Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် မြန်မာနိုင်ငံမှသယ်ဆောင်လာသော ရူပီး သိန်း ၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ဖမ်းမိ

မီဇိုရမ်တွင် မြန်မာနိုင်ငံမှသယ်ဆောင်လာသော ရူပီး သိန်း ၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ဖမ်းမိ

0
By Editor on June 23, 2021 Khonumthung

ချင်းပြည်နယ်နှင့်နယ်နမိတ်ချင်းထိစပ်နေသော အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် မြန်မာနိုင်ငံမှ သယ်ဆောင်လာသည့် ရူပီး သိန်း (၂၀၀) ကျော်တန်ဖိုးရှိ Methamphetamine ခေါ် မူးယစ်ဆေးဝါးကို ဇွန်လ ၂၂ ရက်နေ့ညက ဒေသတွင်းမူးယစ်တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

အလုံးရေ ၇ သောင်းကျော်ခန့်ရှိသော အဆိုပါ Methamphetamine မူးယစ်ဆေးဝါးကို မီဇိုရမ်ပြည်နယ်သား Vanlalruata ဆိုသူမှ မြန်မာနိုင်ငံမှ အိန္ဒိယ-မြန်မာနယ်စပ်ကို ဖြတ်ကျော်ကာ ဆိုင်ကယ်ဖြင့် သယ်ဆောင်လာခြင်းဖြစ်ပြီး ကျန်ဖိုင်းခရိုင် စစ်ဆေးရေးဂိတ်တွင် ရဲများက စစ်ဆေးခဲ့ရာမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းနှင့်အတူ ဆက်နွယ်သည့် လူ ၃ ဦးကိုလည်း ထပ်မှန်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ကလည်း အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင် အာသံရိုင်ဖယ်တပ်က ဖောက်ခွဲရေးတွင်အသုံးပြုသည့် ပစ္စည်းကိရိယာအမြောက်အများ အိတ် ၆၃ အိတ်၊ ကျောက်ခွဲမိုင်း ၃၇ ဖာ၊ ပြင်းအားကောင်းသည့်မိုင်း (Special Detonator) ၆ ဖာ နှင့် ဝါယာကြိုးခွေ ၄ ထုတ်အား ဖမ်းဆီးခဲ့သည်။ Rc

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အမျိုးသားတော်လှန်ရေးဆင်နွှဲမှုတွင် ရန်ပုံငွေ ထည့်ဝင်၍ ပံ့ပိုးပါဝင်ကြရန် ချင်းအမျိုးသားတပ်ဦး ထုတ်ပြန်

ဖလမ်းမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေ

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.