Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မိုခါမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများအတွက် KIO က ကျပ်သိန်း ၂၀၀၀ လှူဒါန်း

မိုခါမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများအတွက် KIO က ကျပ်သိန်း ၂၀၀၀ လှူဒါန်း

0
By Editor on June 6, 2023 Headline

(05MK)

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်ခံခဲ့ရသော ချင်းပြည်သူများအတွက် လူသားချင်းစာနာထောက်ထားသည့် အကူအညီ ကျပ်ငွေ သိန်း ၂၀၀၀ ကို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) က ချင်းအမျိုးသားတပ်ဦး CNF ထံ ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။

မေလ ၁၄ ရက်နေ့က ချင်းလဲန်အတွင်း ဝင်ရောက်ဖြတ်သန်းတိုက်ခတ်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လေဘေးဒဏ်ရင်ဆိုင်နေကြရသော ချင်းပြည်သူများအတွက် လူသားချင်းစာနာထောက်ထားသည့်အကူအညီအဖြစ် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) မှ ပေးအပ်လှူဒါန်းသည့် ကျပ်ငွေ သိန်းနှစ်ထောင်ကို ကောင်းမွန်စွာလက်ခံရရှိသည်ဟု ယနေ့ ဇွန်လ ၅ ရက်နေ့တွင် ချင်းအမျိုးသားတပ်ဦး CNF က ထုတ်ပြန်သည်။

KIO အနေဖြင့် ချင်းလဲန်းပြည်သူများကို စာနာထောက်ထားပြီး ညီရင်းအစ်ကိုစိတ်ဓာတ်ဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ပါဝင်လှူဒါန်းပေးမှုအပေါ် အထူးကျေးဇူးတင်ရှိကြောင်း CNF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အင်အားပြင်းမိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်း၊ စပါးကျီများအပါအဝင် လူနေအိမ် ၂၇၀၀ ကျော်ပျက်စီးခဲ့သည်ဟု ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ၏ စာရင်းအရသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.