Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မလေးရှားမှာ ချင်းအများစု ပါဝင်သော မြန်မာ ၁၀၀၀ ကျော် ကျားဖြန့်လိမ်လည်ခံရ၍ ငွေကြေးဆုံးရှုံး

မလေးရှားမှာ ချင်းအများစု ပါဝင်သော မြန်မာ ၁၀၀၀ ကျော် ကျားဖြန့်လိမ်လည်ခံရ၍ ငွေကြေးဆုံးရှုံး

0
By Editor on October 6, 2025 Headline

(006SV)

မလေးရှားနိုင်ငံတွင် ချင်းလူမျိုးဒုက္ခသည် အများစုပါဝင်သည့် မြန်မာနိုင်ငံသား ၁၀၀၀ ကျော်သည် “Café Bustelo” ၏ ကျားဖြန့် လိမ်လည်ခံရမှုကြောင့် ငွေကြေးပမာဏများစွာ ဆုံးရှုံးမှုများ တွေ့ကြုံနေရသည်ဟု မလေးရှားနိုင်ငံမှ ချင်းလူမျိုးများက ပြောသည်။

လွန်ခဲ့သော ၃ လခန့်မှစတင်၍ မလေးရှားနိုင်ငံရောက် ချင်းဒုက္ခသည် အသိုင်းအဝိုင်းတွင် ငွေကြေးထည့်ဝင် ရင်နှီးမြှုပ်နှံမှုဖြင့် နေ့စဉ် အမြတ်ငွေ အများအပြား ရနိုင်သည်ဟူသော မက်လုံးဖြင့် “Café Bustelo” ငွေကြေးလုပ်ငန်းအဖွဲ့က စည်းရုံးသည်ဟု သိရသည်။

“တော်တော်များများက ဒုက္ခသည်တွေကနေ ဝင်တဲ့ ၊ လုပ်တဲ့ ချင်းတွေ လူဦးရေ ထောင်ကျော် ရှိတယ်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုက အနည်းဆုံး ရင်းဂစ် ၆၀ ထည့်ရတယ်။ ရင်းဂစ် ၆၀ ထည့်ရင် တစ်ရက်မှာ ၃ ရင်းဂစ်ပြန်ရတယ်။ အဲဒါက အနည်းဆုံး။ နောက် တစ်ဆင့်မှာက ရင်းဂစ် တစ်ထောင်ထည့်ရတယ်။ အဲလို အဆင့်ဆင့်ရှိတယ်။ အဓိကက အွန်လိုင်းမှာ တစ်ယောက် ဝင်သွားတယ် ဆိုရင် နောက်တစ်ယောက် ဝင်ဖို့ Customer တွေ လိုက်ရှာကြတယ်။ လူတစ်ယောက်ဝင်ရင် သူတို့မှာ ရင်းဂစ် ၂၀၊ ၃၀ ဘောနပ် ပေးတာ ရှိတယ်။ ကျနော်တို့ သိသလောက်က တော်တော် များများ ချင်းအသိုင်းအဝိုင်းထဲမှာ ရင်းဂစ် ၅၀၀၀ ကနေ သောင်း ဂဏန်းအထိ ရင်းနှီးမြှုပ်ကြတဲ့ လူတွေ ရှိတယ်” ဟု မလေးရှားမှ ချင်းတစ်ဦးက ပြောသည်။

“Café Bustelo” သည် မလေးရှားနိုင်ငံတွင် တရားဝင် ငွေကြေးအဖွဲ့အစည်းမဟုတ်ဘဲ အက်ပလီကေးဖြင့် အွန်းလိုင်ပေါ်တွင် လည်ပတ်သော အဖွဲ့ဖြစ်ပြီး အစောပိုင်းလများတွင် အမြတ်ငွေများကို ပေးနေသော်လည်း အောက်တိုဘာလ ၂ ရက်၊ ၃ ရက်နှင့် ၄ ရက်မှ စတင်၍ ငွေမထုတ်ပေးမှုများ ဖြစ်ပွားနေသည်ဟု သိရသည်။

“အစပိုင်းမှာ ပေါ်လာတဲ့အချိန်က တော်တော်များများက မြတ်ကြတယ်။ စလုပ်တဲ့ လူတွေက ရင်းဂစ် ၂၀၀၀၊ ၃၀၀၀ ထည့်ပြီး သောင်းဂဏန်းအထိ မြတ်ကြတဲ့ လူတွေလည်း ရှိတယ်။ တချို့က အမြတ်ရတဲ့အချိန်မှာ ရပ်သွားကြတယ်။ တချို့က လွယ်လွယ် ကူကူနဲ့ ငွေ ရမှန်းသိတော့ ဆက်ပြီး ရင်းနှီးမြှပ်နှံမှုတွေ ပိုထည့်တဲ့ လူတွေက၊ အခုက ငွေထုတ်ဖို့ အခက်အခဲ ရှိတယ်။ အခု အောက်တိုဘာလဆန်းမှာ ဝင်တဲ့ လူတွေကြတော့ ဘယ်လိုမှ ထုတ်လို့ မရတဲ့ အနေအထား ရှိတယ်” ဟု မလေးရှားမှ ချင်းလူမျိုး တစ်ဦးက ပြောသည်။

ငွေကြေးရင်းနှီးမြှုပ်နှံမှုတွင် အနည်းဆုံး ရင်းဂစ် ၆၀ မှ စတင်ပြီး တစ်ရက်ကို အတိုး ၃ ရင်းဂစ် ပြန်ရကြောင်း၊ ဒုတိယအဆင့် ရင်းဂစ် ၁၀၀၀ ထည့်ဝင်လျှင် တစ်ရက် ၅၆ ရင်းဂစ်အတိုးရပြီး ၂၅၀၀ ရင်းဂစ် ထည့်လျှင် တစ်ရက် ၁၅၀ ရင်းဂစ်အတိုး ရကြောင်း၊ အမြင့်ဆုံး ရင်းဂစ် ၅၇၀၀ ထည့်လျှင် တစ်ရက် ၃၂၄ ရင်းဂစ် ထုတ်ယူ၍ ရကြောင်း သိရသည်။

အဆိုပါငွေထည့်ဝင်ရုံဖြင့် အမြတ်အများအပြား ရရှိမှုသည် Facebook လူမှုကွန်ယက်စာမျက်နှာ၊ WhatsApp နှင့် Telegram တို့မှ တစ်ဆင့် မလေးရှား ချင်းအသိုင်းအဝိုင်းအကြားမှာ ယခုလများအတွင်း လျင်မြန်စွာ ပျံ့နှံ့ခဲ့ပြီး မိတ်ဆက်ပေးသူ အဖွဲ့ဝင်အသစ် ရှာဖွေပေးနိုင်သူသည် ကော်မရှင်ခရသည်ဟု သိရသည်။

အောက်တိုဘာလဆန်းပိုင်းမှ စတင်၍ ချင်းဒုက္ခသည်အသိုင်းအဝိုင်းတွင် အတိုးထုတ်ယူ ရရှိမှုတွင် တချို့မှာ ရရှိပြီး တချို့မှာ မရရှိမှု ဖြစ်ပွားလာပြီးနောက် ချင်းအသိုင်းအဝိုင်းအတွင်း အဆိုပါငွေကြေးလိမ်လည်မှုနှင့်ပတ်သက်၍ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် ချင်းလူမျိုးနှင့် ချင်းဒုက္ခသည် တစ်ထောင် ခန့်သည် “Cafe Bustelo” ငွေကြေးအဖွဲ့အစည်းထံ ရင်းနှီး မြှုပ်နှံ ကြရာမှ ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပွားနေသကဲ့သို့ မြန်မာနိုင်ငံမှ အခြားလူမျိုးများလည်း ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပွားနေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.