Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်နှင့် ကလေးမြို့အကြား ကားလိုင်းပြေးဆွဲနိုင်ရေး အိန္ဒိယဗဟိုအစိုးရနှင့်ဆွေးနွေး

မီဇိုရမ်နှင့် ကလေးမြို့အကြား ကားလိုင်းပြေးဆွဲနိုင်ရေး အိန္ဒိယဗဟိုအစိုးရနှင့်ဆွေးနွေး

0
By Editor on August 7, 2019 Khonumthung

By မိုးကျော် – အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အကြား ခရီးသည်တင်ကားလိုင်း ပုံမှန်ပြေးဆွဲနိုင်ရေးနှင့်ပတ်သက်၍ အိန္ဒိယဗဟိုအစိုးရ ပြည်ပရေးရာဌာန ၀န်ကြီးထံ တင်ပြထားသည်ဟု မီဇိုရမ်အစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောသည်။

မီဇိုရမ်ပြည်နယ်အစိုးရ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး TJ Lalnuntluanga သည် မကြာသေးခင်ရက်ပိုင်းက နယူးဒေလီရှိ ဗဟိုအစိုးရအဖွဲ့ ပြည်ပရေးရာဝန်ကြီးဌာနမှ ၀န်ကြီး Dr Subramamnya Jaishankar ကိုသွားရောက်တွေ့ဆုံကာ ကျန်ဖိုင်း နှင့် ကလေးမြို့ တာဟန်းအထိ (Bus) ကားလိုင်းပြေးဆွဲခိုင်းမည့်အစီစဉ်နှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းတွင်ဖော်ပြသည်။

“ချင်း(ဇိုး) မျိုးနွယ်စုတွေ ပေါင်းစည်းနိုင်ရေးနဲ့ အပြန်အလှန်ကူးလူးဆက်ဆံနိုင်ဖို့ ကျန်ဖိုင်းနဲ့တာဟန်းအထိ Bus ကားလိုင်း ပြေးဆွဲဖို့ကျနော်တို့ဆန္ဒရှိတယ်၊ အရင်အစိုးရသက်တမ်းက ပြည်ပရေးရာဝန်ကြီးကလည်း ဒီကိစ္စကို သဘောတူထားပြီးဖြစ်တယ်ဆိုတာကို ကျနော်တင်ပြခဲ့တယ်၊ ဒါပေမယ့် ဒီကိစ္စက ရှေ့ဆက်လုပ်ဆောင်ရမယ့်အရာတွေ များသေးတယ်၊ မြန်မာနိုင်ငံအစိုးရနဲ့ ဆွေးနွေးတိုင်ပင်ညှိနှိုင်းရမယ့်ကိစ္စဖြစ်နေတယ် မြန်မြန်ဆန်ဆန်လုပ်ဆောင်လို့ မလွယ်ကူတဲ့အကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးကပြောဆိုခဲ့တယ်’’ ဟု လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး TJ Lalnuntluanga ပြောသည်။ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး TJ Lalnuntluanga သည် နယူးဒေလီရှိ မြန်မာသံအမတ်ကိုလည်းတွေ့ဆုံကာ မြန်မာနိုင်ငံအစိုးရအနေဖြင့် ယခုကိစ္စနှင့်ပတ်သက်၍ လုပ်ဆောင်စရာရှိသည်များကို အမြန်ဆုံးလုပ်ဆောင်ပေးရန် လိုအပ်ကြောင်းပြောဆိုပြီး မြန်မာသံအမတ်က ချက်ချင်းတင်ပြသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ၀န်ကြီးက ပြောဆိုပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.