်ဖြေရေးအစီစဉ်တွင် မတူပီလူငယ်တစ်စုနှင့် လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များ ခိုက်ရန်ဖြစ်ပွားမှုကြောင့် မတူပီလူငယ် (၆) ဦး ထောင်ဒဏ် (၄) စီချမှတ်ခံခဲ့ရသည်။
ယင်းဖြစ်ရပ်များကြောင့် မကြာခင်ကျရောက်လာတော့မည့် (၇၂) နှစ်မြောက်ချင်းအမျိူးသားနေ့ ကျင်းပရေးနှင့်ပတ်သက်၍ မတူပီမြို့ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အရပ်ဖက်အဖွဲ့အစည်းများသည် ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး ယခုနှစ် ညပိုင်းတွင်ဖျော်ဖြေရေးအစီစဉ်များကို မကျင်းပတော့ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု မတူပီမြို့ ငလားရပ်ကွက်အုပ်ချူပ်ရေးမှူး ကိုစလောင်းကပြောသည်။
“ညပိ်ုင်းမှာတော့ မနှစ်တုန်းက ပြသာနာတက်တယ်လေ အခုက ကလေးတွေလည်း ပခုက္ကူထောင်မှာ ခြောက်ယောက်က (၄) နှစ်ထောင်ချတယ် အဲ့ကြောင့် နေ့ခင်းပိုင်းမှာ အထိမ်းအမှတ်လောက်ပဲလုပ်မယ် ညပိုင်းတော့မလုပ်တော့ဘူး၊ ဒါပေမဲ့ နောက်နောင်မှာ စည်စည်ကားကားနဲ့ ပြန်လုပ်လို့ရပါတယ်၊ ဒါပေမဲ့ ပြင်းတော့ပြင်းထန်လွန်းတယ် ကလေးတွေ ထောင်ချတဲ့ကိစ္စပေါ့နော်” ဟု ကိုစလောင်းကပြောသည်။
ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကျရောက်တိုင်း ချင်းပြည်နယ်မြို့နယ်အသီးသီးတွင် ချင်းအမျိူးသားနေ့ကို စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိကြပြီး ညပိုင်းအစီစဉ်များတွင် နိ်ုင်ငံတော်အဆိုတော်များ၏ ဖျော်ဖြေမှု၊ ရိုးရာယဉ်ကျေးမှုအကများဖြင့် ဆင်နွဲလေ့ရှိကြသည်။
မတူပီမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ကျင်းပသည့် ချင်းအမျိူးသားနေ့ပွဲတော် ညပိ်ုင်းအစီစဉ်တွင် ဒေသခံလူငယ်တစ်ခုနှင့် ရဲတပ်ဖွဲ့ဝင်များ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ပွဲလည်း ဖျက်သိမ်းခဲ့ကြရသည်။ ထို့ကြောင့် ယခုနှစ်တွင် နိုင်ငံကျော်အဆိုတော်များလည်းမခေါ်တော့ပဲ နေ့ခင်းဘက်တွင်သာ ရိုးရာယဉ်ကျေးမှုအကများဖြင့်သာ ကျင်းပတော့မည်ဟု သိရသည်။
မတူပီချင်းလူငယ်အဖွဲ့ ဥပဒေနှင့် ပြန်ကြားရေးတာဝန်ခံ ကိုထန်းကီးက “သူတို့လူကြီးတွေက ပြင်ဆင်တဲ့ဟာတွေ ကျနော်တို့လူငယ်တွေက အရမ်းကြီး ငြင်းခုံသွားလုပ်ရင်လည်း ဖြစ်လာတဲ့ပြသာနာအတွက် တာဝန်ယူမှုတာဝန်ခံမှုရှိမှ ကိုယ်ကသွားငြင်းလို့ရမှာကိုး၊ အဲဆိုတော့ ကျနော်တို့ အငြင်းခုန်တော့မလုပ်ဘူး၊ ချင်းအမျိုးသားနေ့ ညဘက်မကျင်းပတာတော့ ကျနော်တို့အားမရဘူး၊ မတူပီရဲ့အခြေအနေကလည်း ဌာနဆိုင်ရာက ပြည်သူကိုအရမ်းအနိုင်ယူလွန်းတဲ့ပုံစံ သက်ရောက်တယ် အဲခါကျတော့ကျနော်တို့ ဒီလိုမျိုးမကျင်းပနိုင်တာလည်း ဌာနဆိုင်ရာတွေကိုယ်တိုင်ကလည်း အထူးသဖြင့် ရဲတပ်ဖွဲ့က နောင်အနာဂတ်မှာ ပြည်သူလူထုအပေါ်မှာ ဘယ်လိုမျိုးစေတနာထားသင့်သလဲဆိုတဲ့အမြင်တွေလည်း နည်းနည်းလေးပွင့်လာမယ်လို့ ကျနော်ယူဆတယ်” ဟု ပြောသည်။
ယခုနှစ် မတူပီမြို့တွင် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီ ၁၉ နှင့် ၂၀ ရက်နေ့ (၂) ရက် ကျင်းပမည်ဖြစ်ပြီး အားကစားမျိုးစုံ၊ စာပေပြိုင်ပွဲ၊ မျိူးနွယ်အလိုက် ရိုးရာယဉ်ကျေးမှုအကများနှင့် အခြားပြပွဲတွေလည်းပါဝင်မည်ဟု သိရသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်
မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို
ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်
Leave A Reply Cancel Reply
The reCAPTCHA verification period has expired. Please reload the page.
  • Featured Article
September 17, 2026
Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ
September 4, 2026
ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ
August 26, 2026
“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”
June 26, 2026
တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ
Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026
စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်
September 25, 2026
ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်
September 25, 2026
မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို
September 24, 2026
ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.