Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မိုခါမုန်တိုင်းကြောင့် ပလက်ဝ၊ ဆမီးဘက်တွင် ဆန်ဈေးများ မြင့်တက်

မိုခါမုန်တိုင်းကြောင့် ပလက်ဝ၊ ဆမီးဘက်တွင် ဆန်ဈေးများ မြင့်တက်

0
By Editor on June 23, 2023 Headline

(02HH)

မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက်ပိုင်းတွင် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နှင့် ဆမီးမြို့တို့တွင် ဆန်အပါအဝင် အခြေခံစားသုံးကုန်များ သိသိသာသာ ဈေးနှုန်းမြင့်တက်နေဆဲဖြစ်သည်ဟု သိရသည်။

မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်ကိုဗဟိုပြုတိုက်ခတ်ခဲ့သော အင်အားပြင်းမိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှ ဆန်ဂိုဒေါင်အပါအဝင် ဆန်စက်များလည်း ပျက်ဆီးဆုံးရှုံးမှုရှိခဲ့ပြီးနောက် အခြေခံစားသောက်ကုန်အတွက် ရခိုင်ပြည်နယ်ကို အဓိကအားထားနေရသော ပလက်ဝနှင့် ဆမီးမြို့တို့မှာလည်း ဆန်ဈေးနှုန်းများ မြင့်တက်နေသည်ဟု ပလက်ဝမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောသည်။

“အဓိက မိုခါရဲ့နောက်ဆက်တွဲပေါ့ အများအားဖြင့် ဆမီးနဲ့ ပလက်ဝမြို့က ရခိုင်က ဆီ၊ဆန်၊ဆားမှအစ မှီခိုရတဲ့ အနေအထားဆိုတော့ အရင်က ရိုးရိုးဆန်ကြမ်းကိုတောင် လေးသောင်းတန်ကို အခု ရှစ်သောင်းလောက်ဝယ်ရတယ်၊ ပေါ်ဆန်းအကြမ်းတောင် ၁သိန်းခွဲလောက်ဝယ်ရတယ်။ တမြို့နယ်လုံးခြုံပြောရမယ်ဆိုရင် ဆန်ဈေးက အသကုန်တက်တဲ့ အတွက်ကြောင့် ပြည်သူတွေအားလုံးလိုလိုက အခက်အခဲ ရောက်နေ ကြတယ်။” ဟု ပလက်ဝမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောသည်။

ပလက်ဝမြို့နှင့် ဆမီးမြို့ပေါ်တွင်နေထိုင်ကြသည့် ပြည်သူများသည် တောင်ယာစပါးများကို ကြိုတင်ဝယ်ယူစုဆောင်းခဲ့ကြရပြီး မိုခါမုန်တိုင်းမဖြစ်ပွားချိန်တွင် ပေါ်ဆန်းဂျိုး ဆန်တအိတ်လျှင် (၆၀၀၀၀) ကျပ်ဖြင့် ရှိခဲ့သော်လည်း လက်ရှိတွင် ငွေကျပ် ၁ သိန်းကျော်ဖြင့် ဝယ်ယူစားသုံးနေကြရသည်ဟု သိရသည်။

ပလက်ဝမြို့ခံတစ်ဦးက “မိုခါမုန်တိုင်းမဖြစ်ခင်မှာ ၇ သောင်း ၈ သောင်းရှိတဲ့ဟာကို အခု ကျွန်တို့ တကယ်ဝယ်စားနေတာက ၁ သိန်းနဲ့ ၄ ထောင်လောက်နဲ့ ဝယ်စားနေတယ်” ဟု ပြောသည်။

ယခုလက်ရှိတွင်လည်း အလုပ်ရှားပါးခြင်း၊ ဝင်ငွေနည်းပါးခြင်းတု့ိဖြစ်သည့်အပြင် မိုခါမုန်းတိုင်းဖြစ်ပွားပြီးနောက်ပိုင်း ဆန်ဈေးများ တက်လာသောအချိန်တွင် အခြေခံလက်လုပ်လက်စား ပြည်သူများအတွက် နေ့စဉ်စားဝတ်နေေရးမှာ ပိုမိုခက်ခဲမူများ ရင်ဆိုင်လာကြရကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.