Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»မိဘနှစ်ပါလုံး quarantine ဝင်သွားရင် ကျန်ခဲ့တဲ့သင့်သားသမီးတွေဘယ်လိုရင်ဆိုင်ကြမလဲ

မိဘနှစ်ပါလုံး quarantine ဝင်သွားရင် ကျန်ခဲ့တဲ့သင့်သားသမီးတွေဘယ်လိုရင်ဆိုင်ကြမလဲ

0
By Editor on April 19, 2021 Featured
COVID-19 ဗိုင်းရပ် (စ်) ဟာ တစ်ကမ္ဘာလုံးမှာသာမက အခုဆိုရင်မြန်မာနိုင်ငံမှာလည်း ပြန့်နှံ့မှုက လျှင်မြန်လာပါတယ်။ ဒီလိုအခါမျိုးမှာ မိသားစုလိုက်ဂရုစိုက်ဖို့လိုအပ်ပါတယ်။
ဒီလိုမျိုးဂရုစိုက်နေတဲ့ကြားက မိဘနှစ်ပါးလုံးရောဂါပိုးရှိတဲ့သူတွေနဲ့ထိတွေမိပြီး ကူးစက်နိုင်ခြေရှိလို့ quarantine ဝင်ရတဲ့အခြေနေမျိုးတွေကြုံလာတဲ့အခါ မိမိအိမ်မှာ ကိုယ့်ရဲ့သားသားမီးမီးပဲကျန်ခဲ့မယ်ဆိုရင် ဘယ်လိုဖြေရှင်းကြမလဲ။ ကလေးတွေနားလည်အောင် ဘယ်လိုရှင်းပြမလဲ။
ကိုယ်နဲ့ ဝေနေစဉ်ကာလအတွင်းမှာကြုံရမယ့်အခက်ခဲတွေကိုရင်ဆိုင်ဖြေရှင်းတတ်အောင် ဘယ်လိုကူညီပေးရမလဲဆိုတာနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တစ်ချို့ကိုဝေမျှခြင်ပါတယ်။
၁) ကိုယ့်ကလေးတွေက မူကြိုနဲ့ မူလတန်းရွယ်ကလေးတွေဖြစ်မယ်ဆိုရင် ဖေဖေမေမေတို့က သားသားမီးမီးတို့ အအေးမိမှာဆိုလို့ ရက် ၁၄ ခွဲနေကြောင်းပြောပြပါ။ အဲ့ဒါအပြင် ဖေဖေမေမေတို့ဆီကနေ ဘယ်သူကိုမှအအေးမိတာမကူးစက်စေချင်လို့ခွဲနေရကြောင်းသေချာရှင်းပြပါ။
၂) ကျောင်းနေအရွယ်ကလေးတွေဖြစ်မယ်ဆိုရင် ဒီထက်ပိုတိကျစွာရှင်းပြပါ။ ကိုယ်တိုင်နဲ့ ကိုယ့်မိသားစုအတွက် ပြီးတော့ဒီလိုခွဲနေခြင်းဟာ လူမှုအဖွဲ့စည်းပေါ်မှာလည်းအကျိုးပြုကြောင်း၊ ကောင်းတဲ့လုပ်ရပ်ဖြစ်ကြောင်း နားအောင်ရှင်းပြပါ။ ရောဂါနဲ့ပတ်သက်တဲ့အရေးကြီးတဲ့အချက်တွေကိုလည်းဝေမျှပေးပါ။
၃) အဓိကပြောရမှာက ဖေဖေမေမေတို့က ဆိုးဆိုးရွားရွားဖျားနာတာမဟုတ်ဘူး။ ဖေဖေမေမေတို့ဆီကနေ တခြားသူတွေမကူးစက်အောင်သီးသန့်ခွဲနေတာဖြစ်ကြောင်းသေချာရှင်းပြပါ။ ရက် ၁၄ ပြီးရင်အရင်လိုအတူတူပြန်နေမယ်၊ အခုတော့ ဘိုးဘိုးဖွားဖွား၊ ဘဘ ဒေါ်လေးတို့နဲ့ခဏနေရမယ်၊ ဖေဖေမေမေတို့ကိုလွမ်းရင် ဗီဒီယိုကောလ်ခေါ်ပြီးစကားပြောကြမယ် ဆိုတာတွေကို နားလည်အောင်ရှင်းပြသင့်ပါတယ်။
မိဘများအနေနဲ့လည်း ကိုယ်တိုင်စိုးရိမ်ထိတ်လန့်မှုတွေ၊ ကလေးများအတွက်ပူပန်မှုတွေရှိနေမှာဖြစ်ပါတယ်။ ဒါပေမယ့်ဒီလိုခွဲနေခြင်းဟာ အကောင်းဆုံးဖြစ်တယ်ဆိုတာကို လက်ခံရပါမယ်။ ကို်ယ်တိုင်လည်း သားသမီးတွေကိုလွမ်းစွတ်ဒဏ်ကိုခံနိုင်ရည်ရှိရပါမယ်။ မတော်တဆ တစ်သက်လုံးမခွဲရဖို့ အခုခွဲနေခြင်းဟာ ယာယီပဲဖြစ်တယ်ဆိုတာ စိတ်ထဲဆွဲမှတ်ထားမယ်ဆိုရင် ကလေးတွေခွန်အားရှိအောင်ကိုယ်တိုင် လက်တွေ့ကျကျကူညီပေးနိုင်မှာဖြစ်ပါတယ်။ ခွဲနေပြီး ၁၄ ရက်ပြည့်ရင် ပျော်ပျော်ရွှင်ရွှင်ပြန်ဆုံကြရမှာဖြစ်လို့ စိတ်ဓာတ်မကျပဲလက်တွေ့ကျကျလုပ်ဆောင် သင့်ပါတယ်။
တချို့ကလေးတွေဟာမိဘနဲ့ခွဲနေရလို့ မကျေနပ်ဖြစ်ပြီးနည်းနည်းအစွန်းရောက်တဲ့တုန့်ပြန်မှုတွေဖြစ်တဲ့ ကြောက်စိဝင်တာ၊ စိတ်ဓာတ်ကျတဲ့လက္ခာတွေ၊ တစ်ယောက်တည်းငြိမ်နေပြီး ကုပ်ခြစ်နေမယ်၊ ခဏခဏငိုမယ်၊ အစားမစားဘူး၊ အိပ်လည်းမအိပ်ဘူး၊ စိတ်တိုနေမယ်၊ တွေ့ရာနဲ့ကောက်ပေါက်နေမယ်၊ လူကြီးတွေထိန်းရခက်လာမယ်ဆိုရင် ကလေးစိတ်ပညာရှင်တွေနဲ့ပြပြီးကုသမှုခံယူရမှာဖြစ်တယ်။ သူတို့တွေဟာသင့်ကလေးကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး အကြံဉာဏ်တွေပေးနိုင် ပါတယ်။
ကိုယ်ကကိုယ့်ကလေးတွေကိုအခွဲနိုင်လို့ ဒီအတိုင်းဆက်ပြီးအိမ်မှာနေမယ်ဆိုရင် ကိုယ်ကူးစက်ခံထားရရင် ကိုယ့်ရဲ့သားသမီးတွေကိုပါကူးစက်မှာဖြစ်ပါတယ်။ ဒါကြောင့် သင့်သားသမီးတွေကို သင်ပေးပါ၊ နားလည်အောင်ရှင်းပြပါ၊ သင်ကသာ သင့်သားသမီးများအတွက်လက်ဦးဆရာဖြစ်ပါတယ်။
အခုအခြေနေကမိဘနှစ်ပါးလုံး quarantine ဝင်သွားတဲ့အခြေနေဖြစ်ပါတယ်။ ဖခင် (သို့) မိခင် ကျန်ခဲ့ရင်တော့ ကလေးတွေအတွက် စိတ်လုံခြုံမှုရစေမှာဖြစ်ပါတယ်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

#Article”ချင်းကို ကာရံညှိခြင်း”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.