Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးရမိ

မီဇိုရမ်တွင် လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးရမိ

0
By Editor on May 3, 2022 Khonumthung

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ယမန်နေ့ (မေလ ၁ ရက်) က အာသံရိုင်ဖယ်နှင့် မီဇိုရမ်ရဲပူးပေါင်းတပ်ဖွဲ့တို့က အိန္ဒိယ-မြန်မ်နယ်စပ်ဘက်ကိုပို့ဆောင်မည်ဟု ယူဆရသော လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးရမိခဲ့ကြသည်ဟု သိရသည်။

အာသံရိုင်ဖယ်နှင့် မီဇိုရမ်ရဲပူးပေါင်းတပ်ဖွဲ့တို့သည် ကြိုတင်သတင်းရရှိထားချက်အရ အိုင်ဇောလ်မြို့မှ ၁၉ ကီလိုမီတာ ခန့်ဝေးသော Kelsih ကျေးရွာတွင် ယာဉ်နှစ်စီးကို ရပ်တန့်စစ်ဆေးရာတွင် နယ်စပ်ကိုတင်ပို့မည့် အဆိုပါ လက်နက်ခဲယမ်းများကို လူ ၄ ဦးနှင့်အတူ ဖမ်းဆီးခဲ့သည်ဟု မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသည့် လက်နက်ခဲယမ်းများမှာ ကီလို ၃၀၀၀ အလေးချိန်ရှိသော gelatin (မိုင်း) အချောင်း ၂၄၀၀၀၊ safety fuse box ၄ ခု (မီတာ ၂၀၀၀)၊ .22 Rifle ၅ လက်၊ 12 gauge shotgun ၃ လက်၊ ကျည်ဆံ (.177) ဖူး ၂၀၊ ယမ်းမှုန့် ကီလို ၁၀၀ နှင့် Telescope sight ၇ ခုအပြင် CDF အလံလည်း ဖမ်းဆီးရမိသည်ဟု သတင်းစာတွင် ဖော်ပြသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်ဒေသခံအမျိုးသား ၄ ဦးကိုလည်း ဖမ်းဆီးခံရပြီး Kulikawn ရဲစခန်တွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply

The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.