Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်နဲ့ မဏီပူရ်ပြည်နယ်တွင် PDF များကိုလက်နက်နဲ့ မူးယစ်ဆေးဝါများနဲ့အတူဖမ်းဆီးရမိ ဆိုတဲ့ သတင်းအမှား

မီဇိုရမ်နဲ့ မဏီပူရ်ပြည်နယ်တွင် PDF များကိုလက်နက်နဲ့ မူးယစ်ဆေးဝါများနဲ့အတူဖမ်းဆီးရမိ ဆိုတဲ့ သတင်းအမှား

0
By Editor on July 27, 2022 Khonumthung

စစ်မင်း ဆိုတဲ့ Facebook Account ကနေပြီး “မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်နဲ့ မဏိပူရ်ပြည်နယ်မှာ လက်နက်မှု ၁ မှုနဲ့ မူးယစ်ဆေးဝါးမှု ၁ မှုနဲ့အတူ တရာခံ PDF ၃ ဦးဖမ်းဆီးရမိ” လို့ ရေးသားဖော်ပြထားပါတယ်။

ဆက်လက်ပြီး “ မဏီပူရ်ပြည်နယ်မှာ AK-56 သေနတ်တစ်လက်၊ ပစ္စတို ၂ လက်နဲ့ ကျည်ဆံတွေကို ဇူလိုင်လ ၂၀ ရက်က အာသံရိုင်ဖယ်တပ်ကဖမ်းဆီးခဲ့ပါတယ်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

စစ်မင်း ဆိုတဲ့ Facebook Account မှာဖော်ပြထားတဲ့ ဓာတ်ပုံများကို Google Image Search နဲ့ရှာဖွေးတဲ့အခါ The Assam Rifles နဲ့ The Real Kashmir News Twitter အကောင့်မှာ “အိန္ဒိယနိုင်ငံ Ukhrul ခရိုင် TM Kasom ကျေးရွာအနီးတွင် တရားမဝင် ဘိန်းစိမ်း ၅ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

PDF ဖမ်းခံရတယ်လို့ဖော်ပြထားတာမရှိပါဘူး။

The Assam Rifles
ASSAM RIFLES RECOVERS ILLEGAL OPIUM IN MANIPUR Shangshak Battalion of #AssamRifles, on 19 Jul 22, recovered 5 Kgs of illegal opium worth Rs 5 lakhs near to TM Kasom Village, Ukhrul District. Manipur. @adgpi@HMOIndia
Link>>> https://bit.ly/3cJmIM4

The Real Kashmir News
Manipur: On 19th July 22, Assam Rifles recovered 5 Kgs of illegal opium worth Rs 5 lakhs from TM Kasom Village, Ukhrul District.
Link>>> https://bit.ly/3orRrzH

စစ်မင်းအကောင့်မှာရေးသားဖော်ပြထားသလို “မဏီပူရ်ပြည်နယ်မှာ AK-56 သေနတ်တစ်လက်၊ ပစ္စတို ၂ လက်နဲ့ ကျည်ဆံတွေကို ဇူလိုင်လ ၂၀ ရက်က အာသံရိုင်ဖယ်တပ်ကဖမ်းဆီးခဲ့ပါတယ်။” ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး သတင်းဓာတ်ပုံကို Google Image Search နဲ့ရှာဖွေးတဲ့အခါ Northeasttoday မှာတင်ထားတာက “အာသံရိုင်ဖယ်လုံလဲ့တပ်ရင်းမှ လက်နက်ခဲယမ်းမီးကျောက်များကို ကြာသပတေးနေ့တွင် လောင်တလိုင်းခရိုင်မှ သိမ်းဆည်းရမိခဲ့သည်။

တိကျသောထည့်သွင်းမှုများအပေါ်အခြေခံ၍ အဖွဲ့သည် Mr Lalnaola ဟုသတ်မှတ်ခံထားရသည့်စွပ်စွဲခံရသူ၏နေအိမ်တွင်ရှာဖွေရေးလုပ်ဆောင်ခဲ့သည်။ စီးနင်းမှုအတွင်း အရံတပ်ဖွဲ့မှ ရိုင်ဖယ် ၃ လက် ဖြစ်သော ၀.၃၂ မမ ၁ နှင့် ၀.၂၂ နှစ်လက်၊ သေနတ်တစ်လက်၊ 0.22 ပစ္စတို နှစ်လက်၊ ပစ္စတို မဂ္ဂဇင်း လေးခု၊ 0.22 ပစ္စတို ၁၀ တောင့် သိမ်းဆည်းမိသည်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ PDFကို လက်နက်နဲ့တကွဖမ်းခံရတယ်လို့ဖော်ပြထားတာမရှိပါဘူး။

Northeasttoday
In a major crackdown, the Lunglei Battalion of Assam Rifles alongwith Mizoram Police has impounded a large stash of arms & ammunition on Thursday from Lawngtlai District.

Based on specific inputs, the team conducted a search operation at the residence of an accused, identified as – Mr Lalnaola.
During the raid, the paramilitary troop recovered three rifles – one 0.32 and two 0.22; one bore gun; two 0.22 Pistols, four pistol magazines, 10 cut barrels of 0.22 pistols.

Taking to Twitter, the official account of the paramilitary troop wrote “ASSAM RIFLES RECOVERS ARMS AND AMMUNITION IN MIZORAM Lunglei Battalion of #AssamRifles, on 21 Jun 2022, recovered two Pistols, four rounds of ammunition, six cut barrels of pistol in Lawngtalai District, #Mizoram.”

Link>>> https://bit.ly/3PQI3RY

ဒါကြောင့် စစ်မင်းဆိုတဲ့ Facebook Account မှာရေးသားဖော်ပြထားသလို “မီဇိုရမ်နဲ့ မဏီပူရ်ပြည်နယ်တွင် PDF များကိုလက်နက်နဲ့ မူးယစ်ဆေးဝါများနဲ့အတူဖမ်းဆီးရမိ” ဆိုတဲ့သတင်းဟာ သတင်းအမှားတစ်ပုဒ်သာဖြစ်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.