Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မလေးရှားသို့သွားရာလမ်းခုလတ်တွင် ကွယ်လွန်ခဲ့သည့် Tg. Pau Lam Kim ၏ သူငယ်ချင်း ၃ ဦး အချုပ်မှလွတ်မြောက်လာပြီးနောက် မြန်မာသို့ပြန်ပို့

မလေးရှားသို့သွားရာလမ်းခုလတ်တွင် ကွယ်လွန်ခဲ့သည့် Tg. Pau Lam Kim ၏ သူငယ်ချင်း ၃ ဦး အချုပ်မှလွတ်မြောက်လာပြီးနောက် မြန်မာသို့ပြန်ပို့

0
By Editor on May 20, 2026 Headline

(004SS)

မလေးရှားသို့အသွား လမ်းခုလတ်တွင် သူငယ်ချင်းဖြစ်သူ ကွယ်လွန်မှုကြောင့် ထိုင်းနိုင်ငံ၌ ထိန်းသိမ်းခံခဲ့ရသည့် ချင်းလူငယ် ၃ ဦးကို ယနေ့ ညနေပိုင်းတွင် ထိုင်းလူဝင်မှုကြီးကြပ်ရေး (Immigration) စခန်းမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ချင်းလူငယ် ၃ ဦးသည် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့မှစတင်ကာ ဆောင်ခလာပြည်နယ်၊ Khuan Meed ရဲစခန်း တွင် ၁၄ ရက်ကြာထိန်းသိမ်းခံခဲ့ရပြီးနေက် ဧပြီလ ၂၄ ရက်နေ့တွင် Danok Sadoa လူဝင်မှုကြီးကြပ်ရေးစခန်းသို့ ပြောင်း ရွှေ့ခံခဲ့ရပြီး ၁ လခန့်အကြာ ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံဘက်သို့ပြန်လည်ပို့ဆောင်လိုက်ပြီဟု အမှုလိုက်ပါဆောင်ရွက် ပေးသူ ဆရာအာဒမ်ကပြောသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့က ချင်းလူငယ် Tg. Pau Lam Kim သည် သူငယ်ချင်း ၃ ဦးနှင့်အတူ ထိုင်းနယ် စပ်မှတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်စဉ် မြန်မာလုပ်သားများ ပြည့်ကြပ်စွာ တင်ဆောင်လာသည့် ကားပေါ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က ကားမောင်းသမားသည် ရုပ်အလောင်းအား ပင်လယ်ထဲသို့ စွန့်ပစ်ရန် ကြိုးစားခဲ့သော်လည်း အတူပါလာသည့် သူငယ်ချင်း ၃ ဦးက အပြင်းအထန် တားဆီးခဲ့ကြသဖြင့် ရုပ်အလောင်းနှင့်အတူ ၎င်းတို့ ၃ ဦးကို ဆောင်ခလာကမ်းခြေ အနီးတွင် ချန်ထားခဲ့ခြင်းဖြစ်ပြီး၊ ရုပ်အလောင်းနှင့်အတူ ကျန်ရစ်စဉ် လမ်းသွားလမ်းလာများကို အကူအညီတောင်းခံရာမှ တစ်ဆင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ကွယ်လွန်သူ Tg. Pau Lam Kim ၏ ရုပ်အလောင်းကိုမူ ဧပြီလ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်သယ် ဆောင်နိုင်ခဲ့ပြီး၊ ဧပြီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် ၎င်း၏ဇာတိဖြစ်သော တီးတိန်မြို့နယ် Tuivial ရွာ၌ ဂူသွင်းသဂြိုဟ်ပြီး ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ကြုံတွေ့ခဲ့ရသည့် နစ်နာမှုများအတွက် ပွဲစားအဖွဲ့ဘက်မှ တာဝန်ယူဆောင်ရွက်ပေးမှုအချို့ ရှိကြောင်း ကြားသိရသော်လည်း ဆောင်ရွက်ပေးသည့် အသေးစိတ် အခြေအနေနှင့် ပတ်သက်၍မူ တိတိကျကျ မသိရပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်က ချင်းတောင်ပိုင်း ထိုးစစ်ဆင်မှုမှာ မြို့များကို လေကြာင်းဗုံးကြဲမှု ၁၀ ရက်အတွင်း ၂၅ ကြိမ် ပြုလုပ်

မြို့သိမ်းတိုက်ပွဲသတင်းများကြောင့် တိမ်းရှောင်ခဲ့ကြသည့် တီးတိန်မြို့ခံ ပြည်သူများ နေရပ်ပြန်

အိန္ဒိယ-မြန်မာနယ်စပ် တမူးခရိုင်မှာ (၄) လအတွင်း စစ်တပ်ကြောင့် အရပ်သား(၁၀) ဦးသေဆုံး၊ ဖမ်းဆီးခံရသူ (၁၈) ဦးခန့်ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.