Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ ဇီဝသွင်ပြင်အချက်အလက်ကောက်ယူမည့်အစီစဉ် မကြခင်စတင်ဖွယ်ရှိ

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ ဇီဝသွင်ပြင်အချက်အလက်ကောက်ယူမည့်အစီစဉ် မကြခင်စတင်ဖွယ်ရှိ

0
By Editor on June 23, 2025 Headline

(005MK)

မီဇိုရမ်ပြည်နယ်တွင် ဝင်ရောက်ခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များ၏ ဇီဝသွင်ပြင်အချက်အလက် မှတ်တမ်းကောက်ယူမည့်အစီစဉ်ကို မကြာခင် စတင်နိုင်ဖွယ်ရှိသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောဆိုချက်အရ ဗဟိုအစိုးရဘက်က National Informatics Centre (NIC) မှ ကျွမ်းကျင်ပညာရှင်များသည် မီဇိုရမ်ပြည်နယ်သို့လာရောက်ပြီး ဇီဝသွင်ပြင်အချက်အလက်ကောက်ယူကြမည့် ဌာနဆိုင်ရာတာဝန်ရှိသူများကို ဇွန်လ ၂၀ ရက်နေ့က သင်တန်းပို့ချခဲ့သည်ဟု All India Radio News ကဖော်ပြပါသည်။

မီဇိုရမ်ပြည်အတွင်း ခရိုင်အသီးသီးရှိ စစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်များကို Biometric Enrolment မည်ကဲ့ သို့ဆောင်ရွက်ရမည်ကို သင်တန်းပို့ချခဲ့သည်ဟု ဖော်ပြသည်။

ယခုကိစ္စနဲ့ပတ်သက်၍ မီဇိုရမ်ပြည်ထဲ ရေးဝန်ကြီးဌာနနှင့် အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူ များသည် ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့က အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးဖြစ်သည်။

ထိုကဲ့သို့တွေ့ဆုံကြပြီးနောက် National Informatics Centre(NIC) ကျွမ်းကျင်ပညာရှင်များက ဇီဝသွင်ပြင်အချက် အလက်ကောက်ယူရာတွင် အသုံးပြုမည့် Biometric Enrolment Portal ကိုလည်း တစ်လအတွင်း အပြီးသတ်ပြင်ဆင်ခဲ့ကြသည်ဟု သိရသည်။

အိန္ဒိယဗဟိုအစိုးရသည် မြန်မာစစ်ဘေးရှောင်များအား ဇီဝသွင်ပြင်အချက် အလက်ကောက်ယူရေးကို ယခင် မီဇိုရမ်အစိုးရလက်ထက်ကတည်းက လုပ်ဆောင်ရန် စီစဉ်ခဲ့သော်လည်း ပူးဇိုးရမ်းထန်းငါဦးဆောင်တဲ့ Mizo National Front (MNF) အစိုးရက ကန့်ကွက်ခဲ့သည်။

မီဇိုရမ်ပြည်နယ်တွင် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာ ဦးဆောင်သော Zoram People Movement (ZPM) အစိုးရ တက်လာသည့်နောက်ပိုင်းတွင် ထိုအစီစဉ်ကို ပြန်လည်စတင်ရန်ဆောင်ရွက်ခဲ့ပြီး ဇီဝသွင်ပြင် အချက်အလက်များကောက်ရန် အသုံးပြုမည့် နည်းပညာ (Online Portal) သည် တရားမဝင်နိုင်ငံခြားသားများ နေရပ်ပြန်ပို့သည့် Portal ဖြစ်နေသည့်အတွက် အခြားသောနည်းပညာအသုံးပြုရန် မီဇိုရမ်အစိုးရက ပြန်လည်တိုက်တွန်းခဲ့သည်။

ယခုအခါ အိန္ဒိယဗဟိုအစိုးရဘက်က ဇီဝသွင်ပြင်အချက်အလက်များကောက်ယူရာတွင် အသုံးပြုမည့် Portal ကို ပြန်လည်ပြင်ဆင်ပြီး အသုံးပြုရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည့်အတွက် အမြန်ဆုံးစတင်လာဖွယ်ရှိသည်ဟု မီဇိုရမ်ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများကပြောသည်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်းတွင် မြန်မာနိုင်ငံသား အထူးသဖြင့် ချင်းလူမျိုးများသည် မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်ခိုလုံခဲ့ကြပြီး ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် လူဦးရေ ၃၂၄၂၉ ဦးရှိသည်ဟု မီဇိုရမ်ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.