Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မလေးရှားသို့အသွားလမ်းခုလတ်တွင် သေဆုံးခဲ့သော ချင်းလူငယ်၏ ရုပ်အလောင်း နေရပ်ပြန်သယ်နိုင်တော့မည်
ပုံစာ - "သေအတူ ရှင်မကွာ" မြင့်မြတ်တဲ့စိတ်ထားဖြင့် သူငယ်ချင်းဖြစ်သူ၏ ရုပ်အလောင်းကို ဖက်တွယ်ကျန်ရစ်ခဲ့သော Cin Pian Nang

မလေးရှားသို့အသွားလမ်းခုလတ်တွင် သေဆုံးခဲ့သော ချင်းလူငယ်၏ ရုပ်အလောင်း နေရပ်ပြန်သယ်နိုင်တော့မည်

0
By Editor on April 22, 2026 Headline

(004SS)

မလေးရှားနိုင်ငံသို့အသွား လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့သည့် ချင်းလူငယ် Tg. Pau Lam Kim ၏ ရုပ်အလောင်းအား နေရပ်သို့ ပြန်လည်သယ်ဆောင်နိုင်ရန်အတွက် လက်ရှိတွင် ထိုင်းအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက် မှုများ အဆင်ပြေချောမွေ့သွားပြီဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်အား ကူညီဆောင်ရွက်ပေးနေသူ ဆရာအာဒမ်၏ ပြောကြားချက်အရ ရုပ်အလောင်းအား ယနေ့ ဧပြီလ ၂၂ ရက်နေ့ တွင် မြန်မာပြည်သို့ ပို့ဆောင်ရန် စီစဉ်ထားသော်လည်း ဆရာဝန်၏ ဆေးစာလက်မှတ် ထပ်မံစောင့်ဆိုင်းနေရသောကြောင့် သယ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ဒီနေ့ ရဲစခန်းမှာ တော်တော်ကြာသွားတယ်။ ရဲဘက်က စာရင်းဇယားတွေ သေချာမလုပ်ထားတာရယ်၊ အထက်က လက်မခံလို့ဆိုပြီး ပြန်ခေါ်တာရယ်ကြောင့် အစအဆုံး ပြန်ဖြေခဲ့ရတယ်။ အခုတော့ အလောင်းယူမဲ့ ကိုယ်စားပြု လက်မှတ်ထိုးတာတွေ အကုန်ပြီးသွားပါပြီ။ မနက်ဖြန် ဆရာဝန်လက်မှတ်ရတာနဲ့ ရဲစခန်းကလည်း လက်မှတ်ထိုးပေးမယ်။ အဲဒီစာရွက်ရပြီဆိုရင်တော့ အလောင်းသယ်မဲ့သူက မြဝတီအထိ သယ်သွားမှာပါ။” ဟု ဆရာ အာဒမ်ကပြောသည်။

ရုပ်အလောင်းထုတ်ယူရေး လုပ်ငန်းစဉ်တွင် ကွယ်လွန်သူနှင့် ဆွေမျိုးတော်စပ်ကြောင်း အထောက်အထား ခိုင်လုံစွာ မပြနိုင်ခြင်းကြောင့် အချိန်ကြာမြင့်ခဲ့ခြင်းဟု သိရပြီး ရှေ့နေတစ်ဦး၏ အကူအညီဖြင့် ရဲတပ်ဖွဲ့နှင့် အကြိမ်ကြိမ် ညှိနှိုင်းခဲ့ရကြောင်း သိရသည်။

Tg. Pau Lam Kim ၏ ရုပ်အလောင်းကို ထိုင်းရဲတပ်ဖွဲ့က ထိန်းသိမ်းထားသည်မှာ ယနေ့တွင် ၁၂ ရက်ရှိလာပြီဖြစ်သည်။

အဆိုပါဖြစ်စဉ်တွင် သေဆုံးသူနှင့်အတူ လိုက်ပါလာပြီး သတိလစ်ကာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေခဲ့ရသည့် Tg. Kap Lian မှာလည်း ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီးနောက် ဧပြီလ ၂၀ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း ထာသည်ဟုသိရသည်။

“တနင်္လာနေ့ က ဆေးရုံကနေ လူနာသက်သာပြီဆိုပြီး ဖုန်းဆက်လာတယ်။ ရဲတွေကလည်း စာရင်းဇယားတွေ ဝင်ထားပြီး သားမို့လို့ မဖမ်းလို့မရဘူး၊ ဥပဒေအတိုင်းပဲ လုပ်ရမယ်လို့ ပြောပါတယ်။ အခု အဲဒီညီလေးကိုတော့ ရဲတွေက ခေါ်သွားကြ ပါပြီ” ဟု ဆရာအာဒမ်က ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့က ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် မလေးရှားသွားမည့် မြန်မာလုပ်သားများ ပြည့်ကြပ်စွာ တင်ဆောင်လာသော ကားပေါ်တွင် Tg. Pau Lam Kim သည် အသက်ရှူကျပ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့သေဆုံးသည့်အခါ ကားသမားက ရုပ်အလောင်းကို ပင်လယ်ထဲသို့ စွန့်ပစ်ရန် ကြိုးစားခဲ့သော်လည်း အတူပါလာ သည့် သူငယ်ချင်းများက တားဆီးခဲ့ကြသည့်အတွက် ဆောင်ခလာကမ်းခြေအနီးတွင် ကွယ်လွန်သူ၏ သူငယ်ချင်းများ ဖြစ်ကြသည့် Tg. Cin Pian Nang( Nangpi) ၊ Singpi နှင့် သတိလစ်လူနာ Tg. Kap Lian တို့ကို ရုပ်အလောင်းနှင့်အတူ ချန်ထားခဲ့ကြခြင်းဖြစ်သည်။

နောက်ထပ် ကားတစ်စီးဖြင့် လိုက်ပါလာသူများက ကျန်းမာသူနှစ်ဦးအား ခရီးဆက်ရန် ပြောဆိုခဲ့သော်လည်း ၎င်းတို့က သူငယ်ချင်းများအတွက် နေရစ်ခဲ့ကြပြီးနောက် အကူအညီတောင်းခံခဲ့ရာမှတစ်ဆင့် ထိုင်းအာဏာပိုင်များ၏ ထိန်းသိမ်း ခြင်းကို ခံခဲ့ကြရခြင်းဖြစ်ကြောင်း ထိန်းသိမ်းခံရသူ လူငယ်များပြောပြချက်အရ သိရသည်။

လက်ရှိတွင် ကျန်ရစ်သူ ချင်းလူငယ် ၃ ဦးတို့သည် တရားမဝင် ဝင်ရောက်မှုဖြင့် အမှုဖွင့်ခံထားရခြင်းကြောင့် ဥပဒေလုပ်ထုံး လုပ်နည်းများအရ ထောင်ဒဏ် (သို့မဟုတ်) လူဝင်မှုကြီးကြပ်ရေးဌာနမှတစ်ဆင့် ပြည်နှင်ဒဏ်ပေးခြင်း ခံရဖွယ်ရှိနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်း- ဟားခါးလမ်းမှာ နှစ်ဖက်ညှပ်ထိုးစစ်ဆင်သော စစ်တပ် တိုက်ခိုက်ခံရ ၊ ဗျူဟာမှူး အပါအဝင်အရာရှိ ၄ ဦး ဒဏ်ရာရရှိပြီး ၄ ဦးသေဆုံး

ချင်းပြည်နယ်က စစ်ရေးအခြေအနေကြောင့် မီဇိုရမ်ဘက်သို့ စစ်ဘေးရှောင် ၈၀၀ ကျော်ထပ်မံဝင်ရောက်

ကလေးမြို့မှာ ဒုအရာခံဗိုလ်တစ်ဦးနှင့် တပ်သားတစ်ဦးကို ကလေးမြို့ UG တပ်ဖွဲ့က ရှင်းလင်း

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.