Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင် ၄ သောင်းကျော်ရှိ၊ ဇီဝအချက်အလက်ကောက်ယူရန် ဗဟိုအစိုးရနှင့် ညှိနှိုင်းလျှက်ရှိ

မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင် ၄ သောင်းကျော်ရှိ၊ ဇီဝအချက်အလက်ကောက်ယူရန် ဗဟိုအစိုးရနှင့် ညှိနှိုင်းလျှက်ရှိ

0
By Editor on March 17, 2025 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ်တွင် မြန်မာအပါအဝင်အိမ်နီးချင်းနိုင်ငံမှ ဝင်ရောက်လာသော စစ်ဘေးရှောင် ၄ သောင်းကျော်ရှိပြီး ဇီဝအချက်အလက်များကောက်ယူနိုင်ရေးအတွက် ဗဟိုအစိုးရနှင့် ညှိနှိုင်းလျှက်ရှိကြောင်း မီဇိုရမ်ပြည်နယ် ပြည်ထဲရေး ဝန်ကြီးက ယနေ့ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် အသိပေးပြောဆိုသည်။

ယနေ့မတ်လ ၁၇ ရက်နေ့တွင်ကျင်းပသော ၉ ကြိမ်မြောက် မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် စစ်ဘေး ရှောင်အခြေအနေ နှင့်ပတ်သက်၍ MPCC လွှတ်တော်အမတ် Pu C. Ngunglianchunga က မေးမြန်းရာမှာ ပြည်ထဲ ရေးဝန်ကြီး Pu K. Sapdanga က အသိပေးလာခြင်းဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ နောက်ဆုံးရရှိထားသောစာရင်းအရ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃၃၅၀၅ ဦး၊ ဘဂ်လားဒေရှ့်စစ်ဘေးရှောင် ၂၂၁၇ နှင့် မဏိပူရ်ပြည်နယ်က စစ်ဘေးရှောင် ၂၆၃၃ ဦး စုစုပေါင်း ၄၁၃၅၅ ဦးရှိသည်ဟု ဆိုသည်။

စစ်ဘေးရှောင်များအားလုံးကို ဇီဝအချက်အလက်(Biometric Data) ကောက် ယူနိုင်ရေးအတွက် ဗဟိုအစိုးရ ပြည်ထဲ ရေးဝန်ကြီးဌာနနှင့် ဆက်လက်ညှိနှိုင်းလျက်ရှိပြီး ဇီဝအချက်အလက်ကောက်ယူရာတွင် အသုံးပြုမည့် နည်းပညာပိုင်း အဆင်သင့်မဖြစ်သေးသည့်အတွက် ယနေ့ချိန်ထိကောက်ယူနိုင်ခြင်းမရှိသေး ကြောင်း ဝန်ကြီးကပြောသည်။

မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်များ၏ လူဦးရေအခြေအနေမှန်ကို အတိ အကျသိရှိနိုင်ရန်ခက်ခဲပြီး နယ်စပ်မှတဆင့် နေ့စဉ်နှင့်အမျှ ဝင်/ထွက်သူများရှိနေသည့်အတွက် အရေအတွက်မှာ နာရီနှင့်အမျှပြောင်းလဲနိုင်သည်ဟု ပြည်ထဲရေး ဝန်ကြီးက ပြောသည်။

စစ်ဘေးရှောင်များထဲတွင် အမှန်တကယ်ဒုက္ခရောက်နေသူ နေအိမ်များမီးရှို့ခံရ၍ အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့် ဝင်ရောက်လာသူများရှိသည့်နည်းတူ တချို့မှာလည်း ဒေသခံပြည်သူ နှင့် အစိုးရအတွက် အနှောက်အယှက်ပြုနေသူ များလည်းရှိနေသောကြောင့် စစ်ဘေးရှောင်များ ကိုင်တွယ်ဖြေရှင်းနိုင်မည့်နည်းလမ်းများကို အစိုးရက စီစဉ်ဆောင် ရွက်နေသည်ဟု ပြည်ထဲရေးဝန်ကြီးကပြောသည်။

ပြည်နယ်အစိုးရကဖွဲ့စည်းထားသော High Level Committee on Indigenous Displaced People အနေနှင့်လည်း စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ ၂ ကြိမ်တိုင်တိုင်အစည်းအဝေးကျင်းပပြုလုပ်ပြီဖြစ်ကာ ယင်းကော်မတီအောက် တွင် ခရိုင်အသီးသီးက စစ်ဘေးရှောင်များအခြေအနေမှန်စောင့်ကြည့်လေ့လာမည့် အဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်မှ မြန်မာနယ်စပ်အထိ ရထားလမ်းဖောက်မည့်စီမံကိန်း ပဏာမစစ်တမ်းကောက်ယူမှု ပြီစီးပြီဟုဆို

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းနိုင်ခြင်းကို ဂုဏ်ယူကြောင်း ချင်းပြည်လွှတ်တော် သဝဏ်လွှာပို့

PDF-Zoland ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၇)အတွက် သင်တန်းသူ/သားများ လက်ခံနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.