Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတ်လကုန်အထိကျောင်းတက်ရန် ညွန်ကြားချက် ပြန်မပြင်ပေးပါက ပြင်းထန်သည့်လှုပ်ရှားမှုဆက်လုပ်မည်ဟု ဆို

မတ်လကုန်အထိကျောင်းတက်ရန် ညွန်ကြားချက် ပြန်မပြင်ပေးပါက ပြင်းထန်သည့်လှုပ်ရှားမှုဆက်လုပ်မည်ဟု ဆို

0
By Editor on January 27, 2020 Headline

By လားနွန်/ဒိမ် – ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းတက်ရက်နှင့် စာမေးပွဲအချိန်ဇယား ပြောင်းလဲသတ်မှတ်မှုအား ပြန်လည်ပြင်ဆင်မပေးပါက ပြင်းထန်သည့်လှုပ်ရှားမှုများဆက်လက်ပြုလုပ်သွားမည်ဟု ဟားခါးမြို့ဆန္ဒပြမှုကို ဦးဆောင်သူများကပြောသည်။

ကျောင်းတက်ရက်နှင့် စာမေးပွဲအချိန်ဇယားပြောင်လဲသတ်မှတ်မှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဇန်န၀ါရီလ ၂၆ ရက်နေ့က ချင်းပြည်နယ် ဟားခါးမြို့တွင် ကျောင်းဆရာများအပါအ၀င် ကျောင်းသားကျောင်းသူ (၁၀၀) ခန့်က ဆန္ဒဖော်ထုတ်ခဲ့ကြ ခြင်းဖြစ်သည်။

အဆိုပါဆန္ဒဖော်ထုတ်မှုကို ဦးဆောင်ခဲ့သည့် မူလတန်းပြကျောင်းဆရာ ဦးသိန်းဇော်ဝင်းက “ မနေ့က ကျနော်တို့ဆန္ဒပြ လိုက်တယ် ဘယ်လိုတုံ့ပြန်ချက်တွေရှိလာမလဲဆိုတာ ကျနော်တို့စောင့်ကြည့်ရဦးမယ် စောင့်ကြည့်လို့ဘာမှထူးမလာဘူး ဆိုပြီရင် ဒီထက်ပြင်းထန်တဲ့ လှုပ်ရှားမှုတွေထုပ်လုပ်သွားဦးမယ်’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

အခြေခံပညာစာမေးပွဲကာလ ပြင်ဆင်နောက်ဆုတ်ခြင်းအား ပြန်လည် ဖျက်သိမ်းပေးရေး၊ လုပ်ငန်းခွင်အခြေပြု ပညာရေးမြှင့်တင်မှုဖေါ်ဆောင်ပေးရေး၊ ဒီမိုကရေစီနှင့်ညီမျှသော စီမံခန့်ခွဲမှု ဖေါ်ဆောင်ရေး၊ ဆရာ၊မ များ၏ လူမှုဘ၀မြှင့်တင်ရေး၊ သုတေသနကို အခြေမခံသော ပညာရေးစနစ် အလိုမရှိ၊ ဒေသန္တရ အခက်အခဲများကို လျစ်လျူရှုသော ပညာရေးစီမံခန့်ခွဲမှုစနစ် အလိုမရှိ၊ တောင်ပေါ်ဒေသနှင့် ကိုက်ညီမှုမရှိသော စာမေးပွဲ ကာလမြှင့်တင်မှုအမြန်ဆုံးဖျက်သိမ်းပေးရေး စသည်တို့ကိုတောင်းဆိုခဲ့ကြသည်။

ပညာရေးဝန်ကြီးဌာနသည် ယခုစာသင်နှစ်၏ ကျောင်းတက်ရက်များကို မတ်လ (၃၁) ရက်နေ့အထိ တက်ရမည်ဟု ယခင်က ထုတ်ပြန်ခဲ့ပြီး ဝေဖန်ကန့်ကွက်မှုများရှိလာသည့်အတွက် ဖေဖော်ဝါရီလ (၉) ရက်နေ့က ကျင်းပသောအစည်းအဝေးတွင် ကျောင်းတက်ရက်ကို မတ်လ (၂၅) ရက်နေ့အထိပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့ကြသည်။

အဆိုပါသတ်မှတ်ချက်အရ ၄ တန်းနှင့် ၈ တန်းအစိုးရစစ်စာမေးပွဲများကို ဖေဖော်ဝါရီ (၂၄) ရက်နေ့မှ မတ်လ (၃) ရက်နေ့အထိဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၁၁) ရက်နေ့မှ (၂၀) ရက်နေ့အထိသတ်မှတ်ထားသည်။ ကျန်အတန်းများကို ဆယ်တန်းစာမေးပွဲဖြေပြီးသည့်အချိန်မှ စာမေးပွဲစစ်ဆေးမည်ဖြစ်သည်။

ဟားခါးပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂဥက္ကဌ ဆလိုင်းလောနိုင်းက “ ချင်းပြည်နယ်ဟာ သိကြတဲ့အတိုင်း ဆင်းရဲတဲ့ပြည်နယ်ဖြစ်တော့ တောင်ယာလုပ်ငန်းကိုဘဲ လုပ်ကိုင်နေကြတာ။ မတ်လဆိုရင် တောင်ယာလုပ်တဲ့အချိန်ဖြစ်နေတော့ ကျောင်းသားကျောင်းသူတွေက လာပြီး စာမေးပွဲ အကုန်ဖြေဆိုနိုင်မယ်ဆိုတာ မသေချာဘူး။ ပြီးတော့ ချင်းပြည်နယ် တောရွာတွေမှာ အထက်တန်းကျောင်းက မရှိသလောက်ဘဲ၊ အဲလိုအခြေအနေမျိုးမှာ အခုလိုကျောင်းတက်ချိန်တိုးတော့ ဘောဒါဆောင်ခတွေ ပိုကုန်ရမှာဖြစ်တယ်။ ဆင်းရဲတဲ့ဒေသမှာဆိုရင် အဆင်မပြေပါဘူး’’ ဟု ပြောသည်။

ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်မှ “သူတို့ရဲ့တင်ပြချက်အပေါ်မှာ ကျနော်တို့ဝိုင်းစဉ်းစားပေးဖို့လိုမယ်ထင်တယ် ဘာဖြစ်လို့လဲဆိုရင် အခုက ကျနော်ကခရီးတောက်လျှောက်သွားနေတော့ တော်တော်များများ ဟိုတစ်နေ့က မကွေးမှာ ဆန္ဒပြတယ်ဆိုတာသိတယ် ဒီပညာရေးကဏ္ဍပဲ ဆိုတော့ သူတို့မှာ တကယ့်တကယ်ရော ဘာလိုအပ်ချက်ရှိသလဲ ပြည်ထောင်စုအဆင့်အနေနဲ့ လုပ်ပေးဖို့ဖြစ်နိုင်မလား တိုင်းဒေသကြီး ပြည်နယ်အစိုးရအနေနဲ့ လုပ်ပေးဖို့လိုသလား အဲဒီလိုအပ်ချက်ပေါ်မှာ ကျနော်တို့အမြဲတမ်းတော့ ကြိုးစားပြီးဆောင်ရွက်ပေးဖို့ရှိပါတယ်” ဟု ပြောသည်။

နွေရာသီကျောင်းပိတ်ရက်မှာ ဧပြီ နှင့် မေ (၂) လသာဖြစ်ကြောင်း ၂၀၁၉ – ၂၀၂၀ စာသင်နှစ်တွင် ၄ တန်း၊ ၈ တန်း၊ ၁၀ တန်းမှလွဲ၍ အခြေခံပညာအတန်းများ၏ ကျောင်းတက်ကာလသည် မတ်လ (၂၅) ရက်အထိဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.