Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်တဝန်းလုံးတွင် နေအိမ်ရာချီပျက်ဆီးမှုရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်တဝန်းလုံးတွင် နေအိမ်ရာချီပျက်ဆီးမှုရှိ

0
By Editor on May 19, 2023 Khonumthung

(02HH)

မိုခါဆိုင်ကလုန်းမုန်းတိုင်းကြောင့် ချင်းပြည်နယ်တဝန်းလုံးတွင် လူနေအိမ် ရာနှင့်ချီပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု သိရသည်။

မေလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့က တိုက်ခိုက်ခဲ့သော အလွန်အားကောင်းသည့် မိုခါဆိုင်ကလုံးမုန်တိုင်းကြောင့် ချင်းပြည်နယ်တွင် မတူပီမြို့နယ်သည် ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ပြီး ချင်းပြည်နယ်တဝန်းလုံးတွင် နေအိမ်ပျက်စီးမှု ၅၀၀ ကျော်ခန့်ရှိသည်ဟု Chin Health Organization က ဖော်ပြသည်။

ယင်းဖော်ပြချက်အရ မတူပီမြို့နယ် ဟုန်လေးကျေးရွာတွင် အိမ်ခြေ (၆၀)၊ ထောင်လန်ကျေး ရွာတွင် (၂၀) ၊ရွာဗားကျေးရွာတွင် (၂၃)၊Kihlueng ကျေးရွာတွင် (၂၉) အိမ်နှင့် စပါးကျီးများ၊ ဖနိုင်ကျေးရွာတွင် (၂၀၀) နီးပါး၊ တိန်ဆီးကျေးရွာ တွင် (၁၁၅)၊ လိုင်လင်းပီမြို့ပေါ်မှ လူနေအိမ် (၁၀၀) နီးပါး၊ ထောင်လန်ကျေးရွာတွင် (၅၂) အိမ်တို့ ပျက်စီးခဲ့သည်ဟု သိရသည်။

CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးက “အခုကျွန်တော်တို့ဌာနချုပ်က အကုန်လုံးပျက်စီးတယ်။ အိမ်တလုံး မှမကျန်ဘူး။ နည်းနည်းအဆင်ပြေတဲ့ဟာဆိုလို့ဘာမှမရှိဘူး။ အခုပဲ ဘာပဲဖြစ်ဖြစ်မိုးရွာရင်တော့ အိပ်လို့ရ အောင်ဆိုပြီး မိုးကာတဲထိုးဖို့လုပ်နေတာ။ အကုန်လုံးပြန်လုပ်ဖို့ဆိုရင် တပတ် နှစ်ပတ်ကြာမယ် ထင်တာထက် တော်တော်လေးကို ဆုံးရှုံးမှုများသွားတယ်။” ဟု ပြောသည်။

အဆိုပါ ဆိုက်ကလုံးမုန်တိုင်းမှာ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှ မုန်တိုင်းဗဟိုပြုချက် လေတိုက်နှုန်း တစ်နာရီတွင် ၁၃၀ မိုင်ကျော်အထက်နှင့် ဝင်ရောက်ခဲ့ကာ ချင်းပြည်နယ်၊ မတူပီမြို့အနီးမှ စစ်ကိုင်းတိုင်းအထက်ပိုင်းသို့ ရွေ့လျားတိုက်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မိုးလေဝသပညာရှင်များက ပြောဆိုထားသည်။

ယင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ကန်ပက်လက်မြို့နယ်တွင် စစ်ဘေးရှောင်စခန်းများအပါအဝင် နေအိမ် (၂၀) ကျော်၊ ပလက်ဝ-ဆမီးမြို့ပေါ်နှင့် ကျေးရွာများတွင် လူနေအိမ် (၁၀၀) ကျော် မင်းတပ်မြို့နယ်တွင် (၂၀)၊ တီးတိန်မြို့နှင့် တွန်းဇံမြို့နယ်တို့တွင် ကြီးကြီးမားမားထိခိုက်ပျက်ဆီးမှုမရှိကြောင်း သိရှိရသည်။

ထို့အပြင် ဖလမ်းမြို့နယ် ဇန်နီယက် (Zanniatram) တောင်ကြောတွင် ဘုရားကျောင်းနှင့် လူနေအိမ် အပါအဝင် အိမ်ခြေ (၃၄) လုံး၊ ဆိန်ကျိန်း(Simcing) ကျေးရွာတွင် RC ဘုရားကျောင်းနှင် လူနေအိမ် (၁၁) လုံး၊ တလိုင်ဖိုင် (Tlangphai) ကျေးရွာတွင် ကျောင်းနှင့် လူနေအိမ် (၃) လုံး၊ နှီယန်ရိုန်း (Heiangrun) ကျေးရွာတွင် (၁၄) လုံး၊ လုမ်သဲကျေးရွာတွင် (၆) လုံး ပျက်ဆီးခဲ့သည်ဟုသိရသည်။

ချင်းပြည်နယ် ဟားခါးမြို့နယ် ဆပ်တား (Sakta) ကျေးရွာတွင်လည်း အိမ်ခြေ (၃၀)၊ ဟားခါးမြို့၊ မြို့သစ် လူနေအိမ် (၁၁) လုံးတို့ဖြစ်ကြပြီး မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရှိရသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီက အင်တာနက်လုံးဝဖြတ်တောက်ထားသည့်အပြင် လက်ရှိမြို့နယ်အများစုတွင်လည်း ဖုန်းလိုင်းများပါ ဖြတ်တောက်ထားဆဲဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မည့် သတင်းအချက်အလက်များ သိရှိနိုင်ရန် အခက်အခဲကြုံခဲ့ကြရပြီး ယခုလက်ရှိတွင်လည်း ကူညီကယ်ဆယ်ရေးပိုင်းတွင် အခက်အခဲကြုံနေကြရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.