Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မရာချင်းလက်နက်ကိုင် ၂ ဖွဲ့ကြား စစ်ရေးပဋိပက္ခတွင် ပါဝင်ခြင်း မရှိဟု ULA/ AA ပြော

မရာချင်းလက်နက်ကိုင် ၂ ဖွဲ့ကြား စစ်ရေးပဋိပက္ခတွင် ပါဝင်ခြင်း မရှိဟု ULA/ AA ပြော

0
By Editor on August 11, 2025 Headline

ULA/ AA က ချင်းများ၏ အတွင်းရေးတွင်လည်း ပါဝင်ပတ်သက်မှု မရှိဟု ဆို

(006SV)

ချင်းပြည်နယ်၊ မရာဒေသအတွင်းရှိ မရာချင်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) နှင့် IMC/ CDF – Mara တို့၏ စစ်ရေးပဋိပက္ခတွင် အာရက္ခတပ်တော် (ULA/ AA) အနေဖြင့် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ULA/ AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

ယနေ့ ဩဂုတ်လ ၁၁ ရက်တွင် အွန်းလိုင်မှ ပြုလုပ်သည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ၁၀ ကြိမ်မြောက်သတင်းစာရှင်း လင်းပွဲတွင် ပြောဆိုခြင်းဖြစ်သည်။

“မရာနယ်မြေမှာ MDF ဘက်ကနေပြီး AA က စစ်ကူတိုက်တယ်ဆိုပြီး စွပ်စွဲတဲ့ ကိစ္စပေါ့။ ဒီဟာက လုံးဝ အခြေအမြစ်မရှိ စွပ်စွဲချက်ပဲ ဖြစ်ပါတယ်။ သူတို့ဟာ ဒီလိုစွပ်စွဲချက်တွေကို ဘာရည်ရွယ်ချက်နဲ့ ပြောနေလဲ ဆိုတာကိုတောင်မှ ကျနော်ကပြန်ပြီး မေးခွန်းထုတ်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ ကျနော်တို့ ULA/ AA သာ ဝင်ပြီး MDF ဘက်က တိုက်တယ်ဆိုရင် အခု စွပ်စွဲနေတဲ့ အဖွဲ့အစည်းရဲ့ ဌာနချုပ်လည်း ရှိတော့မှာ မဟုတ်ပါဘူး။ ဒီအချက်က လုံးဝ ကျနော်တို့ သေချာပေါက် ပြောနိုင်တာ ပါ။ အဲဒါကြောင့် ကျနော်တို့ ULA/ AA ဟာ အခု ချင်းတွေဖြစ်နေတဲ့ သူတို့ရဲ့အတွင်းရေး ကိစ္စတွေမှာ ကျနော်တို့အနေနဲ့ လုံးဝ ပါဝင် ပတ်သက်မှု မရှိပါကြောင်း ပြောကြားချင်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) သည် အင်အား ၂၀၀ ဝန်းကျင်းဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲ၍ စစ်ကြောင်းထိုး လာပြီး IMC/ CDF – Mara ဌာနချုပ်အနီးနားရှိ ကျေးရွာများကို ဝိုင်းဝန်းပိတ်ဆို့ ထားသည်ဟု IMC/ CDF – Mara ပြောရေး ဆိုခွင့်ရှိသူထံမှ သိရသည်။

ဇူလိုင်လ ၁၄ ရက်က ဆော်မှိန်တိုက်နယ်၊ ဖန်တလန်ကျေးရွာက ၃ နေရာတွင် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်း မာလျက်ရှိကြောင်း၊ MTC/ MDF နှင့်အတူ ULA/AA တပ်ဖွဲ့ဝင်များ ပါဝင်နေသည်ဟု IMC/ CDF – မရာ ပြောရေးဆိုခွင့်ရှိသူက ခိုနူမ်းသုန်ကို ဖြေကြားထားသည်။

မရာလက်နက်ကိုင်နှစ်ဖွဲ့၏ ပဋိပက္ခတွင် MTC/ MDF သည် ၎င်းတို့ကို ထောက်ခံသော ကျေးရွာများကို လှည့်လည် ကွင်းဆင်း နေခြင်းဖြစ်ပြီး ULA/ AA တပ်ဖွဲ့ဝင်များ ပါဝင်ခြင်း မရှိကြောင်း MTC/ MDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဓူဝံက ဖြေကြားထားသည်။

ချင်းပြည်နယ်က ချင်းကာကွယ်ရေးတပ်ဖွဲ့များကို ULA/ AA အနေဖြင့် စစ်ရေးအကူအညီများ ပေးအပ်နေခြင်းသည် စစ်ကောင်စီကို တိုက်ထုတ်ရန် ဖြစ်သည်ဟု ULA/ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

“ချင်းညီအစ်ကိုတွေကို ကျနော်တို့ ULA/ AA က အကူအညီပေးနေတယ်ဆိုတာ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီကို ချင်းပြည်ထဲက မောင်းထုတ်ဖို့အတွက် ကျနော်တို့ စေတနာသန့်သန့်နဲ့ အကူအညီပေးနေတာဖြစ်ပါတယ်။ ချင်းတွေရဲ့ အတွင်းရေးထဲမှာ ကျနော်တို့အနေနဲ့ လုံးဝ ပါဝင်ပတ်သက်မှု မရှိဆိုတာကို ကျနော် ဖြေကြားချင်ပါတယ်” ဟု ဦးခိုင်သုခက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ချင်းပြည်နယ်က ချင်းတော်လှန်ရေး အင်အားစုများဖြစ်သည့် ချင်းညီနောင်အဖွဲ့ (CB) သည် ULA/ AA နှင့် မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်နေပြီး ULA/ AA က ချင်းညီနောင်၏ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများတွင် စစ်ရေးအကူအညီများ ပေးခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.