Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

0
By Editor on May 23, 2023 Khonumthung

(05MK)

အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်တွင် ထိခိုက်ပျက်စီးမှု ထပ်တိုးစာရင်းကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ထပ်မံထုတ်ပြန်လိုက်ပြီး ချင်းပြည်နယ်တဝန်းလုံးတွင် လူနေအိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးခဲ့သည်ဟု သိရသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၁၄ ရက်နေ့က ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးက ဖြတ်ကျော်ဝင်ရောက်ခဲ့ကာ ချင်းပြည်နယ်ဘက်ကိုလည်း တစ်နာရီ မိုင် (၅၀) ကနေ (၇၀) အထိ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်တွင် မတူပီ၊ မင်းတပ်၊ ပလက်ဝနှင့် ကန်ပက်လက်မြို့နယ်တို့သည် ထိခိုက်ပျက်စီးမှုအများဆုံးရှိခဲ့သည်ဟု ICNCC ၏ မေလ ၂၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြသည်။

မတူပီမြို့နယ်မှာ အိမ်ခြေ ၁၂၁၁၊ မင်းတပ်မြို့နယ်မှာ ၆၅၄ ၊ ပလက်ဝမြို့နယ်မှာ ၄၀၀၊ ကန်ပက်လက်မြို့နယ်မှာ ၂၁၁၊ ဟားခါးမြို့နယ်မှာ ၁၀၅၊ ဖလမ်းမြို့နယ်မှာ ၁၀၀၊ တီးတိန်မြို့နယ်မှာ ၅၁ နှင့် ထန်တလန်မြို့နယ်မှာ ၄၁ အိမ် စုစုပေါင်း ၂၇၇၄ အိမ်ပျက်စီးခဲ့ပြီး တွန်းဇံမြို့နယ်တွင် အပျက်အစီးမရှိကြောင်း ICNCC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် ချင်းပြည်နယ်တဝန်းလုံးတွင် စာသင်ကျောင်း ၁၈၅ ကျောင်း၊ ဘာသာရေးအဆောက်အဦး ၁၀၂ ခု၊ ကျန်းမာရေးအဆောက်အဦး ၁၂ ခု၊ စပါးကျီ ၂၅၉ ခု၊ ခန်းမဆောင် ၆ ခုတို့ ပျက်စီးခဲ့ပြီး ကျွဲ၊နွား၊ နွားနောက် အကောင် ၅၀၊ ကြက်၊ဘဲ ၁၃ ကောင်နှင့် ဝက်၊ ဆိတ် ၆ ကောင်သေဆုံးခဲ့သည်ဟု သိရသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးသင့်မြို့နယ်များအတွက် ပျက်စီးသွားသော လူနေအိမ်နှင့် အခြားအဆောက်အဦးများ ပြန်လည်ပြုပြင်ရန် အိမ်မိုးသွပ်ပြား၊ အိမ်ရိုက်သံ၊ မိုးကာ၊ တာလပတ်၊ စပါးကျီပျက်စီးသွားသည့်ဒေသများအတွက် ဆန်ရိက္ခာ၊ အခြေခံစားသောက်ကုန် နှင့် အခြေခံအိမ်သုံးဆေးဝါးများလည်း ကူညီထောက်ပံ့ရန် အရေးပေါ်လိုအပ်သည်ဟု ICNCC က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.