Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီ-ဟားခါးလမ်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၂ ဦးသေ၊ ၅ ဦးထက်မနည်း ဒဏ်ရာရရှိ

မတူပီ-ဟားခါးလမ်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၂ ဦးသေ၊ ၅ ဦးထက်မနည်း ဒဏ်ရာရရှိ

0
By Editor on October 28, 2023 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီ- ဟားခါး လမ်းမပေါ်တွင် တပ်စွဲသည့် ခရိုင်ရုံးသို့ အင်အားလာဖြည့်သော စစ်ကောင်စီစစ်ကြောင်းကို လက်ဦးမှုယူ၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှ ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသည်ဟု ချင်းကာကွယ်ရေး တပ်ဖွဲ့ -မတူပီက သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၇ ရက် ညနေ ၄ နာရီခန့်က မတူပီ- ဟားခါးလမ်မပေါ်တွင် စစ်ကောင်စီတပ်စွဲသည့် ခရိုင်ရုံးသို့ ခလရ – ၁၄၀ တပ်မှ အင်အားလာဖြည့်သော စစ်ကောင်စီ စစ်ကြောင်းနှင့် ၁၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု CDF – မတူပီက ယနေ့ သတင်းထုတ်ပြန်သည်။

တိုက်ပွဲတွင် ထိခိုက်ကျဆုံးမှု ရှိသော စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သော်လည်း CDF မတူပီက အထိအခိုက်မရှိ ကောင်းမွန်စွာ ပြန်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

ထို့နောက် တိုက်ပွဲအပြီး ၂နာရီကြာအထိ စစ်ကောင်စီတပ်က မတူပီ- ဟားခါးလမ်းနှင့် မတူပီ- ပလက်ဝလမ်းပိုင်းတို့ကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သည်ဟု သိရသည်။

နှစ်ဖက် ပစ်ခတ်မှုများ အချိန်မရွေး ဖြစ်နိုင်သောကြောင့် ပြည်သူများအနေဖြင့် မတူပီမြို့တွင်း အဝင်အထွက် မပြုလုပ်ကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ထပ်မံအသိပေးထားသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ သည် စစ်အာဏာရှင်ကို တော်လှန်ရန်အတွက် လက်နက်ခဲယမ်းများ လိုအပ်နေပြီး ပြည်တွင်း ပြည်ပ ပြည်သူများအနေဖြင့် ပံ့ပိုးကူညီကြရန်လည်း အသိပေးနှိုးဆော်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.