Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၁၅၀၀ ခန့် ထပ်မံဝင်ရောက်

မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၁၅၀၀ ခန့် ထပ်မံဝင်ရောက်

0
By Editor on July 29, 2024 Headline

(005MK)

မီဇိုရမ်ပြည်နယ် ခရိုင် ၅ ခုထဲတွင် မြန်မာနိုင်ငံက စစ်ဘေးရှောင် ၁၅၀၀ ခန့် ယခုရက်ပိုင်းအတွင်း ထပ်မံဝင်ရောက်လာပြီးနောက် လက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃၅၀၀၀ ကျော်ရှိသွားပြီဟု သိရသည်။

ယခုရက်ပိုင်း မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်လာသည့် မြန်မာစစ်ဘေးရှောင်များသည် ကျန်ဖိုင်းခရိုင်ထဲတွင် အများဆုံးဖြစ်ပြီး လူဦးရေ ၁၂၉၃ ဦးရှိသည်ဟု သိရသည်။

ကျန်ဖိုင်းခရိုင်တောင်ဖက် East Tuipui ကျေးရွာတာဝန်ရှိသူများ၏ ပြောဆိုချက်အရ စစ်ဘေးရှောင်များသည် တခါတည်း အလုံးအရင်းဖြင့်ဝင်ရောက်လာခြင်းမျိုးမဟုတ်ဘဲ နည်းနည်းချင်းစီ ဝင်ရောက်လာနေသည်ဟုသိရကြောင်း All India Radio News က ဖော်ပြသည်။

ကျန်ဖိုင်းခရိုင်အပြင် လောင်တလိုင်ခရိုင်ထဲတွင် လူဦးရေ ၁၀၈ ဦး၊ ရှာဟာခရိုင်ထဲတွင် လူဦးရေ ၇၇ ဦး၊ Serchhip ခရိုင်ထဲတွင် ၁၄ ဦးနှင့် အိုင်ဇောလ်ခရိုင်ထဲတွင် တစ်ဦးဝင်ရောက်လာကြသည်ဟု ဖော်ပြသည်။

ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်ဘက်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်လာသောကြောင့် စစ်ဘေးရှောင်များ ပြန်လည်တိုးလာခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

လက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူလူဦးရေ ၃၅၁၂၅ ရှိနေပြီး ၁၇၀၀၄ ဦးတို့မှာ စစ်ဘေးရှောင်စခန်း ၁၃၃ ခုတွင် နေထိုင်ကြပြီး ကျန်လူဦးရေ ၁၈၁၂၁ တို့မှာ ရပ်ကွက်၊ ကျေးရွာထဲ အိမ်ငှါး (သို့မဟုတ်) ဆွေမျိုး၊ အသိမိတ်ဆွေများထံ နေထိုင်ကြရသည်ဟု သိရသည်။

တချိန်းတည်းမှာပဲ ဘဂ်လားဒေရှ့်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသမှ ထွက်ပြေးတိမ်းရှောင်လာကြသော ချင်းမျိုးနွယ်စုများမှာ လူဦးရေ ၂၀၀၀ ကျော်ရှိပြီး လောင်တလိုင်ခရိုင်ထဲတွင် နေထိုင်ကြသည်ဟု သိရသည်။

မဏိပူရ်ပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်များမှာ ယခုလက်ရှိတွင် လူဦးရေ ၄၀၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.