Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မလေးရှားမှာ ယခုလ နှစ်ပတ်အတွင်း ချင်းလူမျိုး ၆၀ ခန့် ဖမ်းဆီးခံထားရဟု CRC ပြော

မလေးရှားမှာ ယခုလ နှစ်ပတ်အတွင်း ချင်းလူမျိုး ၆၀ ခန့် ဖမ်းဆီးခံထားရဟု CRC ပြော

0
By Editor on January 15, 2024 Khonumthung

(006SV)

မလေးရှားနိုင်ငံမှာ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက စီးနင်းရှာဖွေမှုကြောင့် ယခုနှစ် ဇန်နဝါရီလ နှစ်ပတ်အတွင်း ချင်းလူမျိုုး ၆၀ ဝန်းကျင် ဖမ်းဆီးခံထားကြောင်း Chin Refugee Committee မှ တာဝန်ရှိသူက ပြောသည်။

“မနေ့က တနေ့က ရာဝမ်ဘက်မှာ အယောက် ၃၀ ကျော် ဖမ်းခံထိတယ်။ ပြောရမယ်ဆိုရင် (ချင်း)တောင်ပိုင်းက တော်တော် များ များပါတယ်။ ခုချိန်ထိ UN အနေနဲ့က ဘာမှ ဆောင်ရွက်ပေးနိုင်တာ မရှိသေးဘူး။ UN Online လျှောက်ထားတဲ့ဟာကို လူဝင်မူကြီး ကြပ်ရေးက လက်မခံဘူး။ ကျနော်မှတ်တမ်းထဲမှာ အယောက် ၆၀ လောက်ရှိပြီ” ဟု Chin Refugee Committee မှ ဥပဒေပိုင်း ဆိုင်ရာတာဝန်ရှိသူ ကိုပါကုလ်က ပြောသည်။

ဇန်နဝါရီလ ၁ ရက်မှ ယနေ့ ၁၅ ရက်အထိ မလေးရှားနိုင်ငံရောက် ချင်းလူမျိုးများ ၆၀ ခန့် ဖမ်းဆီးခံထားရခြင်းဖြစ်ပြီး ယင်းအထဲတွင် ကလေးငယ်များလည်း ပါဝင်နေသည်ဟု သိရသည်။

ဖမ်းဆီးခံရမှု အများစုမှာ မလေးရှားနိုင်ငံသားများက သက်ဆိုင်ရာအာဏာပိုင်များထံသို့ တိုင်ကြားမှုများ ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်းမှာလည်း မလေးရှားနိုင်ငံတွင် ချင်းလူမျိုး ၃၀၀ ကျော် ဖမ်းဆီးခံရပြီး အထောက်အထားရှိသူများမှာ ပြန်လည်လွတ်မြောက်လာသော်လည်း အထောက်အထား မရှိသူများမှာ ဖမ်းဆီးထောင်ချခံရကာ ပြန်လည်ပို့ဆောင်ခံရသည်ဟု သိရသည်။

ဖမ်းဆီးခံရသော ချင်းလူမျိုးများတွင် တချို့မှာ မိဘများက ဖမ်းဆီးထောင်ချခံရ၍ ပြန်လည်ပို့ခံရမှုများ၊ သားသမီးအဖမ်းခံရ၍ မိဘများသာ မလေးရှားနိုင်ငံတွင် ကျန်ရှိမှုများစသဖြင့် မိသားစု တကွဲတပြားများလည်း ဖြစ်ပွားနေသည်ဟု သိရသည်။

မလေးရှားနိုင်ငံတွင် အာဏာပိုင်များသည် အထောက်အထားမဲ့ နိုင်ငံခြားသားများကို စီးနင်းရှာဖွေမှုများ ပြုလုပ်နေရာ မြန်မာနိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားအများအပြား ဖမ်းဆီးခံနေရသည်ဟု သိရသည်။

ဖမ်းဆီးခံရသော ချင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသားများသည် အချုပ်ထောင်ထဲတွင် စားဝတ်နေရေးမှစ၍ အခက်အခဲ အများအပြား ရင်ဆိုင်နေရသည်ဟု သိရသည်။

မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသော နိုင်ငံခြားသားများကို အမျိုးသားဖြစ်ပါက ထောင် ၃ လနှင့် အမျိုးသမီးများကို ထောင် ၂ လ ချမှတ်၍ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်ပို့ဆောင်လေ့ရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.