Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်က မြန်မာစစ်ဘေးရှောင်များကို ဇူလိုင်လကုန်ပိုင်းတွင် ဇီဝမှတ်တမ်းကောက်ယူမည်၊ ဘတ်ဂျက်အတွက် ရူပီး ၃၈ သိန်းကို လတ်တလောလျာထား

မီဇိုရမ်က မြန်မာစစ်ဘေးရှောင်များကို ဇူလိုင်လကုန်ပိုင်းတွင် ဇီဝမှတ်တမ်းကောက်ယူမည်၊ ဘတ်ဂျက်အတွက် ရူပီး ၃၈ သိန်းကို လတ်တလောလျာထား

0
By Editor on July 16, 2025 Khonumthung

(005MK)

စစ်ရေးပဋိက္ခကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း ခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများ ၏ ဇီဝအချက်အလက်မှတ်တမ်းကောက်ယူမှုကို ယခုဇူလိုင်လကုန်ပိုင်းတွင် စတင်မည်ဟုသိရပြီး ယင်းအတွက် ရူပီးငွေ ၃၈ သိန်းကို လတ်တလောလျာထားသည်ဟု သိရသည်။

မီဇိုရမ်ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတချို့၏ ပြောဆိုချက်အရ ဇီဝအချက်အလက်ကောက်ယူနိုင်ရေးအတွက် လိုအပ်သောပစ္စည်းကိရိယာများနှင့် လုပ်ဆောင်ရမည့်အရာများမပြီးပြတ်သေးသည့်အတွက် အလျင်စလိုစတင်၍မရနိုင်ဘဲ ဗဟိုအစိုးရဘက်ကတော့ ဇီဝအချက်အလက်မှတ်တမ်းကောက်ယူမှုကို အွန်လိုင်းဖြင့်ဆောင်ရွက်ရန်ညွန်းကြားလာခြင်းကြောင့် အင်တာနက်ဝန်ဆောင် မှုကောင်းမွန်သော နေရာဒေသများတွင် ဦးစားပေးဆောင်ရွက်သွားမည်ဟု ဒေသတွင်းသတင်းဌာနတွေကဖော်ပြကြပါတယ်။

တချိန်တည်းမှာပဲ မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်အများစုနေထိုင်ကြသည့်နေရာဒေသသည် အင်တာနက်ဝန်ဆောင်မှု အားနည်းသည့်ဒေသများဖြစ်သည့်အတွက် အခက်အခဲများကြုံတွေ့လာနိုင်ပြီး အင်တာနက်ကောင်းမွန်သည့်နေရာများ ကို ဦးစားပေးဆောင်ရွက်ကာ အင်တာနက်မရှိသည့်နေရာများမှာလည်း အော့ဖ်လိုင်းဖြင့်မှတ်တမ်းများကောက်ယူရဖွယ် ရှိနေသည်ဟု ဖော်ပြထားသည်။

“မြန်မာစစ်ရှောင်တွေ ဇီဝအချက်အလက်ကောက်ယူဖို့ ကွန်ပျူတာ၊ ဝဘ်ကင်မရာ နဲ့ အခြားကိရိယာတွေဝယ်ဖို့လိုမယ်၊ ကုန်ကျစရိတ်က ဗဟိုအစိုးရဘက်က ကုန်ကျမယ်ဆိုပေမယ့်လည်း ဗဟိုအစိုးရဘက်က တွန်းအားပေးလာပြီဖြစ်တာကြောင့် ပြည်နယ်အစိုးရဘတ်ဂျက်ထဲကနေ လောလောဆယ်ထုတ်သုံးပြီး လုပ်ငန်းစတင်ဖို့ဖြစ်ပါတယ်၊ လတ်တလော ဘတ်ဂျက်လျာထားချက် ရူပီး ၃၈ သိန်းနဲ့တော့ လောက်ငှမှာမဟုတ်ဘူး ဒါကြောင့်အစိုးရဘက်ကလည်း ထပ်မံစဉ်းစား လာမယ်လို့ယူဆရပါတယ်” လို့ မီဇိုရမ်ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အိန္ဒိယဗဟိုအစိုးရသည် မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်မှတ်တမ်းများကောက်ယူ ရန် ယခင် MNF အစိုးရလက်ထက်ကတည်းက ဖိအားပေးခဲ့ပေမယ့် မီဇိုရမ်အစိုးရက အကြောင်းအမျိုးမျိုးပြ၍ ငြင်းဆိုခဲ့သည်။

မီဇိုရမ်ပြည်နယ်မှာ ZPM အစိုးရတက်လာသည့်နောက်ပိုင်းတွင်လည်း အိန္ဒိယဗဟိုအစိုးရက မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်မှတ်တမ်းကောက်ယူရန် ထပ်မံဖိအားပေးခဲ့ပြီး လက်ရှိအစိုးရက လွန်ဆန်၍မရသည့်အဆုံးတွင် မြန်မာစစ်ဘေးရှောင်များအား ဇီဝအချက်အလက်ကောက်ယူရာမှာ အသုံးပြုမည့် နည်းစနစ်သည် စစ်ဘေးရှောင်များ အတွက် လုံခြုံမှုအာမခံချက်မရှိသောကြောင့် မှတ်တမ်းကောက်ယူမည့်ပုံစံအသစ်ဖန်တီးပေးရန်တောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုချက်အရ အိန္ဒိယဗဟိုအစိုးရက မြန်မာစစ်ဘေးရှောင်များအတွက် ဇီဝမှတ်တမ်းကောက်ယူရာမှာ အသုံးပြုမည့် Foreigners Identification Portal (FIP) ကို အသစ်ပြန်လည်တီထွင်လာပြီးနောက် ဇီဝမှတ်တမ်းများကို အမှန်တကယ်စတင်ကောက်ခံလာတော့မည်ဖြစ်သည်။

မီဇိုရမ်ပြည်ထဲရေးဝန်ကြီးဌာန၏ ဇွန်လ ၂၄ ရက်နေ့ နောက်ဆုံးကောက်ယူထားသည့်မှတ်တမ်းအရ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၂၇၇၅၁ ဦးရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.