Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ္ျပည္နယ္တြင္ တစ္ပတ္အတြင္း Covid-19 ကူးစက္ခံရသူ (၄၁) ဦးရွိ

မီဇိုရမ္ျပည္နယ္တြင္ တစ္ပတ္အတြင္း Covid-19 ကူးစက္ခံရသူ (၄၁) ဦးရွိ

0
By Editor on June 8, 2020 Khonumthung

#Zawgyi

By ရစ္ခ်က္ – ခ်င္းျပည္နယ္ႏွင့္နယ္နိမိတ္ခ်င္းထိစပ္ေနသည့္ မီဇိုရမ္ျပည္နယ္တြင္ တစ္ပတ္အတြင္း Covid-19 ကူးစက္ခံထားရသူ အတည္ျပဳလူနာ (၄၁) ဦးအထိ ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

မီဇိုရမ္ျပည္နယ္တြင္ Covid-19 ေရာဂါပိုးကူးစက္ခံထားရသူ ယခင္ကတစ္ဦးသာရွိခဲ့ၿပီး ထုသူသည္လည္း ေရာဂါပိုးမေတြ႕ေတာ့သည့္အတြက္ ေဆးရံုမွဆင္းခဲ့ၿပီးျဖစ္သည္။

ထို႔ေၾကာင့္ မီဇိုရမ္ျပည္နယ္တြင္ Covid-19 ေရာဂါပိုးကူးစက္ခံရသူ အခ်ိန္အေတာ္ၾကာ မေတြ႕ရွိေတာ့သည့္ေနာက္ပိုင္း ၿပီးခဲ့သည့္ ဇြန္လ ၁ ရက္ေန႕က Covid-19 ေရာဂါပိုးကူးစက္ခံရသူ (၁၂) ဦး ျပန္လည္ေတြ႕ရွိခဲ့ၿပီး ဇြန္လ ၇ ရက္ေန႕အထိ Covid-19 ေရာဂါပိုးကူးစက္ခံထားရသူ (၄၁) ဦးအထိ ရွိေနၿပီးျဖစ္ေၾကာင္း မီဇိုရမ္ျပည္နယ္ ျပန္ၾကားေရးႏွင့္ျပည္သူ႕ဆက္ဆံေရးဦးစီးဌာနက သတင္းထုတ္ျပန္သည္။

Covid-19 ေရာဂါပိုးကူးစက္ခံထားရသူ (၄၁) ဦးတို႕မွာ အိႏိၵယႏိုင္ငံ ျပည္နယ္အသီးသီးတို႕မွ ေနရပ္ျပန္လာၿပီး Facility Quarantine ဝင္ထားသူမ်ားျဖစ္ၾကကာ Covid-19 ပိုးေတြ႕လူနာကုသေပးလ်က္ရွိသည့္ Zoram Medical College တြင္ ကုသမႈခံယူေနၾကေၾကာင္း သိရသည္။

မီဇိုရမ္ျပည္နယ္တြင္ Covid-19 ေရာဂါပိုးကူးစက္ခံထားရသူ စုစုေပါင္း (၄၂) ဦးရွိၿပီး၊ အဆိုပါ (၄၂) ဦးအနက္ (၃၈) ဦးတို႕မွာ နယူးေဒလီကမွ ျပန္လာၾကသူမ်ားျဖစ္ၿပီး၊ ကာလကတၱားၿမဳိ႕မွ ျပန္လာသူ (၂) ဦး၊ Gujarat ၿမဳိ႕မွ ျပန္လာသူ (၁) ဦး ႏွင့္ ေနသာလန္ႏိုင္ငံမွ ျပန္လာသူ (၁) ဦးတို႕ျဖစ္သည္။

ယခုလို တစ္ကမၻာလံုးတြင္ျဖစ္ပြားလ်က္ရွိေသာ Covid-19 ေၾကာင့္ အိႏိၵယႏိုင္ငံျပည္နယ္အသီးသီးတြင္ ေသာင္တင္ေန ၾကေသာ မီဇိုရမ္ျပည္နယ္သားမ်ား ေသာင္းနဲ႕ခ်ီ အစိုးရအစီစဥ္ျဖင့္ အစုလိုက္ျပန္လာၾကသည့္အခ်ိန္ျဖစ္ေသာေၾကာင့္ မီဇိုရမ္တြင္ Covid-19 ေရာဂါပိုးကူးစက္ခံထားရသူဦးေရ ထပ္တိုးလာဖြယ္ရွိေနၾကေၾကာင္း အမ်ားက သံုးသပ္သည္။

#Unicode

By ရစ်ချက် – ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် မီဇိုရမ်ပြည်နယ်တွင် တစ်ပတ်အတွင်း Covid-19 ကူးစက်ခံထားရသူ အတည်ပြုလူနာ (၄၁) ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်တွင် Covid-19 ရောဂါပိုးကူးစက်ခံထားရသူ ယခင်ကတစ်ဦးသာရှိခဲ့ပြီး ထုသူသည်လည်း ရောဂါပိုးမတွေ့တော့သည့်အတွက် ဆေးရုံမှဆင်းခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် မီဇိုရမ်ပြည်နယ်တွင် Covid-19 ရောဂါပိုးကူးစက်ခံရသူ အချိန်အတော်ကြာ မတွေ့ရှိတော့သည့်နောက်ပိုင်း ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က Covid-19 ရောဂါပိုးကူးစက်ခံရသူ (၁၂) ဦး ပြန်လည်တွေ့ရှိခဲ့ပြီး ဇွန်လ ၇ ရက်နေ့အထိ Covid-19 ရောဂါပိုးကူးစက်ခံထားရသူ (၄၁) ဦးအထိ ရှိနေပြီးဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

Covid-19 ရောဂါပိုးကူးစက်ခံထားရသူ (၄၁) ဦးတို့မှာ အိန္ဒိယနိုင်ငံ ပြည်နယ်အသီးသီးတို့မှ နေရပ်ပြန်လာပြီး Facility Quarantine ဝင်ထားသူများဖြစ်ကြကာ Covid-19 ပိုးတွေ့လူနာကုသပေးလျက်ရှိသည့် Zoram Medical College တွင် ကုသမှုခံယူနေကြကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်တွင် Covid-19 ရောဂါပိုးကူးစက်ခံထားရသူ စုစုပေါင်း (၄၂) ဦးရှိပြီး၊ အဆိုပါ (၄၂) ဦးအနက် (၃၈) ဦးတို့မှာ နယူးဒေလီကမှ ပြန်လာကြသူများဖြစ်ပြီး၊ ကာလကတ္တားမြို့မှ ပြန်လာသူ (၂) ဦး၊ Gujarat မြို့မှ ပြန်လာသူ (၁) ဦး နှင့် နေသာလန်နိုင်ငံမှ ပြန်လာသူ (၁) ဦးတို့ဖြစ်သည်။

ယခုလို တစ်ကမ္ဘာလုံးတွင်ဖြစ်ပွားလျက်ရှိသော Covid-19 ကြောင့် အိန္ဒိယနိုင်ငံပြည်နယ်အသီးသီးတွင် သောင်တင်နေ ကြသော မီဇိုရမ်ပြည်နယ်သားများ သောင်းနဲ့ချီ အစိုးရအစီစဉ်ဖြင့် အစုလိုက်ပြန်လာကြသည့်အချိန်ဖြစ်သောကြောင့် မီဇိုရမ်တွင် Covid-19 ရောဂါပိုးကူးစက်ခံထားရသူဦးရေ ထပ်တိုးလာဖွယ်ရှိနေကြကြောင်း အများက သုံးသပ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.