Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ်က ချင်းစစ်ဘေးရှောင်များအရေး အမေရိကန်ပြည်ထောင်စုတွင် ဆွေးနွေးမည်

မီဇိုရမ်ပြည်နယ်က ချင်းစစ်ဘေးရှောင်များအရေး အမေရိကန်ပြည်ထောင်စုတွင် ဆွေးနွေးမည်

0
By Editor on June 21, 2023 Headline

(03PT)

အမေရိကန်ပြည်ထောင်စု မေရီလဲန်းပြည်နယ်အခြေစိုက် Chin Association of Maryland က လာမည့်ဇွန်လ ၂၇ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်ရှိ ချင်းစစ်ဘေးရှောင်များအရေးနှင့်ပတ်သက်သော အစီရင်ခံစာထုတ်ပြန်ခြင်းနှင့်အတူ ဆွေးနွေးပွဲတရပ် ကျင်းပပြုလုပ်မည်ဟု သိရသည်။

ဇွန်လ ၂၇ ရက် နေ့လည် ၂ နာရီမှ ၃ နာရီခွဲအထိ ဝါရှင်တန်ဒီစီ Open Society Foundations မှာ ယင်းအစီစဉ်ကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး Chin Association of Maryland ၏ “အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ ချင်းဒုက္ခသည်များ- ဒုက္ခသည်များကို ကူညီပေးခြင်းနှင့် ၎င်းတို့အား ကြိုဆိုနေသည့် ဒေသခံအသိုင်းအဝိုင်းများကို ပံ့ပိုးပေးခြင်း” ဆိုသည့် အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးကြမည်ဟု ဇွန်လ ၁၄ ရက်နေ့က Chin Association of Maryland က ထုတ်ပြန်သည်။

Chin Association of Maryland မှ Reverend Tim Siemens, CAM Board Chairman, Matthew Wilch, Advisor နှင့် Zo Tum Hmung, Executive Director တို့သည် ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ အိန္ဒိယနိုင်ငံ နယူးဒေလီနှင့် မီဇိုရမ်ပြည်နယ်သို့ သွားရောက်ကာ ချင်းနှင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များ၏ အခြေအနေကို အကဲဖြတ်လေ့လာခဲ့ ကြပြီး ယခုထုတ်ပြန်မည့်အစီရင်ခံစာသည် ခရီးစဉ်မှ အဓိက တွေ့ရှိချက်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းရန်အတွက် အကြံပြုချက်များကို တင်ပြထားသည်ဟုဆိုသည်။

“မီဇိုရမ်ပြည်နယ်အစိုးရ၊ NGO တွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေက ချင်းတွေနဲ့ တခြားဒုက္ခသည်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတာကို တွေ့ခဲ့ရပါတယ်” ဟု CAM အကြံပေးနှင့် အစီရင်ခံစာ ရေးသားသူ Matthew Wilch က ပြောသည်။

“ဒါပေမယ့် ဒုက္ခသည်တွေနဲ့ သူတို့ကို ကြိုဆိုတဲ့အသိုင်းအဝိုင်းတွေက နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကူအညီကိုလည်း လိုအပ်နေပါတယ်” ဟု Matthew Wilch က ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်ငြိမ်မှု၊ စစ်ရေးပဋိပက္ခနှင့် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်မှုရန်မှလွတ်မြောက်ရန် မြန်မာနိုင်ငံသားအမြောက်အများသည် အိမ်နီးချင်းအိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခို လုံခဲ့ကြရသည်။

အိန္ဒိယနိုင်ငံတွင် မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံသားများ အထူးသဖြင့် ချင်းလူမျိုးများ ထွက်ပြေးခိုလုံမှုအများဆုံး ပြည်နယ်ဖြစ်ပြီး မီဇိုရမ်ပြည်နယ်အစိုးရ၏ စာရင်းအရ မီဇိုရမ်ပြည်နယ်တစ်ခုတည်းတွင် လူဦးရေ ၃၀၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ခိုလုံနေကြရသည်ဟုဆိုသည်။

အိန္ဒိယနိုင်ငံသို့ထွက်ပြေးခိုလုံခဲ့ကြသည့် မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများသည် လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းလို နိုင်ငံတကာအဖွဲ့အစည်းများကလည်း အကူအညီများပေးအပ်သင့်သည်ဟု CAM အမှုဆောင်ဒါရိုက်တာ Pu Zo Tum Hmung က ပြောသည်။

“ဒုက္ခသည်တွေအတွက် အကာအကွယ်နဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ ပိုလိုအပ်တယ်။ UNHCR၊ UNICEF၊ WFP နှင့် အခြားသော သက်ဆိုင်ရာ UN အေဂျင်စီများ အပါအဝင် ကုလသမဂ္ဂ အေဂျင်စီများအနေနဲ့ ယင်းကိစ္စကို ကူညီဖြေရှင်းပေးနိုင်ပါလိမ့်မယ်” ဟု Pu Zo Tum Hmung က ပြောကြားခဲ့သည်။

“တစ်ဖက်မှာလည်း ချင်းပြည်နယ်နဲ့ အနီးနား စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးတွေမှာ ပြည်တွင်းနေရပ်စွန့်ခွာသူ တစ်သန်းကျော်ဟာ သူတို့ကို အကာအကွယ်ပေးဖို့နဲ့ သူတို့ရဲ့ ဆိုးရွားလှတဲ့ လူသားချင်းစာနာမှု လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အိန္ဒိယ-မြန်မာ နယ်စပ်ကို ဖြတ်ကျော်ပြီး အကူအညီတွေ ရယူသင့်တယ်” ဟု ၎င်းကဆက်ပြောသည်။

ယခုထုတ်ပြန်မည့် အစီရင်ခံစာသည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် Chin Association of Maryland ၏ စတုတ္ထမြောက် အစီရင်ခံစာဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.