Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်က အင်အားကြီးအရပ်ဖက်အဖွဲ့စည်း ညှိနှိုင်းရေးကော်မတီ (NGOCC) က အိန္ဒိယ-မြန်မာ နယ်စပ်အရေး အိန္ဒိယဗဟိုထံ အရေးဆိုမည်

မီဇိုရမ်ပြည်နယ်က အင်အားကြီးအရပ်ဖက်အဖွဲ့စည်း ညှိနှိုင်းရေးကော်မတီ (NGOCC) က အိန္ဒိယ-မြန်မာ နယ်စပ်အရေး အိန္ဒိယဗဟိုထံ အရေးဆိုမည်

0
By Editor on February 8, 2024 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ်က အင်အားကြီးအရပ်ဖက်အဖွဲ့အစည်းများစုပေါင်းထားသော NGO Coordination Committee (NGOCC) က အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်မည့်အစီစဉ်နှင့် လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် (FMR) အား ဖျက်သိမ်းမည့် အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်ကို ပြန်လည်သုံးသပ်ရန် တောင်းဆိုသွားမည်ဟု သိရသည်။

မီဇိုးလူငယ်များအသင်း (CYMA)၊ မီဇိုးကျောင်းသားများသမဂ္ဂ (MZP), (MSU)၊ မီဇိုးသက်ကြီးပုဂ္ဂိုလ်များအသင်း (MUP) နှင့် မီဇိုးအမျိုးသမီးများအသင်း (MHIP) စသည့် ၅ ဖွဲ့ဖြင့် စုဖွဲ့ထားသော NGOCC က နယ်စပ်အရေးနှင့်ပတ်သက်၍ ဖေဖော်၀ါရီလ ၆ ရ က်နေ့က MZP ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံပွဲတွင် အိန္ဒိယဗဟိုအစိုးရ၏ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်မည့်အစီစဉ်နှင့် နယ်စပ်တဖက် တချက်စီလွတ်လပ်စွာဖြတ်သန်းသွားလာခွင့် FMR ဖျက်သိမ်းမည့်အစီစဉ်တို့ကို ဆွေးနွေးခဲ့ကြပြီး အိန္ဒိယအစိုးရအနေဖြင့် ထိုအစီစဉ်များကို အကောင်ထည်ဖော်ဆောင်ရွက်ပါက မြန်မာဘက်ခြမ်းတွင်နေထိုင်ကြသော မျိုးနွယ်စုတူ ချင်း (ဇိုး) မျိုးနွယ်စုများနှင့် ရင်းနှီးစွာဆက်ဆံမှု၊ စည်းလုံးမှုပိုင်းကို ထိခိုက်စေနိုင်သည့်အတွက် ၎င်းတို့အနေဖြင့် မလိုလားကြောင်း NGOCC ဆိုသည်။

အဆိုပါအစီစဉ်သည် အိန္ဒိယနှင့် မြန်မာဘက်ခြမ်းတွင်နေထိုင်ကြသော ချင်း (ဇိုး) မျိုးနွယ်စုများအား ပိုင်းခြားစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုယူဆရကြောင်း၊ မိမိတို့ မျိုးနွယ်စုများအကြား စည်းလုံးညီညွတ်မှုပြိုကွဲစေလာနိုင်သောကြောင့် ယင်းအစီစဉ်များကို ပြန်လည်ရုပ်သိမ်းနိုင်သည့်အထိ တိုက်တွန်းဆောင်ရွက်သွားမည်ဟု NGOCC က ဆိုသည်။

မကြာခင်ရက်ပိုင်းမှာလည်း အိန္ဒိယပြည်ထဲရေးဌာနထံ စာချွန်လွှာ (Memorandum) ပေးပို့ သွားမည်ဖြစ်ကြောင်း၊ မီဇိုရမ်ပြည်နယ်အစိုးရအပါအ၀င် အဆိုပါအစီစဉ်ကြောင့် သက်ရောက်မှုရှိနိုင်မည့် အိမ်နီးချင်း ပြည်နယ်များနှင့်လည်း လက်တွဲဆောင်ရွက်သွားကြရန် ဆုံးဖြတ်ခဲ့ကြသည်ဟု NGOCC က ပြောသည်။

အိန္ဒိယဗဟိုအစိုးရသည် အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာသွားလာခွင့် Free Movement Regime အစီအစဉ်ကို ၁၉၇၀ ခုနှစ်များအတွင်း ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေအရ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ရှိ ဒေသခံများအနေဖြင့် တဘက်တချက်စီ၏ နိုင်ငံအတွင်းကို ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ အတားအဆီးမရှိ ဝင်ရောက် သွားလာခွင့်ပြုထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် ထိစပ်နေသော မီဇိုရမ်အပါအ၀င် အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသ ပြည်နယ် ၄ ခုက ဒေသခံများအနေဖြင့် Free Movement Regime ဟုခေါ်သော နှစ်ပေါင်း ၄၀ ကျော် အတားအဆီးမရှိ နယ်စပ်ကို ဖြတ်သန်းသွားလာခွင့်ရှိခဲ့သည့် အစဉ်အလာကိုဖျက်ပြီး နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ရန် အိန္ဒိယဗဟိုအစိုးရက စီစဉ်လာခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.