Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မလေးရှားတွင် မြန်မာနိုင်ငံသား ၇၀၀ နီးပါး ဖမ်းဆီးခံရမှုထဲ ချင်းလူမျိုး ၁၄၀ ထက်မနည်း ပါဝင်နေ
Screenshot

မလေးရှားတွင် မြန်မာနိုင်ငံသား ၇၀၀ နီးပါး ဖမ်းဆီးခံရမှုထဲ ချင်းလူမျိုး ၁၄၀ ထက်မနည်း ပါဝင်နေ

0
By Editor on December 4, 2025 Khonumthung

(006SV)

မလေးရှားနိုင်ငံတွင် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသား ၇၀၀ နီးပါး ဖမ်းဆီးခံရရာမှာ ၁၄၀ ထက်မနည်းသည် ချင်းလူမျိုးများဖြစ်ကြောင်း Malaysia Myanmar Association – MMA ထံမှ သိရသည်။

“ချင်းတိုင်းရင်သား ၁၄၀ က မလေးရှား တနိုင်ငံလုံးပေါ့နော်၊ ကျနော်တို့ MMA ဆီမှာ အကူအညီတောင်းတဲ့ ဟာတွေ၊ ရတဲ့အချက်အလက်အရ ၁၄၀ ကျော် ပါဝင်တယ်။ တချို့နေရာဒေသမှာတော့ အယောက် ၄၀ လောက်တော့ ပြန်ထွက်လာနိုင်တယ်။ ကျန်တဲ့ ဟာက ဘာမှ အထောက်အထား မရှိတဲ့ အခါကြတော့ သူတို့ကို တရားမဝင် နေထိုင်မှုနဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ တရားရုံး တင်တယ်။ တရားရုံး တင်ပြီးတော့ ထောင်ဒဏ် ကျမယ်၊၊ ထောင်ကျပြီး ကမ့်ရောက်ပြီးမှပဲ မြန်မာပြည် ပြန်လို့ ရမယ်ဆိုတဲ့ဟာ တချက်ရှိတယ်” ဟု MMA မှ ပြောရေးဆိုခွင့်ရှိသူ ဦးအိုက်လွင်က ပြောသည်။

နိုဝင်ဘာလအတွင်း မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသူ နိုင်ငံခြားသား ၂၈၀၉ ဦး ရှိခဲ့ရာ မြန်မာနိုင်ငံသား ၆၉၃ ဦး ပါဝင်ကြောင်း၊ ၎င်းတို့ထဲ ချင်းတိုင်းရင်းသား ၁၄၀ ကျော် ပါဝင်ခဲ့ရာမှာ ၄၀ ခန့်သာ အထောက်အထားများ ရှိနေပြီး အများစုမှာ အထောက်အထား မရှိဖြစ်နေကြောင်း သိရသည်။

ကင်မရွန်းဟိုက်လန်းတွင် ၂၃၇ ဦး၊ ဂျူဟိုးတွင် ၇၁ ဦး၊ ကလန်တန်တွင် ၆၂ ဦး၊ ဆရန်ဘန်းပြည်နယ်၊ နီလှိုင်းမြို့တွင် ၅၈ ဦး၊ ဆလန်ဂေါတွင် ၃၉ ဦးတို့ဖြင့် နိုဝင်ဘာလအတွင်း ယင်းဒေသများတွင် ချင်းလူမျိုးများ အများဆုံးဖမ်းဆီးခံရသည်ဟု MMA ၏ ဒီဇင်ဘာလ ၃ ရက်ထုတ်ပြန်သော စာရင်းအရ သိရသည်။

မြန်မာနိုင်ငံသား ဖမ်းဆီးခံရသူများတွင် တချို့ကို မလေးရှား အာဏာပိုင်များက တရားရုံးတင် စွဲဆိုမှု မပြုလုပ်ဘဲ ကမ့်စခန်းသို့ ပို့ပြီး မြန်မာသံရုံးက မြန်မာနိုင်ငံသား မှန်ကန်ကြောင်း အတည်ပြုပေးပါက တိုက်ရိုက် ပြန်ပို့ရန် ဆောင်ရွက်မှုလည်း ရှိသည်ဟု သိရသည်။

လက်ရှိ မြန်မာလူမျိုးများ ဖမ်းဆီးခံရမှု စာရင်းသည် MMA အဖွဲ့က စုဆောင်းရသလောက်သာ ဖြစ်ပြီး မြေပြင်မှာ ယခုထက် ပိုများနိုင်သည်ဟု သိရသည်။

မလေးရှားတွင် အဖမ်းအဆီးခံရချိန် အခက်အခဲ ရောက်နေသူများ၊ တရားရုံး ရင်ဆိုင်နေသူများ၊ ရှေ့နေအခက်အခဲ ရှိသူများ၊ ထောင်ဝင်စာသွားတွေ့ရန် အခက်အခဲရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးစခန်းတွင် လူတွေ့ချင်သူများအနေဖြင့် MMA အဖွဲ့ထံ အကူညီတောင်းခံနိုင်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.