Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် ချင်းစစ်ဘေးရှောင်လူငယ်တစ်ဦးသေဆုံး

မီဇိုရမ်တွင် ချင်းစစ်ဘေးရှောင်လူငယ်တစ်ဦးသေဆုံး

0
By Editor on September 21, 2023 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးတိမ်းရှောင်လာသော အသက် ၁၄ နှစ်အရွယ် ချင်းလူငယ်တစ်ဦးသည် ဦးနှောက်အကျိတ် (Brain Tumors) ရောဂါကြောင့် သေဆုံးခဲ့ပြီး အလောင်းသယ်ယူရေးကိစ္စတွင် မီဇိုးလူငယ်များအသင်း (Young Mizo Asso ciation) က ကူညီဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ် ထန်တလန်မြို့နယ် Hripi ကျေးရွာနေ Pu Thang Hung ၏သား အသက် ၁၄ နှစ်အရွယ် Van Dawt Lian Sang သည် ဦးနှောက်အကျိတ်ရောဂါကြောင့် အာသံပြည်နယ် Shillong မြို့တွင် ဆေးကုသမှုခံယူကာ မျှော်လင့်ချက်မရှိတော့သည့်အတွက် မီဇိုရမ်ပြည်နယ်ဘက်သို့ ပြန်လာသည့်အချိန် စက်တင်ဘာလ ၂၀ ရက် Silchar မြို့ပြင်အရောက်တွင် ကွယ်လွန်ခဲ့သည်ဟု မီဇိုရမ်သတင်းစာတွင် ဖော်ပြသည်။

Van Dawt Lian Sang ၏ ရုပ်အလောင်းသည် ယနေ့ညနေပိုင်း ၅ နာရီခွဲခန့်တွင် အိုင်ဇောလ်မြိုသို့ရောက်ရှိလာပြီး Central Young Mizo Association (CYMA) ရုံးချုပ်က ရုပ်အလောင်းကိုလက်ခံခဲ့သည်။ 

CYMA အနေဖြင့် Van Dawt Lian Sang ၏ ရုပ်အလောင်းကို Siaha ခရိုင် Sangau ကျေးရွာဘက်သို့ ဆက်လက်ပို့ဆောင်မည့် ယာဉ်တစ်စီး စီစဉ်ပေးကာ အလှူငွေ ရူပီး တစ်သောင်းလည်း ပေးအပ်ခဲ့သည်ဟု သတင်းစာကဆိုသည်။

ထို့နောက် ယနေ့ည ၆ နာရီခန့်တွင် CYMA ရုံးချုပ်ခန်းမမှတဆင့် Sangau ဘက်သို့ ထွက်ခွါခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.