Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များကို Adventist Development and Relief Agency က ကူညီမည်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များကို Adventist Development and Relief Agency က ကူညီမည်

0
By Editor on March 23, 2023 Headline

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခိုလုံလာကြသော မြန်မာစစ်ဘေးရှောင်များကို နိုင်ငံတကာ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Adventist Development and Relief Agency က အကူအညီများ ပေးအပ်သွားမည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ DC အစည်းအဝေးခန်းမတွင် ယနေ့မတ်လ ၂၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီမှာ မြန်မာစစ် ဘေးရှောင်များအား ကူညီထောက်ပံ့မည့်စီမံကိန်း ‘Protection and Humanitarian Assistance to new arrivals from Myanmar in Mizoram 2023’ ကို Adventist Development and Relief Agency အဖွဲ့နှင့် Champhai District Level Committee on Myanmar Refugees မှ တာဝန်ရှိပုဂ္ဂိုလ်များက ဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်ပြည်နယ်အစိုးရ ပြန်ကြားရေးဌာနကထုတ်ပြန်သည်။

Adventist Development and Relief Agency သည် မီဇိုရမ်ပြည်နယ်တောင်ပိုင်း ခရိုင် ၄ ခုတွင် စစ်ဘေးရှောင်ကူညီရေး အစီစဉ်များကို ယမန်နှစ်က စတင်ခဲ့ပြီးနောက် ယခုနှစ်တွင် အဆိုပါ ခရိုင် ၄ ခုအပြင် ကျန်ဖိုင်းနှင့် အိုင်ဇောလ်ခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောများအား ကူညီထောက်ပံ့မည့်စီမံကိန်းကို စတင်မည်ဟုဆိုသည်။

ယင်းစီမံကိန်းတွင် စစ်ဘေးရှောင်များအား ရိက္ခာထောက်ပံ့ခြင်းနှင့် ၎င်းတို့၏နေ့စဉ်လိုအပ်ချက်များဖြည့်ဆည်းပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျောင်းနေရွယ်ကလေးငယ်များ၏ လိုအပ်ချက်များဖြည့်ဆည်းပေးခြင်းနှင့် Children Friendly Space များဖန်တီးပေးခြင်းတို့ပါဝင်မည်ဖြစ်ပြီး စီမံကိန်းကာလမှာ ၁၂ လကြာမြင့်မည်ဟု သိရသည်။

အဆိုပါဆွေးနွေးပွဲတွင်ဖော်ပြထားချက်အရ မတ်လ ၂၀ ရက်နေ့အထိ ကျန်ဖိုင်းခရိုင်အတွင်းရှိ ကျေးရွာပေါင်း ၄၇ ရွာတွင် မြန်မာစစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၁၀၂၂၆ ဦးရှိပြီး အမျိုးသား ၃၀၃၃ ဦး၊ အမျိုးသမီး ၃၂၆၄ နှင့် ကလေးငယ် ၃၉၂၉ ဦး ရှိသည်ဟု သိရသည်။

စစ်ဘေးရှောင်စခန်းစုစုပေါင်း ၃၄ ခုရှိသည့်အနက် ၁၃ ခုမှာ ၂၀၂၁ ခုနှစ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၁ ခုမှာ ၂၀၂၂ ခုနှစ်ကဆောက်လုပ်ခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ဘေးရှောင်များအနက် လူဦးရေ ၂၆၄၃ မှာ စစ်ဘေးရှောင်စခန်းတွင်နေထိုင်ကြပြီး လူဦးရေ ၇၅၈၃ တို့မှာ စခန်းပြင်ပတွင် နေထိုင်ကြသူများဖြစ်သည်ဟု သိရသည်။

ကျန်ဖိုင်းခရိုင်အတွင်းရှိ စစ်ဘေးရှောင်များ၏ ကိုယ်ရေးအချက်အလက်များအားလုံးကို မှတ်တမ်းတင်ထားပြီဖြစ်ကာ ၎င်းတို့အနက် ၉၄၈၈ ဦးထံ ဒုက္ခသည်အသိမှတ်ပြုကဒ် (Temporary ID) များထုတ်ပေးပြီဖြစ်ကာ ကျန် ၇၃၈ ဦးအတွက်လည်း ဆောင်ရွက်ပေးလျှက်ရှိသည်ဟုသိရသည်။

မီဇိုရမ်ပြည်နယ်တစ်ခုလုံးတွင် မြန်မာစစ်ဘေးရှောင် ၃ သောင်းကျော်ရှိသည်ဟု မီဇိုရမ်ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။

Adventist Development and Relief Agency အဖွဲ့သည် ကမ္ဘာတဝန်းလုံးရှိ အကူအညီလိုအပ်နေသူများအတွက် ပညာရေး၊ အသက်မွေးဝမ်းကျောင်း၊ ကျန်းမာရေး၊ အရေးပေါ်တုန့်ပြန်မှု၊ ကာကွယ်ရေးစသော လူမှုပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်ပြီး ၎င်းတို့၏ ရုံးချုပ်သည် အမေရိကန်ပြည်ထောင်စု မေရီလဲန်းပြည်နယ်မှာတည်ရှိသည်။

အိန္ဒိယနိုင်ငံတွင် ၁၉၉၂ ခုနှစ်မှာအခြေချလာပြီး ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၁၃၈ နိုင်ငံတွင် ဖြန့်ကြက်ကာ လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.