Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မရာဒေသက ရွာပေါင်း ၄၀ မှ လူငယ်များ အခြေခံစစ်သင်တန်းတက်‌ရောက်ရန် MTC/MDF အကြောင်းကြားစာပို့၊ စစ်သင်တန်းမတက်လိုသော လူငယ် ၁၅၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်ဟုဆို

မရာဒေသက ရွာပေါင်း ၄၀ မှ လူငယ်များ အခြေခံစစ်သင်တန်းတက်‌ရောက်ရန် MTC/MDF အကြောင်းကြားစာပို့၊ စစ်သင်တန်းမတက်လိုသော လူငယ် ၁၅၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်ဟုဆို

0
By Editor on April 22, 2025 Khonumthung

(004SS)

ချင်းပြည်နယ် မရာဒေသအတွင်းရှိ လူငယ်များ စစ်သင်တန်းတက်ရောက်ရန် MTC/MDF က ကျေးရွာ‌ပေါင်း ၄၀ မှ ရပ်ရွာအုပ်ချုပ်ရေးမှူးများထံ အကြောင်း ကြားစာပေးပို့တောင်းခံခဲ့သည့်အတွက် လူငယ်အမြောက်အများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Maraland Territorial Council/Mara Defense Force အနေဖြင့် မရာနယ်ကို ကာကွယ်ရန် စစ်သင်တန်းတက်ရမည့် လူငယ်များ စေလွတ်ပေးကြရန် ရွာပေါင်း ၄၀ က ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ဧပြီလဆန်းပိုင်းက အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း CDF-Mara တာဝန်ရှိသူတစ်ဦးကပြောသည်။

“အခုလက်ရှိ မရာနယ်မှာ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီကနေ စာထုတ်ပြီးတော့ စစ်သင်တန်းတက်ဖို့ ခေါ်ထားတာ ရှိတယ်။ ရွာအကြီးတွေဆိုရင် တစ်ရွာမှာ အယောက် ၅၀၊ ၄၀၊ ၂၀ ၊ ၁၅ ဆိုပြီးတော့ ရွာတိုင်းကို စာပို့တယ်။ သူတို့က အုပ်ချုပ်ရေးမှူးတွေစီကို စာပို့ပြီးတော့ လူကို စတောင်းတာ။ အဲဒါကို လူငယ်တွေက စစ်သင်တန်းတက်ဖို့ အကြောင်းကြား စာ ရောက်တာနဲ့ သူတို့က ကြောက်လို့ လူငယ်အယောက် ၁၅၀ လောက်က မရာနယ်ကနေ ပြင်ပကို ထွက်ပြေးပြီးတော့ တိမ်းရှောင်နေကြတယ်” ဟု CDF-Mara ‌မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လက်ရှိတွင် စစ်သင်တန်းတက်ရောက်ရန် အမည်စာရင်းပေးထားသူ လူနည်းစုသာရှိပြီး အများစု ထွက်ပြေးကြသည်ဟု ၎င်းက ဆက်ပြောသည်။

စစ်သင်တန်းတက်ရောက်ရန် အသက် ၁၈ – ၄၅ နှစ်ရှိ လူငယ် အမျိုးသားများကို ခေါ်ယူနေခြင်းဟု သိရပြီး အများစုမှာ ထွက်ပြေးနေကြသောကြောင့် စစ်သင်တန်းတက်ရောက်မည့် လူဦးရေ မပြည့်တော့ဘဲ ရပ်ရွာမိဘပြည်သူများအကြား စိုးရိမ်မှု မြင့်တက်နေသည်ဟုလည်း သိရသည်။

“အခုက သူတို့အဲလိုစာပေးတော့ ရွာတိုင်းက အစည်းအဝေးထိုင်တယ်။ ဒါပေမဲ့ လူငယ်တွေက ထွက်ပြေးသွားတယ် ဆိုတော့ မိဘတွေကလဲ သူတို့တောင်းတဲ့ လူဦးရေမပြည့်တော့ဘူးဆိုတော့ အစည်းအဝေးထိုင်လိုက်၊ ဆွေးနွေးလိုက်၊ ဘာမှအဖြေမထွက်ဘဲနဲ့ အစည်းအဝေးကို ရုတ်သိမ်းလိုက်နဲ့ တော်တော်လေး ဒုက္ခရောက်နေကြတယ်လို့ လာပြောကြတယ်။ လူဦးရေမပြည့်ရင်တော့ ဖမ်းမယ်လို့တော့ ကြားပေမဲ့ ပြောလို့မရသေးဘူး။ ဆိုတော့ မိဘတွေကြားမှာတော့ စိုးရိမ်မှု တော်တော်ကြီးတယ်” ဟု CDF-Mara ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လက်ရှိတွင် စစ်သင်တန်းတက်ရောက်ရန် အတင်းအဓမ္မဖမ်းဆီးခြင်း မျိုးမရှိသော်လည်း MTC/MDF မှ မီဇိုရမ်ဘက်နဲ့ မရာနယ်စပ်ဘက်တွင် ဂိတ်များချထားကြောင်း၊ ယခုထွက်ပြေးသည့် လူငယ်များသည် ဖမ်းဆီးခံရမည်ကြောက်သဖြင့် တောထဲတွင် တစ်ညအိပ်ခရီးဖြင့် အန္ဒိယသို့ ထွက်ပြေးနေကြသည်ဟုလည်း ၎င်းကဆက်ပြောသည်။

MTC/MDF အနေဖြင့် မရာဒေသအတွင်း လူငယ်များ စစ်သင်တန်းတက်ရောက်ရန် ခေါ်ယူခြင်းသည် မှန်ကန်ကြောင်း၊ ဒီမိုကရေစီလမ်းစဉ်အတိုင်း ကောင်းမွန်သော ပြည်သူ့အုပ်ချုပ်ရေး လည်ပတ်နိုင်ရန်ရည်ရွယ်ကာ လူငယ်များ စစ်သင် တန်းတက်ရောက်ရမည်ဟု ကောင်စီအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း MTC/MDF မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ဒီဟာက အရင်ကဆုံးဖြတ်ချက်ကို အခုမှ အခြေအနေကအဆင်ပြေလို့ အပါတ်စဉ် ၁ ကို စဖွင့်ဖို့ လုပ်တာပါ။ ကျွန်တော်တို့ မရာလူမျိုးအားလုံးအတွက် ပုံမှန်လုပ်ရမဲ့ အခြေခံစစ်သင်တန်းပေါ့။ ကျွန်တော်တို့ MTC က Civilians Supremacy ကို ကျင့်သုံးတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒါပေမဲ့ ဒီအချိန်မှာက NLD လဲမဟုတ်ဘူး၊ NUG လဲ အနီးကပ်တာဝန်မယူပေးနိုင်ဘူး၊ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးကို အကောင်းဆုံးနဲ့ ဒီမိုကရေစီစနစ်ကျကျ လည်ပတ်နိုင်အောင် နံပါတ် တစ်- ကာကွယ်ရေးမကောင်းရင် ဘာမှ လုပ်လို့မရဘူး။ အဲဒါကြောင့် ဒီကာကွယ်ရေးမှာ အနစ်နာခံမှုကောင်းအောင် စည်းလုံးမှု ရှိအောင် ဆိုပြီးတော့မှ ကျွန်တော်တို့ ဒီဟာ လုပ်ရတာပေါ့နော်” ဟု MTC/MDF မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

MTC/MDF အနေဖြင့် မရာဒေသတွင် ပြည်သူ့အုပ်ချုပ်‌ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခွန် ကိစ္စရပ်များစသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်တော့မည်ဖြစ်ပြီး ခြေခံစစ်သင်တန်းပြီးမြောက်သူများသည် ထိုသို့သော ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် ကူညီရန်လိုအပ်ပါက အလွယ်တကူ ပါဝင်နိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။

မရာဒေသအတွင်းရှိ နာမကျန်းသူ၊ မသန်စွမ်းသူများမှအပ အသက် ၄၅ နှစ်အောက် အသက် ၁၈ နှစ်အထက် လူငယ်များ အားလုံး အခြေခံ စစ်သင်တန်း ၄၅ ရက်တိုသင်တန်း တက်ရောက်ကြရမည်ဖြစ်ပြီး နောင်တချိန်တွင် မည်သည့် လုပ်ငန်း၊ မည်သည့်သင်တန်းကိုမဆို ခေါ်ဆိုရာတွင်လည်း အခြေခံစစ်သင်တန်းပြီးမြောက်သူကိုသာ ရွေးချယ်‌မှုများ ဖြစ်လာတော့ မည်ဟု MTC/MDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယခုကဲ့သို့ အတင်းအဓမ္မစစ်သင်တန်းတက်ရောက်စေသော MTC/MDF ၏ လုပ်ရပ်ကို ရှုတ်ချ ကြောင်း၊ မရာဒေသသည် ဘုံရန်သူ စစ်ကောင်စီကင်းစင်သော ဒေသဖြစ်သည့်အလျောက် ကျန်းမာရေး၊ ပညာရေး၊ လူသားစာနာ စသည့် ပြည်သူ့ ဝန်ဆောင်မှုများကို အကောင်အထည်ဖော်‌ဆောင်လိုသည့်အချိန်တွင် ၎င်းတို့လုပ်ရပ်ကြောင့် ပညာသင်ယူရမည့်လူငယ်များ ထွက်ပြေးရခြင်းမျိုးကို လုံးဝလက်သင့်မခံကြောင်း CDF- Mara က ဆိုသည်။

မရာဒေသတွင် ချင်းညီနောင်အဖွဲ့ဝင် MTC/MDF နှင့် ချင်းလဲန်းကောင်စီအဖွဲ့ဝင် IMC/CDF-Mara ဟူ၍ ၂ ဖွဲ့ရှိနေပြီး အပြန်အလှန်ပစ်ခတ်မှုရှိသည့်အထိ စစ်ရေးအခြေအနေတင်းမာမှုလည်းရှိခဲ့ကြသည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့ကလည်း လအို(က) ရွာနှင့် ၂ မိုင်ခန့်အကွာတွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.