Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မလေးရှားနိုင်ငံမှာ ကျားဆွဲခံရသော ချင်းအမျိုးသား၏ ရုပ်အလောင်းပြန်တွေ့

မလေးရှားနိုင်ငံမှာ ကျားဆွဲခံရသော ချင်းအမျိုးသား၏ ရုပ်အလောင်းပြန်တွေ့

0
By Editor on October 17, 2024 Khonumthung

(006SV)

မလေးရှားနိုင်ငံ၊ ကလန်တန် (KELANTAN) ပြည်နယ်၊ ဂျလီ (JELI) ခရိုင်ထဲက စိုက်ပျိုးရေးလုပ်ငန်းတနေရာတွင် ကျားဆွဲခံရသည့် ချင်းတိုင်းရင်းသား ၁ ဦး၏ ရုပ်အလောင်းကို ပြန်တွေ့ပြီး ၎င်း၏ မိသားစုဆွေမျိုးများနှင့်လည်း အဆက်အသွယ်ရပြီဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။

အောက်တိုဘာလ ၁၆ ရက်၊ မလေးရှားစံတော်ချိန်ည ၈ နာရီ ၁၅ ခန့်မှာ မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသည့် အသက် ၂၈ နှစ်ခန့်အရွယ် မင်းတပ်မြို့နယ်သား ကိုဟုန်းရှိန်ဖေသည် အလုပ်သိမ်းချိန် ညစာချက်ပြုတ်ရန် ပြင်ဆင်နေစဉ် ကျားဆွဲခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများက ပြောသည်။

“မနေ့က အလုပ်သိမ်းချိန်မှာ ထမင်းချက်နေကြတာပေါ့။ သူဌေးကလည်း လစာထုတ်ပေးတယ်။ အဲအချိန်မှာ သူကလည်း ရေစင်မှာ သွားပြီး ကြက်သားခုတ်တဲ့အချိန် ကျားက လာဆွဲသွားတာ။ သူ့အခန်းရဲ့ကပ်ရပ်မှာ နေတဲ့လူက လာပြောတော့ ကျနော်တို့ သွားရှာတယ်။ မတွေ့ဘူး။ သူဌေးကလည်း တဖက်ကပတ်ပြီး ထပ်ရှာတယ်။ မတွေ့ဘူး။ ဒီနေ့ မနက်ပိုင်းမှာ ပြန်သွားရှာတော့ ကျနော်တို့နေတဲ့နေရာရဲ့ တမိုင်နီးပါးမှာ သူကို ပြန်တွေ့တယ်။ ပြန်တွေ့ချိန်မှာ ပေါင်တစ်ဖက်က ဘာမှမရှိတော့ဘူး” ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကိုဟုန်းရှိန်ဖေသည် မင်းတပ်မြို့နယ်၊ စွန်တောင်ကျေးရွာသားဖြစ်ပြီး မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည်မှာ နှစ်ဆယ်ချီရှိနေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကိုဟုန်းရှိန်ဖေ၏ မိဘများ၊ ဆွေမျိုးအသိုင်းအဝိုင်းများနှင့် အဆက်အသွယ်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

“မနေ့ညက ကိုဟုန်းရှိန်ဖေရဲ့ အဒေါ်ရဲ့သားနဲ့လည်း အဆက်အသွယ်ရတယ်။ မလေးစံတော်ချိန်ည ၂ နာရီခွဲလောက်မှာ သူရဲ့ညီလေးနဲ့လည်း အဆက်အသွယ်ရတယ်။ သူ့မိဘတွေက ဓါတ်ပုံပို့ပေးဖို့တောင်းတာနဲ့ ဒီနေ့ ရထားတဲ့ပုံတွေ ပို့ပေးထားပါတယ်” ဟု ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

ယနေ့တွင် မလေးရှားရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် သစ်တောဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး အလောင်းကို စစ်ဆေးမှုများ ပြုလုပ်ရန် သယ်သွားကြကြောင်း၊ သဂြိုလ်မည့်ကိစ္စများကို စီစဉ်နေကြဆဲဖြစ်ပြီး ကိုဟုန်းရှိန်ဖေ နေထိုင်ခဲ့သည့် စိုက်ပျိုးရေးခြံတွင် ဆုတောင်းပွဲပြုလုပ်ရန်လည်း ပြင်ဆင်နေကြောင်း သိရသည်။

ဂျလီ (JELI) ခရိုင်ထဲက ကိုဟုန်းရှိန်ဖေ၏ စိုက်ပျိုးရေးလုပ်ငန်းနေရာသည် ဆင်ရိုင်း၊ ကျားများ ပေါများသည့်ဒေသဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.