Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မရာချင်းလက်နက်ကိုင် ၂ ဖွဲ့ကြား တစ်လကျော်ကြာ စစ်ရေးပဋိပက္ခတွင် ထိခိုက်ကျဆုံးမှုများရှိနေ

မရာချင်းလက်နက်ကိုင် ၂ ဖွဲ့ကြား တစ်လကျော်ကြာ စစ်ရေးပဋိပက္ခတွင် ထိခိုက်ကျဆုံးမှုများရှိနေ

0
By Editor on September 1, 2025 Headline

(006SV)

ချင်းပြည်နယ်၊ မရာဒေသတွင် မရာချင်း လက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် IMC/ CDF – မရာ နှင့် MTC/ MDF တို့ကြား တစ်လကျော်ကြာ စစ်ရေးပဋိက္ခအတွင်း ထိခိုက်ကျဆုံးမှုများရှိနေကြောင်း IMC/ CDF – မရာ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဇူလိုင်လ ၁၄ ရက်မှစတင်၍ MDF နှင့် ပူးပေါင်းတပ်ဖွဲ့က CDF – မရာဌာနချုပ်ကို သိမ်းနိုင်ရန်အတွက် ဌာနချုပ် ဧရိယာသို့ ထိုးစစ် ဆင်လာရာ ယနေ့အထိ ရက်ပေါင်း ၄၀ ကျော်ကြား စစ်ရေးတင်းမားနေမှုအတွင်း အပြန်အလှန် ပစ်ခတ်မှုဖြစ်သည့် တိုက်ပွဲ ၆ ကြိမ်ခန့် ရှိသည်ဟု သိရသည်။

“အခုက လောလောဆယ်က (တိုက်ပွဲ) ငြိမ်းနေဆဲပါ။ ငြိမ်နေပေမယ့် မကြာခဏ ဆိုသလို လက်နက်ကြီးနဲ့ ပစ်တယ်။ ဒရုန်းနဲ့ လာချတယ်။ တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုတွေ ကျဆုံးမှုတွေ ရှိတယ်။ လက်နက်သိမ်းဆည်းရမိတာတွေလည်း ရှိတယ်။ သူတို့က ဘယ်လောက်ကျသလဲဆိုတာက ကျနော်တို့က ပြောလို့ မရဘူး။ သူတို့ဘက်က ဒဏ်ရာ ရသူတွေလည်း များတယ်။ ကျနော်တို့ ဘက်က ဒဏ်ရာရသူ ၃ ဦး ရှိတယ်။ ကျနော်တို့ဘက်က အခုထိ အကျအဆုံးတော့ မရှိဘူး။ သေနတ်သိမ်းဆည်း ရမိထားတာလည်း ရှိတယ်။ အရေအတွက်ကတော့ ပြောလို့ အဆင်မပြေသေးပါဘူး” ဟု IMC/ CDF – မရာ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဩဂုတ်လ ၂၉ ရက်မှ ယနေ့အထိ တိုက်ပွဲမှာ ပြန်လည်ဖြစ်ပွားခြင်းမရှိဘဲ ငြိမ်နေပြီး MDF နှင့် ပူးပေါင်းတပ်ဖွဲ့သည် ငဖိုင်ပီးရွာသစ်နှင့် ထန်တလန်ကြားတွင် နေရာယူထားသည်ဟု သိရသည်။

လက်ရှိတိုက်ပွဲများတွင် MTC/ MDF နှင့်အတူ ULA/ AA တပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ပါဝင်ကူညီနေကြောင်း ၊ MDF နှင့် ULA/ AA စုစုပေါင်းအင်အား ၂၀၀ ကျော်ခန့်ဖြင့် တိုက်ခိုက်လျက်ရှိကြောင်း IMC/ CDF – မရာကပြောသည်။

“(ULA/ AA) သူတို့ ပါတာက လုံးဝသေချာပါတယ်။ ရာခိုင်နှုန်းပြည့်ပါပဲ။ ကျနော်တို့မှာ အထောက်အထား ရှိပါတယ်။ ကျနော်တို့မှာ အသံဖိုင်တွေသော်လည်းကောင်း ရှိတယ်။ သူတို့က မီဒီယာမှာ ပြောရင်တော့ မပါဘူးလို့ ပြောမှာပေါ့နော်။ ထိတွေ့ပစ်ခတ်မှု ဖြစ်တဲ့အချိန်မှာလည်း ကျနော်တို့ ရဲဘော်တွေက မျက်မြင်ကိုယ်တွေ့ တွေ့ပါတယ်။ ULA/ AA ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိတယ်။ ကျနော်တို့ တွေ့ပါတယ်။ သို့သော်လည်းပဲ AA ရဲ့ ကျဆုံး ရဲဘော်တွေကြ လုံးဝမဖော်ဘူး။ သူတို့က ကျဆုံးတဲ့ နေရာမှာ မြေမြှုပ်တာလား မသိဘူး။ အခုက MDF က မရှိသလောက်ပဲ။ ဒီအတောအတွင်းမှာ သူတို့က ၅၀ နီးပါးလောက်က ထွက်ပြေးသွား တယ်။ သူတို့မှာ ဒဏ်ရာ ရတာတွေ၊ ကျဆုံးတာတွေလည်း ရှိတော့ MDF ရဲဘော်ဆိုတာ အနည်းအကျဉ်းပဲ ပါတာပါ။ အခုလက်ရှိ ရှိနေတာက ULA/ AA က များတယ်” ဟု IMC/ CDF – မရာ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မရာလက်နက်ကိုင် နှစ်ဖွဲ့ကြား ပဋိပက္ခတွင် ULA/ AA တပ်ဖွဲ့က MDF တပ်ဖွဲ့ဘက်က တစ်ဘက်သတ် ရပ်တည်ပြီး CDF – မရာကို ထိုးစစ်ဆင်တိုက်ခိုက်နေမှုကို မပြုလုပ်သင့်ကြောင်း၊ ပဋိပက္ခကို ပိုမိုကြီးထွားစေသော လုပ်ရပ်များဖြစ်၍ CDF – မရာနှင့် မရာပြည်သူတစ်ရပ်လုံးက ကန့်ကွက်ကြောင်း IMC/ CDF – မရာ က ထုတ်ပြန်ထားသည်။

နှစ်ဖက်ကြား ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် ငြိမ်းချမ်းရေးအဖွဲ့များမှ အကြိမ်ကြိမ် ကြားဝင်စေ့စပ်ညှိနှိုင်း ပေးသော်လည်း ULA/ AA တပ်ဖွဲ့များက မရာဒေသတွင် တပ်ချခြင်း၊ ထိုးစစ်ဆင်ခြင်းများ ပြုလုပ်နေ၍ လက်ရှိအချိန်ထိ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဟု သိရသည်။

AA တပ်ဖွဲ့များအနေဖြင့် မရာဒေသတွင် တိုက်ပွဲများ ရပ်တန့်နိုင်ရေးနှင့် နှစ်ဖွဲ့အကြား ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို ရရှိနိုင်ရေးအတွက် မရာဒေသမှ အမြန်ဆုံး ဆုတ်ခွာပေးရန် IMC/ CDF – မရာ က တောင်းဆိုထားသည်။

မရာဒေသတိုက်ပွဲတွင် IMC/ CDF – မရာသည် ချင်းပြည်အစိုးရတပ်ဖွဲ့များထံ စစ်ရေးအကူအညီတောင်းခံခြင်း၊ ပါဝင်ကူညီခြင်း မရှိကြောင်း သိရသည်။

ဇူလိုင်လမှစတင်၍ ဖြစ်ပွားနေသော မရာဒေသက မရာချင်းလက်နက်ကိုင်နှစ်ဖွဲ့အကြား စစ်ရေးပဋိပက္ခတွင် အာရက္ခတပ်တော် (ULA/ AA) အနေဖြင့် ပါဝင်ပတ်သက်ခြင်း မရှိဘဲ အခြေအမြစ်မရှိသော စွပ်စွဲချက်သာဖြစ်ကြောင်း ULA/ AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ်လ ၁၁ ရက် သတင်းစာရှင်းလင်းပွဲတွင် တုန်ပြန့်ထားသည်။

IMC/ CDF – မရာသည် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင်ဖြစ်ပြီး MTC/ MDF သည် ICNCC နှင့် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည်။

CDF-မရာ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ MDF ဘက်ကို ဆက်သွယ်ရန်ကြိုးစားသော်လည်း ဆက်သွယ်၍မရသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများကို ပြည်သူ့သစ္စာဖောက်အဖြစ် အရေးယူမည်ဟု ချင်းလဲန်းကောင်စီ ကြေညာ

မတူပီမြို့နယ်က ကုန်းသွယ်ရေးလမ်းများ မနက်ဖြန်မှစတင်၍ ပြန်ဖွင့်လှစ်ပေးမည်ဟု MRO ထုတ်ပြန်

ပလက်ဝမြို့သိမ်းတိုက်ပွဲက စစ်သုံ့ပန်း ၄၀ ကျော်ကို ULA/ AA လွှတ်ပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.