Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ လူနေအိမ် ၁၇၀၀ ကျော်ပျက်စီး

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ လူနေအိမ် ၁၇၀၀ ကျော်ပျက်စီး

0
By Editor on May 19, 2023 Headline

(01RB)

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ လူနေအိမ် ၁၇၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) က မေလ ၁၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

အလွန်အားကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၁၄ ရက်နေ့က ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးက ဖြတ်ကျော်ဝင်ရောက်ခဲ့ကာ ချင်းပြည်နယ်ဘက်ကိုလည်း တစ်နာရီ မိုင် (၅၀) ကနေ (၇၀) အထိ တိုက်ခိုက်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

မိုခါဆိုင်ကလုံးမုန်တိုင်းကြောင့် ချင်းပြည်နယ် ၉ မြို့နယ်စလုံးအနက် မတူပီ၊ ပလက်၀နဲ့ မင်းတပ်မြို့နယ်တို့မှာ ထိခိုက်ပျက်စီးမှုအများဆုံးခဲ့ရှိပြီး ချင်းပြည်နယ်တဝန်းလုံးမှာ လူနေအိမ်ခြေ ၁၇၇၄ အိမ်ပျက်စီးခဲ့သည်ဟု ICNCC ကဆိုပါတယ်။

ICNCC ရဲ့မှတ်တမ်းအရ မတူပီမြို့နယ်မှာ အိမ်ခြေ ၈၈၇၊ မင်းတပ်မြို့နယ်မှာ ၃၆၄၊ ပလက်ဝမြို့နယ်မှာ ၂၂၀၊ ကန်ပက်လက်မြို့နယ်မှာ ၁၁၂ ၊ ဟားခါးမြို့နယ်မှာ ၈၅၊ ဖလမ်းမြို့နယ်မှာ ၇၄ ၊ ထန်တလန်မြို့နယ်မှာ ၂၇၊ တီးတိန်မြို့နယ်မှာ ၅ အိမ် နဲ့ တွန်းဇံမြို့နယ်မှာတော့ အပျက်အစီးမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် မတူပီမြို့နယ်မှာ ဘာသာရေးအဆောက်အဦး ၇ ခု၊ ကျန်းမာရေးအဆောက်အဦး ၄ ခု၊ စာသင်ကျောင်း ၁ ဆောင်၊ မင်းတပ်မြို့နယ်မှာ ဘာသာရေးအဆောက်အဦး ၇ ခု၊ စာသင်ကျောင်း ၁၈ ဆောင်၊ စပါးကျီ ၁၇ ခု၊ ကန်ပက်လက်မြို့နယ်မှာ ဘာသာရေးအဆောက်အဦး ၃ ခု၊ စာသင်ကျောင်း ၅ ခု၊ စပါးကျီ ၂ ခု၊ ဖလမ်းမြို့နယ်မှာ ဘာသာရေးအဆောက်အဦး ၉ ခု၊ စာသင်ကျောင်း ၅ ခုနဲ့ ဟားခါးမြို့နယ်မှာ ဘာသာရေးအဆောက်အဦး ၁ ခု ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ယခုစာရင်းဟာ မေလ ၁၇ ရက်နေ့အထိ ရရှိထားသောစာရင်းဖြစ်ပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် အချိန်နဲ့အမျှ အပြောင်းအလဲရှိနိုင်တယ်လို့ ICNCC ကဆိုပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးသင့်မြို့နယ်တွေအတွက် ပျက်စီးသွားသော လူနေအိမ်နဲ့ အခြားအဆောက်အဦးတွေပြန်လည်ပြုပြင်ဖို့ အိမ်မိုးသွပ်ပြား၊ အိမ်ရိုက်သံ၊ မိုးကာနဲ့ တာလပတ်တွေ၊ စပါးကျီပျက်စီးသွားတဲ့ဒေသတွေအတွက် ဆန်ရိက္ခာ၊ အခြေခံစားသောက်ကုန် နဲ့ အခြေခံအိမ်သုံးဆေးဝါးတွေလည်း အရေးပေါ်လိုအပ်ချက်ရှိနေတယ်လို့ ICNCC က ထုတ်ပြန်ထားပါတယ်။

ယခုလက်ရှိ ချင်းပြည်နယ်မှာ အင်တာနက်လိုင်း၊ ဖုန်းဆက်သွယ်ရေးလိုင်းတွေပါ ပြတ်တောက်နေတာကြောင့် ပြည်နယ်အတွင်းရှိ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်သတင်းအချက်အလက်ရရှိဖို့ ခက်ခဲနေတယ်လို့လည်း ICNCC က ဆိုပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.