Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေးရှောင်ဦးရေ တိုးလာ

မီဇိုရမ်တွင် ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေးရှောင်ဦးရေ တိုးလာ

0
By Editor on September 15, 2021 Khonumthung

ချင်းပြည်နယ် ထန်တလန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသည့် Lungler ကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားတပ်ဦး CNA/CDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း တဖက်အိမ်နီးချင်း မီဇိုရမ်ပြည်နယ် ဘက်သို့ ထွက်ပြေးတိမ်ရှောင်းလာသူ စစ်ဘေးရှောင်ဦးရေ တစ်ရက်ပြီးတစ်ရက်တိုးလာနေပြီး လူဦးရေ ၂၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှာင်များမှာ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် Champhai ခရိုင်၊ Hnahthial ခရိုင်နှင့် Lawngtlai ခရိုင်တို့တွင် ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်။

မီဇိုရမ်အစိုးရနှင့်ဒေသခံပြည်သူများက အစိုးရကျောင်း၊ ခန်းမများတွင်းထားရှိကာ လိုအပ်သော စားနပ်ရိက္ခာ၊ အဝတ်အစား၊ စောင်၊ ကျန်းမာရေးနှင့် ကိုဗစ်-၁၉ စစ်ဆေးမှုများပြုလုပ်ပေးခဲ့ကြပြီး စစ်ဘေးရှောင်များတွင် ကိုဗစ်-၁၉ ကိုးစက်ခံရသူ မရှိသေးကြောင်း The Aizawl Post တွင် ဖော်ပြသည်။

မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဝင်ရောက်လာမှု တစ်ရက်ပြီးတစ်ရက် တိုးများလာသည့်အတွက် လူဦးရေ အတိအကျ မသိရှိနိုင်သော်လည်း Hnahthial ခရိုင်တွင် အများဆုံးဖြစ်ပြီး စစ်ဘေးရှောင် ၁၅၀၀ ကျော် ဝင်ရောက်နေပြီဖြစ်သည်။

စက်တင်ဘာ ၁၄ ရက်နေ့အထိ ရရှိထားသည့်စာရင်းအရ Hnahthial ခရိုင် Thingsai ကျေးရွာတွင် (၅၀၄)၊ Cherhlun ကျေးရွာတွင် (၁၀၅)၊ Ngharchhip ကျေးရွာတွင် (၁၀၃)၊ Ngharchhip ရွာသစ်တွင် (၃၀၀)၊ Khawhri ကျေးရွာတွင် (၈၀)၊ Tarpho ကျေးရွာတွင် (၈၀)၊ Chawngtui ကျေးရွာတွင် (၂၀) နှင့် Bualpui H တွင် (၁၀၀) ရှိသည်။

အိန္ဒိယ-မြန်မာနယ်စပ် Champhai ခရိုင်အတွင်း စစ်ဘေးရှောင် ၅၀၀ ကျော် ဝင်ရောက်လာကြောင်းလည်း သိရသည်။ ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင် (၁၀၆)၊ Vaphai ကျေးရွာတွင် (၁၈၄)၊ Khankawn ကျေးရွာတွင် (၆၁)၊ Dungtlang တွင် (၁၀)၊ Thekte တွင် (၅၁)၊ Thekpui တွင် (၄၆)၊ Khawbung တွင် (၃၄)၊ Khuangleng တွင် (၂၅) နှင့် Zawlsei တွင် (၃) ဦး ရှိကြောင်း သိရသည်။

လောင်တလိုင်မြို့နယ်တွင်လည်း စစ်ဘေးရှောင် မိသားစု (၂၀၄) လူဦးရေအားဖြင့် ၉၀၀ ခန့် ဝင်ရောက်လာပြီး ၄င်းအထဲတွင် သက်ကြီးရွယ်အိုနဲ့ကလေးသူငယ်အများအပြားပါကြောင်း သိရသည်။

လောင်တလိုင်မြို့နယ် Sangau (1) တွင် စစ်ဘေးရှောင် (၁၃၃)၊ Sangau (2) တွင် (၁၀၆)၊ Sangau (3) တွင် (၆၁)၊ Sangau (4) တွင် (၈၃)၊ Thaltlang တွင် (၄၂)၊ Sentet Fiang တွင် (၄၁)၊ Lungtian (1-2) တွင် (၃၃)၊ South Lungpher တွင် (၅၀)၊ Bualpui တွင် (၁၃၆)၊ Lungzarhtuma တွင် (၂၀)၊ Lungzarhtum Tlangpui တွင် (၃)၊ Vawmbuk တွင် (၇၅)၊ Archhung တွင် (၅၅), Tialdawngi Lung တွင် (၄၀) နှင့် Siachangkawn တွင် (၂၂) ဦးရှိသည်။

မီဇိုရမ်ပြည်နယ်အတွင်း ထပ်ပြီးတိမ်းရှောင်လာမဲ့ စစ်ဘေးရှောင်းအများအပြားရှိနေသေးကြောင်း သတင်းရရှိပြီး လက်ရှိအခြေအနေအရ မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင် ၁၀၀၀၀ ကျော် ရှိနေပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.