Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်တစ်ခုလုံး မေလ ၁၇ ရက်နေ့ထိ Total Lockdown ချမှတ်

မီဇိုရမ်ပြည်နယ်တစ်ခုလုံး မေလ ၁၇ ရက်နေ့ထိ Total Lockdown ချမှတ်

0
By Editor on May 8, 2021 Khonumthung

ရစ်ချက် – ချင်းပြည်နယ်နဲ့နယ်နိမိတ်ချင်းထိစပ်နေပြီး မြန်မာစစ်ဘေးရှောင်ထောင်နဲ့ချီ ထွက်ပြေးဝင်ရောက်ခိုလှုံနေသည့် မီဇိုရမ် ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ဒုတိယလှိုင်း အရှိုန်အဟုန်မြင့်တက်လာမှုကြောင့် မေလ ၁၇ ရက်နေ့အထိ တပြည်နယ်လုံးကို Total Lockdown အဖြစ် ချမှတ်လိုက်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုး ဒုတိယလှိုင်း မြင့်တက်လာမှုကြောင့် အဆိုပါ ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်သည့်အနေဖြင့် မီဇိုရမ်ပြည်နယ် မြို့နယ်အချို့တွင် သုံးပတ်ခန့် Lockdown ချထားသော်လည်း ရောဂါကူးစက်မှုအရှိုန် မလျော့သည့် အပြင် ပို၍တိုးလာသောကြောင့် ယခုလို တပြည်နယ်လုံး Total Lockdown ချမှတ်လိုက်ရခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် မေလ ၈ ရက်နေ့မနက်က မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ လူနာသစ် တစ်ရက်အတွင်း ၂၃၅ ဦးရှိပြီး ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ်တွင် တစ်ရက်ကို ပျမ်းမျှအားဖြင့် လူနာသစ် ၁၀၀ မှ ၂၀၀ အကြား နေ့စဉ်ပုံမှန် ရှိနေကြောင်း သိရသည်။

မေလ ၈ ရက်နေ့မနက် ထုတ်ပြန်ချက်အရ မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ကုသဆဲလူနာ ၁၉၀၆ ဦး ရှိနေကြောင်းနှင့် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၇ ဦး ရှိနေပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.