Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် မူးယစ်ရမ်းကားသည့် မြန်မာနိုင်ငံသား ၇ ဦးကို CNF ထံလွှဲပြောင်းအပ်နှံ

မီဇိုရမ်တွင် မူးယစ်ရမ်းကားသည့် မြန်မာနိုင်ငံသား ၇ ဦးကို CNF ထံလွှဲပြောင်းအပ်နှံ

0
By Editor on May 14, 2025 Khonumthung

(005MK)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့တွင် အရက်သောက်ကာ မူးယစ်ရမ်းကာသည့် မြန်မာနိုင်ငံသား ၇ ဦးကို မီဇိုးလူငယ်အသင်း YMA က ဖမ်းဆီးပြီး ချင်းအမျိုးသားတပ်ဦး CNF/A တပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့သည်ဟု သိရသည်။

ကျန်ဖိုင်းမြို့ Dinthar ရပ်ကွက်တွင် စစ်ရှောင်အဖြစ်နေထိုင်သူ Bawineisuma ခေါ် Lalneihchhunga သည် မိမိ ကိုယ်ကို တော်လှန်ရေးတပ်သား ဖြစ်သည်ဟုဆိုကာ ဓားကိုင်ဆောင်ကာ လမ်းမပေါ်ရမ်းကာနေသည့်အတွက် Dinthar ရပ်ကွက် YMA က ဖမ်းဆီးခဲ့သည်ဟု မီဇိုရမ်ဒေသတွင်း သတင်းဌာနမှာ ဖော်ပြထားသည်။

Lalneihchhunga သည် ယခင်ကလည်း စစ်ဝတ်စုံများဝတ်ဆင်လေ့ရှိပြီး YMA က ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့လက်ထဲသို့ အပ်နှံကာ ရဲတပ်ဖွဲ့က ရိခေါဒါရ်မြို့မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး CNF တပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့သည်ဟု သတင်းစာက ဆိုသည်။

အလားတူ နယူးကျန်ဖိုင်းရပ်ကွက်တစ်နေရာမှာ အရက်သောက်နေကြသော စစ်ရှောင်ဟုယူဆရသည့် မြန်မာနိုင်ငံသား ၆ ဦး Vanlalrinchhana, Bawiliana, Siangthachung, KD Liana, Vanbawih နှင့် Sangbawithang တို့ကိုလည်း YMA က ဖမ်းဆီးခဲ့ပြီးနောက် ချင်းအမျိုးသားတပ်ဦး CNF ထံ လွှဲပြောင်းအပ်နှံခဲ့သည်ဟု မီဇိုရမ်သတင်းစာတွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အဆိုပါဖြစ်စဉ်မှာ မှန်ကန် ကြောင်း စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ အရေးယူဆောင်ရွက်မှုများဆက်လုပ်သွားမည်ဟု ပြောဆိုသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO/ CNDF နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.