Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် တရားမဝင်ရွှေပြောင်းနေထိုင်သူများမောင်းထုတ်မည်ဆိုသော သတင်းမှာ ILP မရှိဘဲတရားမဝင်နေထိုင်ကြသော အိန္ဒိယနိုင်ငံသားများကိုသာ ဆိုလိုခြင်းဖြစ်

မီဇိုရမ်တွင် တရားမဝင်ရွှေပြောင်းနေထိုင်သူများမောင်းထုတ်မည်ဆိုသော သတင်းမှာ ILP မရှိဘဲတရားမဝင်နေထိုင်ကြသော အိန္ဒိယနိုင်ငံသားများကိုသာ ဆိုလိုခြင်းဖြစ်

0
By Editor on October 27, 2025 Khonumthung

(005MK)

အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ နှင့် နေထိုင်ခွင့်လက်မှတ်မရှိဘဲ နေထိုင်ကြသူများ အား မောင်းထုတ်သွားမည်ဟု မီဇိုရမ်ဝန်ကြီးချုပ်က ပြောဆိုခြင်းမှာ Inner Line Permit(ILP) မရှိဘဲ မီဇိုရမ် ပြည်နယ် အတွင်းသို့ ဝင်ရောက်နေထိုင်ကြသော အိန္ဒိယနိုင်ငံသားများကို ဆိုလိုခြင်းဖြစ်သည်ဟုသိရသည်။

မကြာသေးခင်ရက်ပိုင်းက ချင်းသတင်းဌာနတချို့တွင် မီဇိုရမ်ပြည်နယ်အတွင်း တရားမဝင်နေထိုင်ကြသူများအားလုံးကို ပြည်နယ်အစိုးရက မောင်းထုတ်မည်ဟု ရေးသားဖော်ပြမှုကြောင့် မီဇိုရမ်ပြည်နယ်တွင်နေထိုင်ကြသော မြန်မာနိုင်ငံသား များအကြား စိုးရိမ်မှုမြင့်တက်ခဲ့ကြသည်။

အိုင်ဇောလ်ခရိုင် Sakawrdai ကျေးရွာတွင် ကျင်းပသော Young Mizo Association(YMA) အထွေထွေညီလာခံကြီး မှာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက တရားမဝင်ပြောင်းရွှေနေထိုင်ကြသူများအား မောင်းထုတ် ရေးအတွက် အိန္ဒိယ ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးများနှင့်လည်း ဆွေးနွေးပြီးဖြစ်သည်ဟု ပြောဆိုကြောင်း ချင်း သတင်းဌာနများတွင်ဖော်ပြကြသည်။

သို့သော်လည်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်မှ ပြောဆိုသွားသည့်အဓိကဆိုလိုရင်းမှာ Inner Line Permit(ILP) မရှိဘဲ မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်ကြသော အိန္ဒိယပြည်မဘက်ကလာသော ဌာနေတိုင်းရင်းသားမဟုတ်သူများ အထူး သဖြင့် ဒေသအခေါ် (Vai) ဟုခေါ်ဆိုကြသော အိန္ဒိယလူမျိုးများကို မောင်းထုတ်ရန် ပြောဆိုသွားခြင်းဖြစ်သည်။

ဌာနေတိုင်းရင်းသားများမဟုတ်သည့် အိန္ဒိယနိုင်ငံသားများသည် မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်မည်ဆိုပါက တရားဝင် ခရီးသွားလက်မှတ်အထောက်အထား ILP ကို ပြုလုပ်ရပြီး ယင်း ILP လက်မှတ်ပါမှသာ မီဇိုရမ်ပြည်နယ်အတွင်းသို့ ဝင်ရောက်နေထိုင်ခွင့်ရှိသည်။

ယခုလက်ရှိတွင် မီဇိုရမ်ပြည်နယ်တွင် ILP မရှိဘဲ တရားမဝင် နေထိုင်ကြသော အိန္ဒိယနိုင်ငံသားအမြောက်အများရှိနေ ကြသည့်အတွက် ထိုသူများကို ပြည်နယ်အစိုးရနှင့် YMA တို့ပူးပေါင်းပြီး ရပ်ကွက်အလိုက် ရှာဖွေဖော်ထုတ်ကာ မောင်း ထုတ်ကြရန် မီဇိုရမ်ဝန်ကြီးချုပ်က ပြောဆိုသွားခြင်းဖြစ်သည်။

ထို့ကြောင့် နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်လာကြသော မြန်မာနိုင်ငံသားများ၊ အလုပ် သမားများ၊ ဆေးဝါးကုသမှုခံယူနေသော တော်လှန်ရေးရဲဘော်များအတွက် အလွန်အမင်းစိုးရိမ်ပူပန်စရာမရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ယခုကဲ့သို့ ILP စနစ်လိုအပ်သော ပြည်နယ်မှာများမှာ မီဇိုရမ်၊ အာရွန်နချယ်၊ မဏိပူရ် နှင့် နာဂလဲန်း ပြည်နယ်တို့ဖြစ်သည်။

ယင်းစနစ်သည် ဒေသအတွင်းလူနည်းစုတို့၏ အကျိုးစီးပွားများကို ကာကွယ်ရန် ဗြိတိသျှလက်ထက်တုန်းက ကနဦးအသုံးပြုခဲ့သည့် ၁၈၇၃ ခုနှစ် ဘင်္ဂလား အရှေ့တောင်တန်း စည်းမျဉ်းဥပဒေအောက်တွင် ပြဌာန်းခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.