Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံ Crystal Meth စိတ်ကြွမူးယစ်ဆေးတစ်မျိုး ဖမ်းမိ

မီဇိုရမ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံ Crystal Meth စိတ်ကြွမူးယစ်ဆေးတစ်မျိုး ဖမ်းမိ

0
By Editor on September 23, 2023 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Hruaikawn ကျေးရွာအနီးတွင် မူးယစ်ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံသားတစ်ဦးထံ အလေးချိန် ၄ ကီလိုရှိသော Crystal Meth ဟုခေါ်သော စိတ်ကြွမူးယစ်ဆေးတစ်မျိုးကို ယမန်နေ့စက်တင်ဘာလ ၂၁ ရက်ညက ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

Crystal Meth နှင့်အတူ အဖမ်းခံရသူမှာ ချင်းပြည်နယ် ဖလမ်းမြို့နယ် Bualte ရွာသား အသက် ၃၃ နှစ်အရွယ် Lalrinzauva ဖြစ်ပြီး သူသည် Zokhawthar ကျေးရွာ Bethel စစ်ဘေးရှောင်စခန်းတွင် နေထိုင်သူဖြစ်သည်ဟု မီဇိုရမ်က Bengvarna သတင်းဌာနက ဖော်ပြသည်။

ယခုဖမ်းဆီးရမိသော Crystal Meth သည် မြန်မာနိုင်ငံမှ ၀င်ရောက်လာခြင်းဖြစ်ပြီး မီဇိုရမ်ပြည်နယ်တွင် ရောင်းချရန်မဟုတ်ပဲ အိန္ဒိယပြည်မဘက်သို့ ရောင်းချရန် နယ်စပ်မှ အိုင်ဇောလ်ဘက်သို့ သယ်လာစဉ်မှာ ကျန်ဖိုင်းခရိုင်မှာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ်တွင် အိန္ဒိယ-မြန်မာနယ်စပ်မှတဆင့် မူးယစ်ဆေး၀ါး ဘိန်းဖြူနှင့် စိတ်ကြွဆေးပြား ၀င်ရောက်မှု မြင့်တက်နေပြီး မီဇိုရမ်ပြည်နယ်အာဏာပိုင်များကလည်း နေ့တိုင်းလိုလို ဖမ်းဆီးမှုရှိနေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က Dapchhuah စစ်ဘေးရှောင်စခန်း အရေးပေါ်အကူအညီလိုအပ်နေ

စစ်ဘေးရှောင်များ သီးခြားအသင်းတော်တည်ထောင်ခွင့်မရှိဆိုသည့်အချက်အပါအဝင် လိုက်နာရမည့် စည်းမျဉ်းသစ်များ Champhai YMA ထုတ်ပြန်

ဇူလိုင် ၂၇ ရက်တွင် စစ်ကောင်စီက တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထုတ်ပြန်မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.