Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မလေးရှားရောက် မြန်မာနိုင်ငံသားများကို ပြည်နှင်ဒဏ်ပေးခြင်း ဆိုင်းငံ့ပေးရန် ချင်းပြည်လွှတ်တော် တောင်းဆို

မလေးရှားရောက် မြန်မာနိုင်ငံသားများကို ပြည်နှင်ဒဏ်ပေးခြင်း ဆိုင်းငံ့ပေးရန် ချင်းပြည်လွှတ်တော် တောင်းဆို

0
By Editor on October 8, 2026 Headline

(006SV)

ချင်းအပါအဝင် မြန်မာနိုင်ငံသားများအပေါ် အထူးထည့်သွင်းစဉ်းစားပြီး ပြည်နှင်ဒဏ်ပေးခြင်း ယာယီဆိုင်းငံ့ပေးရန်နှင့် လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ အကာကွယ်ပေးရန် မလေးရှားအစိုးရအဖွဲ့ထံသို့ ချင်းပြည်(Chinland) လွှတ်တော် ဥက္ကဌ ဦးဟုန်းနိုင်း က တောင်းဆိုသည်။

မလေးရှားအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒေတုခ်ဆရီ ဆိုင်ဖူဒင် နာဆူရှင်း ဘင် အစ္စမေးလ်ထံသို့ လိပ်မူ၍ ချင်းပြည် လွှတ်တော်၊ လွှတ်တော်ဥက္ကဌ ဦးဟုန်းနိုင်းက အိတ်ဖွင့်ပေးစာ ပေးပို့၍ အောက်တိုဘာလ ၅ ရက် နေ့စွဲဖြင့် တောင်းဆိုခြင်းဖြစ်သည်။

“Non – Refoulement ၏ အခြေခံမူနှင့်အညီ လူတစ်ဦးကို ဖိနှိပ်ညှင်းပန်းခံရနိုင်ခြင်းနှင့် အသက်နှင့် လွတ်လပ်ခွင့်အပေါ် ပြင်းထန်သည့် အန္တရာယ်များ ရှိခြင်း၊ စစ်ဘေးနှင့် ဒုက္ခကြုံတွေ့နေရသည့် သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများ၊ ဆိုးရွားသော ကျန်းမာရေးအခြေအနေရှိသူများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အသက်အန္တရာယ်၊ ဘေးကင်းလုံခြုံရေးနှင့် ကောင်းကျိုးချမ်းသာကို ထည့်သွင်းစဉ်းစားပေးပါရန်” ချင်းပြည် လွှတ်တော်ဥက္ကဌက တောင်းဆိုသည်။

လူ့ဂုဏ်သိက္ခာနှင့် လူသားချင်စာနာထောင်ထားမှုအား ရှေ့ရှု၍ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ၎င်းတို့၏ အသက်နှင့် ဘေးကင်းလုံခြုံရေး၊ ခြိမ်းခြောက်မှုများမှ လွတ်မြောက်ထွက်ပြေးလားသော မြန်မာနိုင်ငံသားများအပေါ် မလေးရှားအစိုးရအနေဖြင့် အထူးထည့်သွင်း စဉ်းစားပေးရန် ဦးဟုန်းနိုင်းက ဆိုသည်။

မလေးရှားအစိုးရအနေဖြင့် ပြည်နှင်ဒဏ်ပေးခြင်း ဆိုင်းငံ့ပေးရန်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR – မလေးရှား) နှင့် ပူးပေါင်း၍ ယာယီအကွယ်ပေးရေးနည်းလမ်းများကို ညှိနှိုင်းဆောင်ရွက်ပေးရန် ချင်းပြည်လွှတ်တော်က မေတ္တာရပ်ခံထားသည်။

စက်တင်ဘာလ ၂၉ ရက်က မလေးရှားမှ မြန်မာသို့ လူဦးရေ ၁,၄၇၆ ဦးကို ပထမအဆင့်အဖြစ် ပြန်လည်ပို့ဆောင်ခဲ့ပြီး နောက်ထပ် ဖမ်းဆီးထိန်းသိမ်းခံရသော မြန်မာနိုင်ငံသားများကို စစ်ရေးပဋိပက္ခပြင်းထန်နေသာ မြန်မာသို့ ထပ်မံပို့ဆောင်ရန် ပြင်ဆင်နေခြင်းကို ချင်းပြည်လွှတ်တော်အနေဖြင့် လွန်စွာ စိုးရိမ်ပူပန်ကြောင်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားသည်။

ယခုစာသည် မလေးရှား၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မဟုတ်ဘဲ လက်ရှိ မြန်မာ့ပဋိပက္ခအတွင်း လုံခြုံရေးနှင့် လူသားချင်းစာနာမှု အခြေအနေ ဆိုးရွားမှုအောက်မှာ ရှိနေချိန် မလေးရှားမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား များ၏ အသက်၊ လွတ်လပ်ခွင့်နှင့် လူဂုဏ်သိက္ခာကို ထည့်သွင်းစဉ်းစားပေးပါရန် တောင်းဆိုခြင်းဖြစ်သည်ဟု သိရသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖမ်းဝရမ်းကို ရှောင်ရှားရန်၊ CDM မှာ ပါဝင်ခြင်းကြောင့် ဖမ်းဆီးခံရမှုကို ရှောင်ရှားရန်နှင့် နိုင်ငံရေးသမားများ၏ မိသားစုဝင်ဖြစ်မှုကြောင့် ဓါးစာခံအဖြစ် ဖမ်းဆီးခြင်းကို ရှောင်ရှားရန် အပါအဝင် နည်းမျိုးစုံဖြင့် မလေးရှားနိုင်ငံသို့ ဝင်ရောက်လာရခြင်းဖြစ်သည်ဟု ချင်းပြည်လွှတ်တော်ထံမှ သိရသည်။

မလေးရှားနိုင်ငံအစိုးရ၏ ဖိတ်ကြားမှုဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မလေးရှားနိုင်ငံသို့ အောက်တိုဘာလ ၇ ရက်မှ ၈ ရက်အထိ ရောက်ရှိနေပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အပါအဝင် မြန်မာ့ဒီမိုကရေစီ တော်လှန်ရေး အင်အားစုများက အပြင်းအထန် ကန့်ကွက်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်အစိုးရအဖွဲ့ အစည်းအဝေးမှာ လမ်းတံတားပြုပြင်ရေး၊ စစ်ဘေးရှောင်အရေးအပါအဝင် အချက် ၁၄ ချက်ကို ဆုံးဖြတ်ခဲ့ဟု ဆို

မင်းတပ်မြို့အနောက်ခြမ်းရှိ ကျေးရွာနှင့် နေရာတချို့ ဗုံးကြဲခံရ၊ ပြည်သူ ၂ ဦး သေဆုံး၊ ကလေးငယ်များ အပါအဝင် ၃ ဦး ဒဏ်ရာရ

၃ နှစ်ကျော်စစ်ရှောင်သော စက္ကန့်ကျေးရွာပြည်သူတချို့နေရပ်ပြန်၊ နေအိမ်အများစုမီးလောင်ပြာကျသည့်အတွက် ယာယီတဲထိုးကာ နေထိုင်ကြရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 13, 2026

ချင်းပြည်အစိုးရအဖွဲ့ အစည်းအဝေးမှာ လမ်းတံတားပြုပြင်ရေး၊ စစ်ဘေးရှောင်အရေးအပါအဝင် အချက် ၁၄ ချက်ကို ဆုံးဖြတ်ခဲ့ဟု ဆို

November 13, 2026

မင်းတပ်မြို့အနောက်ခြမ်းရှိ ကျေးရွာနှင့် နေရာတချို့ ဗုံးကြဲခံရ၊ ပြည်သူ ၂ ဦး သေဆုံး၊ ကလေးငယ်များ အပါအဝင် ၃ ဦး ဒဏ်ရာရ

November 13, 2026

ZCDF- Zo Army ကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်း

November 12, 2026

၃ နှစ်ကျော်စစ်ရှောင်သော စက္ကန့်ကျေးရွာပြည်သူတချို့နေရပ်ပြန်၊ နေအိမ်အများစုမီးလောင်ပြာကျသည့်အတွက် ယာယီတဲထိုးကာ နေထိုင်ကြရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.