Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

0
By Editor on June 20, 2025 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်ဦးဆောင်သူများကို ဗဟိုမီဇိုးလူငယ်အသင်း (CYMA) က ယနေ့ခေါ်ယူတွေ့ဆုံ ပြီး စစ်ရှောင်အခြေအနေနှင့်ပတ် သက်၍ ဆွေးနွေးပြောဆိုခဲ့ကြသည်ဟု သိရသည်။

ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့ Central YMA ရုံးခန်းမတွင် ယနေ့မွန်းလွဲပိုင်း ၂ နာရီမှာ တွေ့ဆုံခဲ့ကြပြီး စစ်ဘေး ရှောင်များအတွက် သိသင့်သိထိုက်သောအကြောင်းအရာများကို ပြောဆိုခဲ့ကြသည်ဟု မီဇိုရမ်ဒေသတွင်းသတင်း မှာဖော်ပြထားသည်။

ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင်လူဦးရေ ၂၇၇၅၁ ဦးရှိပြီး ရပ်ကွက်၊ ကျေးရွာ အလိုက် ထုတ်ပြန်သော စည်းကမ်းသတ်မှတ်ချက်များ နှင့် အစိုးရကထုတ်ပြန်သော အမိန့်များကိုလည်း စစ်ဘေးရှောင်များ အနေဖြင့် လေးစားလိုက်နာပေးကြရန် CYMA အတွင်းရေးမှူး Prof. Malsawmliana က ပြောဆိုခဲ့သည်။

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု နှင့် ဒုစရိုက်လုပ်ငန်းများတွင်ပါဝင်ပတ်သက်သော စစ်ဘေးရှောင်များအား သက်ညှာခြင်းရှိမည်မဟုတ်ကြောင်း၊ ဥပဒေကြောင်းအရ ထိုက်သင့်သောပြစ်ဒဏ်များကျခံစေရန် အရေးယူဆောင်ရွက် သွားမည်ဟု CYMA အတွင်းရေးမှူးကသတိပေးသည်။

ထို့အပြင် အိန္ဒိယနိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိသော Adhaar Card, EPIC, Driving Licence စသည့် နိုင်ငံသား အထောက်အထားများအား ပိုင်ဆိုင်ရန်ကြိုးစားဆောင်ရွက်မှုများမပြုလုပ်ကြရန်လည်း မှာကြားခဲ့ပြီး၊ အစိုးရက ထုတ်ပေးသော စစ်ဘေးရှောင်သက်သေခံ ယာယီကတ်ပြားများကိုလည်း အကုန်ပြုလုပ်ကြရန် ပြောဆိုခဲ့သည်။

စစ်ဘေးရှောင်များသည် မိမိတို့၏ ညီအကိုများဖြစ်ကြသည့်နည်းတူ အခက် အခဲနှင့် အကူအညီများလိုအပ်သည့် အခါမျိုးတွင် CYMA က ဆက်လက်ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ စစ်ဘေးရှောင်များအား လစ်လျူရှုထားမည်မဟုတ်ကြောင်းလည်း အတွင်းရေးမှူးကပြောဆိုသည်။

ယနေ့တွေ့ဆုံမှုတွင် မီဇိုရမ်ပြည်နယ် စစ်ဘေးရှောင်စခန်းအသီးသီးက တာဝန်ရှိသူများ၊ စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အိုင်ဇောလ်မြို့တွင်ရှိနေကြသော ချင်းလွှတ်တော်ကိုယ်စားလှယ်များလည်းတက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ဗဟိုမီဇိုးလူငယ်အသင်း (CYMA) အဖွဲ့သည် မီဇိုရမ်ပြည်နယ်တွင် ဩဇာအရှိဆုံးအရပ်ဖက်အဖွဲ့အစည်းဖြစ်ပြီး မီဇိုရမ် ပြည်နယ်တွင် အစိုးရပြီးရင် ဒုတိယဩဇာအာဏာအရှိဆုံး အဖွဲ့အစည်းဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.