Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

0
By Editor on July 15, 2026 Khonumthung

(006SV)

မလေးရှားနိုင်ငံတဝန်းမှာ အထောက်အထားမဲ့ နိုင်ငံခြားသားများ နေထိုင်လုပ်ကိုင်ကြောင်း နာမည်ကြီးနေသော နေရာ ၁၈ ခုကို တပြိုက်နက် ဝင်ရောက်ဖမ်းဆီးစစ်ဆေးစဉ် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရပြီး ၎င်းတို့အထဲ ချင်းလူမျိုး ၃၀ ခန့် ပါဝင်ကြောင်း သိရသည်။

ဇူလိုင်လ ၁၃ ရက်က မလေးရှားနိုင်ငံတဝန်းမှာ တရားမဝင်နေထိုင်မှုများဖြင့် နာမည်ကြီးနေသော နေရာဒေသ ၁၈ ခုကို လူဝင်မှု ကြီးကြပ်ရေးဌာနနှင့် ရဲတပ်ဖွဲ့အပါအဝင် ဌာနစုံမှ တပ်ဖွဲ့ဝင် အင်အား ၈၇၀ ကျော်ဖြင့် တပြိုက်နက် စစ်ဆေးခြင်း၊ စီးနင်းဖမ်း ဆီးခြင်း ပြုလုပ်သည်ဟု သိရသည်။

ယင်းစစ်ဆေးမှုအတွင်း အလုပ်ရှင်များအပါအဝင် နိုင်ငံခြားသား ၂၂၀၀ ကျော်ကို စစ်ဆေးနိုင်ခဲ့ပြီး ယင်းတို့အထဲမှ အထောက် အထားမဲ့ တရားမဝင် လုပ်ကိုင်နေထိုင်သော နိုင်ငံခြားသား ၅၀၃ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မလေးရှားရောက် မြန်မာ့အရေး ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။

ဖမ်းဆီးခံရသူများထဲတွင် ချင်းလူမျိုး ၃၀ ခန့်အပါအဝင် မြန်မာနိုင်ငံသား ၁၀၁ ဦး ပါဝင်ပြီး ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှ ဒေသခံပြည်သူများ အများအပြား ဖမ်းဆီးခံရသည်ဟု မလေးရှား – မြန်မာလူမှုရေးအသင်း (MMA) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လောလောဆယ် ချင်းတွေအများဆုံး ပါဝင်တဲ့ အဖွဲ့တွေကတော့ လူဝင်မှုကြီး ကြပ်ရေးထိန်းသိမ်းရေးစခန်းမှာပဲ ထားတယ်။ ဒီ ၁၄ ရက်အတွင်းမှာ သူတို့ကို စစ်ဆေးပြီးတော့ တရားရုံး ထုတ်၊ မထုတ်ဆိုတာတော့ အခုက မသိရသေးဘူး။ ဒါပေမယ့် တစ်ခုရှိတာက မလေးရှားမှာ ကျန်တဲ့ ပြည်နယ်တွေ အားလုံးမှာ လဝက ဖမ်းပြီးရင် ၁၄ ရက်အတွင်းမှာ တရားရုံး ထုတ်ပေမယ့် ကွာလလမ်ပူနဲ့ ဆလန်ဂေါပြည်နယ်ထဲက လဝက ဌာနတွေကတော့ တခါတလေ တရားရုံး တင်တာ ရှိတယ်၊ တခါတလေ တရားရုံး မတင်ပဲနဲ့ ထိန်းသိမ်းရေးစခန်းတွေကို တိုက်ရိုက်ပို့တာ ရှိတယ်” ဟု မလေးရှား – မြန်မာလူမှုရေးအသင်း (MMA) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

UNHCR ကတ်ကိုင်ဆိုင်ထားသူများနှင့် တရားဝင်အထောက်အထားရှိသူများသည် အဆိုပါ ဖမ်းဆီး စစ်ဆေးခံရမှုပြီးနောက် ပြန်လွတ်လာပြီး အထောက်အထား မရှိသူများမှာ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း သိရသည်။

အမျိုးသမီး ၉၅ ပါဝင်သော ဖမ်းဆီးခံရသူ ၅၀၀ ကျော်တွင် မြန်မာနိုင်ငံသား ၁၀၁ ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၉၀ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၆၆၊ နီပေါနိုင်ငံသား ၃၈၊ အိန္ဒိယနိုင်ငံသား ၃၆ နှင့် အခြားနိုင်ငံသား ၁၀ ဦးပါဝင်ပြီး အသက် ၂၁ နှစ်မှ ၅၂ နှစ်ကြား ရှိသည်ဟု သိရသည်။

မလေးရှားနိုင်ငံတဝန်းမှာ တရားမဝင်နေထိုင်မှုများဖြင့် နာမည်ကြီးနေသော နေရာဒေသ ၂၀၀ ကျော်ကို ရှာဖွေတွေ့ ရှိထားသည်ဟု မလေးရှားအာဏာပိုင်များက ထုတ်ပြန်ထားသည့်အတွက် မလေးရှားရောက် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအနေဖြင့် သတိဖြင့် နေထိုင်ကြဖို့နှင့် အထောက်အထားရှိသူများ ကိုယ်နှင့်မကွာ ယူဆောင်သွားရန် အသိပေးနှိုးဆော်ထားသည်။

“မလေးရှားရောက်နေတဲ့ မြန်မာနိုင်ငံသားတွေပဲ ဖြစ်ဖြစ်၊ ဒီလအတွင်းမှာတော့ အဖမ်းအဆီးက အရင်ကထက် များလာတယ်။ လဝကကလည်း သူတို့ ဟော့စပေါ့နေရာ ၂၀၀ အထိ‌ တွေ့ထား၊ စုံစမ်းထားပြီးဖြစ်တယ်။ အခုက ၁၈ နေရာတော့ ဝင်ဖမ်းပြီး၊ ကျန်တာက အများကြီး ကျန်နေသေးတယ်။ ဆိုတော့ ဘယ်နေရာကို ဘယ်နေ့ ဝင်ဖမ်းမယ်ဆိုတာ မသိဘူး။ အဲဒါကြောင့် အလုပ်လုပ်တဲ့ နေရာမှာ ဖြစ်ဖြစ်၊ အိမ်မှာ နေတဲ့ အချိန်ဖြစ်ဖြစ် သတိနဲ့ နေဖို့ လိုတယ်။ လက်ရှိကိုင်ဆောင်ထားတဲ့ အထောက်အထားတွေကိုလည်း ကိုယ်နဲ့ မကွာ ဆောင်ထားဖို့ လိုပါတယ်” ဟု မလေးရှား – မြန်မာလူမှုရေးအသင်း (MMA) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကွာလာလမ်ပူနှင့် ဆလန်ဂေါပြည်နယ်တို့တွင် တရားမဝင်နေထိုင်မှုများဖြင့် နာမည်ကြီးနေသော နေရာဒေသ ၁၀၀ ဝန်းကျင်နှင့် ကျန်ပြည်နယ်များတွင် ၁၀၀ ခန့်ရှိကြောင်း မလေးရှားအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကွာလာလမ်ပူမြို့၊ ချဲရက်စ် (တာမန်မာလူးရီး)ရှိ ညဈေးတန်းကို မလေးရှားအာဏာပိုင်ပူပေါင်းအဖွဲ့က ဇူလိုင်လ ၅ ရက်က ဝင်ရောက်စစ်ဆေးမှုအတွင်း တရားမဝင်ရွှေ့ပြောင်းနိုင်ငံခြားသား ၂၀၀ ခန့်ဖမ်းဆီးခံရမှုထဲမှာ ချင်းလူမျိုး ၆၀ ခန့် ပါဝင်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.