Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မလေးရှားတွင် ဒုက္ခသည်များမှတ်ပုံတင်ခြင်းအစီအစဥ် (DPP) ကို ၂၀၂၆၊ ဇန်နဝါရီ ၁ ရက်တွင် စတင်မည်

မလေးရှားတွင် ဒုက္ခသည်များမှတ်ပုံတင်ခြင်းအစီအစဥ် (DPP) ကို ၂၀၂၆၊ ဇန်နဝါရီ ၁ ရက်တွင် စတင်မည်

0
By Editor on November 27, 2025 Khonumthung

(004SS)

မလေးရှားတွင် ဒုက္ခသည်များမှတ်ပုံတင်ခြင်းအစီအစဥ် (DPP) ကို လာမည့်နှစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မှစတင်၍ အကောင်အထည်ဖော်မည်ဟု ဒုပြည်ထဲရေးဝန်ကြီး Shamsul Anuar Nasarah က ကြေညာခဲ့ကြောင်း Alliance of Chin Refugees ၏ဖော်ပြချက်အရ သိရသည်။

ဤအစီအစဥ်သည် နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရန်၊ ဒေတာကွာဟချက်များကို ဖြေရှင်းရန်နှင့် လက်ရှိ UNHCR ၏ ဒုက္ခသည်များ မှတ်ပုံတင်ခြင်းစနစ်ကို အစားထိုးရန် ရည်ရွယ်ပြီး နိုင်ငံတော်လုံခြုံရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက် မည်ဟု ဒုဝန်ကြီးက ရှင်းပြခဲ့ကြောင်း သိရသည်။

DPP အစီအစဥ်အရ ဒုက္ခသည်များ၏ အချက်အလက်များနှင့် လက်ဗွေစသည့် ဇီဝမှတ်တမ်းများ ကို စနစ်တကျ မှတ်တမ်းတင်သိမ်းဆည်းသွားမည့်အပြင် အစိုးရမှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုသူများကို တရားဝင်အထောက် အထားစာရွက်စာတမ်းများ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဒုဝန်ကြီး Shamsul Anuar Nasarah က အစိုးရပါဝင်မှုမရှိဘဲ UNHCR မှ မိမိဘာသာ ဒုက္ခသည်များမှတ်ပုံတင်ခြင်း သည် နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ဖြစ်စေသည် ဟု ထောက်ပြခဲ့ပြီး DPP အစီအစဥ်သည် အစိုးရအနေဖြင့် ဒုက္ခသည်များကို ပိုမိုထိရောက်စွာ ကိုင်တွယ်နိုင်ရန်အတွက် ရှင်းလင်းတိကျသော အချက်အလက်များနှင့် ဇီဝမှတ်တမ်း များကို ရရှိစေမည်ဟုလည်း အလေးပေးပြောကြားခဲ့ကြောင်း ACR က ဖော်ပြထားသည်။

DPP အောက်ရှိ ဒုက္ခသည်များ၏ အချက်အလက်များကို ၎င်းတို့ တတိယနိုင်ငံသို့ ပြောင်းရွှေ့သည့်အချိန်၊ နေရပ်ပြန် သည့်အချိန် သို့မဟုတ် အစိုးရမှ နေရပ်ပြန်ပို့သည့်အချိန်များအထိ စောင့်ကြည့်နိုင်ရန် ကောင်းမွန်စွာ သိမ်းဆည်းသွား မည်ဖြစ်ကြောင်းလည်း ဒုဝန်ကြီးက ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။

DPP ဆိုသည်မှာ ဒုက္ခသည်များမှတ်ပုံတင်ခြင်းအစီအစဥ် (Refugee Registration Programme) ဖြစ်ပြီး လက်ရှိ UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) ၏ လက်ရှိအသုံးပြုနေသော ဒုက္ခသည်များမှတ်ပုံတင် ခြင်းစနစ်ကို အစားထိုးရန် ရည်ရွယ်ကာ မလေးရှားအစိုးရမှ စတင်အကောင်အထည်ဖော်မည့် စနစ်တစ်ခုဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.