Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေး၀ါးမှုဖြင့် အဖမ်းခံရသူ ၃၈၀ ကျော်မှာ မြန်မာနိုင်ငံသား ၅၀ ကျော်ပါ၀င်

မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေး၀ါးမှုဖြင့် အဖမ်းခံရသူ ၃၈၀ ကျော်မှာ မြန်မာနိုင်ငံသား ၅၀ ကျော်ပါ၀င်

0
By Editor on January 30, 2024 Khonumthung

(005MK)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်အတွင်း မူးယစ်ဆေး၀ါးမှုဖြင့် အဖမ်းခံရသူ ၃၈၀ ကျော်ထဲတွင် မြန်မာနိုင်ငံသား ၅၀ ကျော် ပါ၀င်သည်ဟု မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။

မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ ၂၀၂၃ ခုနှစ်အတွင်း မီဇိုရမ်ပြည်နယ်ထဲတွင် မူးယစ်ဆေး၀ါမျိုးစုံ ကာလတန်ဖိုး ရူပီးသိန်း ၅၀၀၀ နီးပါးခန့် ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ မူးယစ်ဆေး၀ါးများနှင့် ပတ်သက်ဆက်နွယ်သူ အယောက် ၃၈၅ ဦးကို ဖမ်းဆီးခဲ့သည့်အနက် မြန်မာနိုင်ငံသား ၅၅ ယောက် ပါ၀င်သည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်ထဲမှာ ဘိန်းဖြူ ၆၈.၀၅၅ ကီလိုဂရမ်၊ Methamphetamine စိတ်ကြွ ဆေးပြား ၁၅၄.၁၇၂ ကီလိုဂရမ်၊ Crystal Meth ၄၉.၀၀၅ ကီလိုဂရမ်၊ ဆေးခြောက် ၁၁၂.၉၄၃ ကီလိုဂရမ်၊ Pseud oephedrine ၂၁၀.၇၂ ကီလိုဂရမ်၊ ဘိန်း ၄.၉၁၈ ကီလိုဂရမ်နှင့် Codeine ချောင်းဆိုးပျောက်ဆေး ၁၁၂ ဖူးတို့ ဖမ်းဆီးရမိ ခဲ့သည်ဟု သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသော မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံမှတဆင့် အိန္ဒိယပြည်မဘက်သို့ မူးယစ်ဆေး၀ါး သယ်ယူပို့ဆောင်ရာတွင် အဓိကလမ်းကြောင်းအဖြစ် အသုံးပြုရာဒေသဖြစ်သည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့် နောက်ပိုင်းတွင် အိန္ဒိယ-မြန်မာ နယ်စပ်လမ်းကြောင်းကတဆင့် မီဇိုရမ်ပြည်နယ်ထဲသို့ မူးယစ်ဆေး၀ါး အထူးသဖြင့် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြား တင်သွင်းမှုပိုမိုများလာပြီး ၂၀၂၃ ခုနှစ်သည် မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေး၀ါးဖမ်းဆီးမှု စံချိန်တင်မြင့်တက်သည့်နှစ်လည်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.