Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မရာချင်းလက်နက်ကိုင် ၂ ဖွဲ့၏ လက်ရှိ စစ်ရေးပဋိပက္ခမှာ ပိုမိုတင်းမာလာနေ

မရာချင်းလက်နက်ကိုင် ၂ ဖွဲ့၏ လက်ရှိ စစ်ရေးပဋိပက္ခမှာ ပိုမိုတင်းမာလာနေ

0
By Editor on July 30, 2025 Headline

နှစ်ဖက်အဖွဲ့များ၏ ထုတ်ပြန်ပြောဆိုနေမှုများ ကွဲလွဲနေ

(006SV)

ချင်းပြည်နယ်၊ မရာဒေသအတွင်းရှိ မရာချင်းလက်နက်ကိုင် ၂ ဖွဲ့၏ လက်ရှိစစ်ရေးပဋိပက္ခသည် ပိုမိုတင်းမာ လာနေပြီး နှစ်ဖက်ထုတ်ပြန်ပြောဆိုနေမှုများမှာ ကွဲလွဲလျက်ရှိနေသည်ကို နှစ်ဖက်ပြောရေးဆိုခွင့်ရှိသူများထံမှ သိရသည်။

မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) နှင့် ULA/AA တပ်ဖွဲ့များသည် အင်အား ၂၀၀ ဝန်းကျင်းကို စစ်ကြောင်း ၃ ကြောင်းခွဲ၍ စစ်ကြောင်းထိုးလာပြီး IMC/ CDF – မရာ ဌာနချုပ်အနီးနားရှိ ကျေးရွာများကို ဝိုင်းဝန်းပိတ်ဆို့ ထားသောကြောင့် စစ်ရေးတင်းမာနေသည်ဟု IMC/ CDF – မရာ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

“သူတို့က ၁၄ ရက်ကနေ စစ်ကြောင်းထိုးပြီး တက်လာတယ်။ အဲဒီမှာ ၃ နေရာမှာ ထိတွေ့တိုက်ပွဲဖြစ်တယ်။ နောက်တော့ အချင်းချင်း အဲလိုက မကောင်းဘူး။ သွေးထွက်သံယိုမှု များနေမယ်။ ဒါကြောင့် ဆုတ်ခွာပါဆိုပြီးတော့ ထုတ်ပြန်ချက် ထုတ်ထားတယ်။ အဲဒါကို သူတို့က ဒီနေ့ ဒီအချိန်ထိ ဆုတ်ခွာခြင်း မပြုဘဲနဲ့ သူတို့က ရန်စပြီးတော့မှ CDF – မရာ ဌာနချုပ်ကို ထိုးစစ်ဆင်ဖို့ပါ။ နောက်ပြီးတော့ ဌာနချုပ်ဧရိယာကို ယူဖို့ပါ။ ယူပြီးတော့ လမ်းဖောက်ဖို့ပါ။ သူတို့က ဒီနေရာတွေကို ထိန်းမယ်။ စစ်ရေးတွေ ပြင်ဆင်မယ်။ ဒီနေ့ ဒီအချိန်ထိတော့ သူတို့ ဆုတ်ခွာပေးမှု မရှိဘူး။ အခုကတော့ တော်တော်လေးကို စစ်ရေးတင်း မာတယ်။ အခုလည်း ဒီနေ့ ဖြစ်မလား၊ မနက်ဖြန် ဖြစ်မလား၊ တဘက်ခါ ဖြစ်မလားဆိုပြီးတော့ နှစ်ဖက်စလုံးက တော်တော်လေး ကို နီးစပ်နေပြီး” ဟု IMC/ CDF – မရာ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

MTC/ MDF နှင့် မဟာမိတ်တပ်များသည် IMC/ CDF – မရာဌာနချုပ်သို့ ရည်ရွယ်၍ ချီတက်လာသောကြောင့် ဆော်မှိန်တိုက်နယ်၊ ဖန်တလန်ကျေးရွာက ၃ နေရာတွင် ထိတွေ့ပစ်ခတ်မှုများ ဇူလိုင်လ ၁၄ ရက်က ဖြစ်ပွားသည်ဟု သိရသည်။

MTC/ MDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဓူဝံကတော့ MDF တပ်ဖွဲ့သည် ၎င်းတို့ကို ထောက်ခံသော ကျေးရွာများသို့ လှည့်လည် သွားရောက်ခြင်းဖြစ်ကြောင်း၊ ယင်းသို့ သွားလာမှုကို CDF – မရာနှင့် မဟာမိတ်များက တိုက်ခိုက်လာလျှင် ပြန်လည် တုန့်ပြန်မည်ဟု ပြောသည်။

“သူတို့ပြောသလို မဟုတ်ပါဘူး၊၊ ကျ‌နော်တို့က MTC/MDF ကို ထောက်ခံအားပေးတဲ့ ကျေးရွာတွေကို ခရီးစဉ် အနေနဲ့ သွားရောက်တာဖြစ်ပါတယ်။ အဲဒါကို CDF – မရာ ကို တိုက်ဖို့ လာနေသယောင် ဝါဒဖြန့်တာပါ၊ စစ်ကူတွေလည်း တောင်းထားတယ် ဆိုတာ ကျနော်တို့လည်း သိထားပါတယ်။ တကယ့်လို့ ကျနော်တို့က မိမိထောက်ခံတဲ့ ကျေးရွာတွေမှာ လှည့်လည်လှုပ်ရှားတာကို သူတို့မဟာမိတ်တွေနဲ့ တိုက်ခိုက်လာခဲ့ရင်ပေါ့၊ ကျနော်တို့ကလည်း မဟာမိတ်မရှိတဲ့အဖွဲ့စည်း မဟုတ်တာကို အမှတ်ရစေချင်သလို ကျနော်တို့ MDF ကလည်း မိမိကိုယ်ကို ခုခံမှုအရ လုပ်သင့်တာ ဆက်လုပ်သွားမှာပါ” ဟု MTC/ MDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဓူဝံက ပြောသည်။

မရာဒေသအတွင်း MTC/ MDF ကို ထောက်ခံအားပေးသော ကျေးရွာများသို့ လှည့်လည်ကွင်းဆင်းရာတွင် IMC/ CDF – မရာက ထုတ်ပြန်ပြောဆိုသကဲ့သို့ ULA/ AA တပ်ဖွဲ့ဝင်များ ပါဝင်ခြင်းမရှိကြောင်း ကိုဓူဝံက ပြောသည်။

“သူတို့ ထုတ်ပြန်သလို AA တွေ ပါဝင်မှုဆိုတာ မရှိပါဘူး။ AA တွေက အချင်းချင်းကြားက ပြသနာတွေမှာ ဝင်ရောက် စွက်ဖက် တတ်တဲ့ အဖွဲ့အစည်းလည်း မဟုတ်ပါဘူး။ ကျနော်တို့ အရင်က ပြောထားသလိုပဲ လုံးဝ သူတို့ (AA) ဘက်က ပါဝင်မှု မရှိပါဘူး” ဟု MTC/ MDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဓူဝံက ပြောသည်။

IMC/ CDF – မရာ၏ ပြောရေးဆိုခွင့်ရှိသူကတော့ IMC/ CDF – မရာဌာနချုပ် အနီးက နေရာများမှာ ဝိုင်းဝန်ပိတ်ဆို့ထားမှုတွင် ULA/ AA တပ်ဖွဲ့ဝင်များ အင်အားအများအပြား ပါဝင်နေသည်ဟု ပြောသည်။

“(MDF) သူတို့က အမြဲတမ်း လိမ်နေမှာပဲ။ ဒါပေမယ့် သူတို့ လုပ်ရပ်က တော်တော်လေးကို သိသာတယ်။ သူတို့ဆီက စစ်သုံ့ပန်း ၂ ဦးကိုလည်း ဖမ်းဆီးထားတော့ သတင်းတွေက အတိအကျ သိရပါတယ်။ AA တပ်ဖွဲ့က ပါကို ပါပါတယ်။ ဒါပေမယ့် အများကြီး တော့ မဟုတ်လောက်ဘူး။ အောက်လာအိုကျေးရွာမှာ နေတဲ့ AA တပ်ဖွဲ့ အယောက် ၂၀ က အပေါ်လာအိုကျေးရွာကို တက်လာ တယ်။ ပြီးတော့ ခွာပီကလည်း သူတို့ရဲ့ တပ်ဖွဲ့ထဲမှာလည်း အယောက် ၂၀၊ ၃၀ ဝန်းကျင်ရှိတယ်။ နောက် ရှေ့တန်းမှာလည်း MDF နဲ့ ပူးပေါင်းပြီးတော့မှ AA တပ်ဖွဲ့ဝင်က ၃၀ ဝန်းကျင် ရှိတယ်ဆိုတာကို ကျနော်တို့ အသေးစိတ် သိထားတယ်နော်” ဟု IMC/ CDF – မရာ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

MTC/MDF နှင့် မဟာမိတ်တပ်ဖွဲ့သည် IMC/ CDF – မရာဌာနချုပ်အနီးသို့ စစ်ကြောင်းထိုး၍ ဝိုင်းဝန်ပိတ်ဆို့ထားမှုတွင် ပထမ စစ်ကြောင်းမှာ အင်အား ၈၀ ဝန်းကျင်း၊ ဒုတိယစစ်ကြောင်းမှာ အင်အား ၇၀ ဝန်းကျင်နှင့် တတိယစစ်ကြောင်းမှာ အင်အား ၅၀ ဝန်းကျင် ရှိသည်ဟုဆိုသည်။

IMC/ CDF – မရာဌာနချုပ် အနီးအနားရှိ ကျေးရွာများကို ဝိုင်းဝန်းပိတ်ဆို့ခံထားရ၍ ငဖိုင်ပီ၊ ဖန်တလန် အပါအဝင် ကျေးရွာ ၄ ရွာမှ ဒေသခံ တစ်ထောင်ဝန်းကျင်သည် တောတောင်နှင့် အနီးအနားရှိ ကျေးရွာများသို့ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသည်ဟု သိရသည်။

စစ်ဘေးရှောင်များတွင် သက်ကြီးရွယ်အိုများ၊ မသန်မစွမ်းသူများ၊ နို့ဆို့ကလေးငယ်များ ပါဝင်နေပြီး အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု သိရသည်။

နှစ်ဖက်စစ်ရေးတင်းမာနေစဉ် မရာဒေသခံ ၄ ဦးထက်မနည်းကိုလည်း MTC/ MDF က ဖမ်းဆီးထိန်းသိမ်းထားသည်ဟု IMC/ CDF – မရာ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

MTC/ MDF နှင့် မဟာမိတ်တပ်ဖွဲ့သည် ဖန်တလန်အပါအဝင် ကျေးရွာတချို့တွင် နေရာယူ တပ်စွဲထားပြီး စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသောကြောင့် ကျေးရွာလူထုက ၎င်းတို့ ရွာတွင် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်၍ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ကြခြင်းဖြစ် သည်ဟု IMC/ CDF – မရာ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

MTC/MDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဓူဝံကတော့ ကျေးရွာ ၄ ရွာက ဒေသခံများ စစ်ဘေးရှောင်ရခြင်းမှာ မမှန်ကန်ကြောင်း၊ ငဖိုင်ပီရွာသစ်သာလျှင် စစ်ဘေးရှောင်ရခြင်းရှိသည်ဟု ပြောသည်။

“ဒီကျေးရွာ ၄ ရွာက စစ်ဘေးရှောင်နေရတယ်ဆိုတာ မဟုတ်ပါဘူး။ ငဖိုင်ပီ ရွာသစ် ပေါ့နော်။ အဲဒီရွာကတော့ ရွေ့ထားရတာ ရှိတယ်။ အဲဒါကလည်း ဟိုဘက်က CDF မရာဘက်ကနေ ရွေ့ခိုင်းထားတဲ့ သဘောမျိုးပါ” ဟု MTC/MDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဓူဝံက ပြောသည်။

မရာဒေသတွင် မရာချင်းလက်နက်ကိုင်တပ်ဖွဲ့ကြား နှစ်ဖက် စစ်ရေးတင်းမာနေ၍ အချိန်မရွေး တိုက်ပွဲ များ ဆက်လက် ပြင်းထန်လာ နိုင်ကြောင်း IMC/ CDF – မရာက ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၃ ရက်မှ စတင်၍ MDF နှင့် မဟာမိတ်ဖွဲ့သည် အောက်လာအိုကျေးရွာမှ အင်အားအလုံးအရင်းဖြင့် CDF – မရာဌာန ချုပ်သို့ ဦးတည်၍ စစ်ကြောင်းထိုးလာနေရာ လက်ရှိတွင် နှစ်ဖက်စစ်ရေးမှာ ပိုမိုတင်းမာလာခြင်းဖြစ်သည်ဟု IMC/ CDF မရာထံမှ သိရသည်။

ချင်းပြည်တောင်ပိုင်း၊ မရာဒေသတွင် အခြေစိုက်ထားသည့် ချင်းညီနောင်အဖွဲ့ဝင် MTC/ MDF သည် IMC / CDF – မရာဌာနချုပ်ဒေသကို သိမ်းပိုက်ရန်နှင့် ချင်းပြည်မြောက်ပိုင်းသို့ လမ်းကြောင်းဖောက်ထွင်းနိုင်ရေး ရည်ရွယ်၍ ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု IMC/ CDF – မရာ က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.